မြန်မာနိုင်ငံ- ငလျင်လှုပ်ပြီး ခြောက်လအကြာ

မြန်မာနိုင်ငံ- ငလျင်လှုပ်ပြီး ခြောက်လအကြာမှာ ရေကောင်းရေသန့်ရရှိရေးဟာ အပြင်းအထန်ခံခဲ့တဲ့ ရပ်ရွာတွေအတွက် အသက်သွေးကြောအဖြစ် ကျန်ရှိနေဆဲလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကဆို

မြန်မာနိုင်ငံ- ငလျင်လှုပ်ပြီး ခြောက်လအကြာမှာ ရေကောင်းရေသန့်ရရှိရေးဟာ အပြင်းအထန်ခံခဲ့တဲ့ ရပ်ရွာတွေအတွက် အသက်သွေးကြောအဖြစ် ကျန်ရှိနေဆဲလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကဆို

စက်တင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှာ ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ခြောက်လအကြာမှာဘေးကင်းတဲ့ရေရရှိရေးဟာ ငလျင်ဘေးဒုက္ခသည်တွေအတွက် အရေးတကြီးနဲ့အမြဲတစေ စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)ကစက်တင်ဘာ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ အဆိုပါ သဘာဝဘေးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူပေါင်း ၄.၃ သန်းခန့် ရေသန့်နဲ့ မိလ္လာဆိုင်ရာအကူအညီတွေ လိုအပ်နေခဲ့ပြီး အများအပြားဟာ ၎င်းတို့ရဲ့နေ့စဉ်လိုအပ်ချက်အတွက် ဘေးကင်းတဲ့အရင်းအမြစ်တွေကို မှီခိုအားထားနေရတာ်လို့ခန့်မှန်းရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာအဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသတစ်ခုဖြစ်ပြီး လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာ ဘေးကင်းတဲ့ သောက်သုံးရေကို သုံးစွဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။ “ရေတိုင်ကီတွေ ကျိုးသွားတဲ့အတွက် ကန်ကို အားကိုးပြီး အဲဒီရေကို သောက်ရတယ်” လို့မန္တလေးတိုင်း ညောင်ပင်သာကျေးရွာက ဒေသခံ ဦးငြိမ်းမောင်က ပြောပါတယ်။ “တချို့နေရာတွေမှာ လုံလောက်တယ်၊ တချို့က ဘာမှမရှိဘူး၊ လူတိုင်းအတွက် ရေမလုံလောက်ဘူး"လို့သူကဆက်ပြောပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကနေ ယာယီအမိုးအကာတွေအဖြစ် လူတွေပြည့်ကျပ်နေတဲ့ နေရာတွေအဖစြ်ကိုပြောင်းသွားပြီးနေ့စဉ်ဘဝမှာ အခြေခံဝန်ဆောင်မှုတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်မှုနဲ့အတူ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်နဲ့ ညောင်ပင်သာကျေးရွာတို့လို ဘေးသင့်ဒေသတွေမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကအရေးပေါ်သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့ပြီးရေရရှိမှု မရှိတဲ့ ရပ်ရွာတွေအတွက် ကယ်ဆယ်ရေးစခန်းတွေမှာမရှိမဖြစ်လိုအပ်တဲ့ရေအရင်းအမြစ်ကို ပံ့ပိုးပေးခဲ့ပါတယ်။ (more…)
Read More