မြန်မာနိုင်ငံ အင်းလေးကန်ဒေသ

ILO သည် မြန်မာနိုင်ငံ အင်းလေးကန်ဒေသတွင် ငလျင်ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီရန် အရေးပေါ် ငွေကြေးထောက်ပံ့မှု ပဏာမခြေလှမ်းကို စတင်

ILO သည် မြန်မာနိုင်ငံ အင်းလေးကန်ဒေသတွင် ငလျင်ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီရန် အရေးပေါ် ငွေကြေးထောက်ပံ့မှု ပဏာမခြေလှမ်းကို စတင်

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် ပြည်တွင်းလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တစ်ဝိုက်ရှိ ငလျင်ဒဏ်ခံရပ်ရွာများကို ဆောလျင်စွာ ပြန်လည်ထူထောင်ရေးအတွက် လျင်မြန်သော လုပ်အားအတွက်ငွေကြေးထောက်ပံ့မှုအစီအစဥ်ပဏာမခြေလှမ်းကို စတင်လိုက်သည်။ အဆိုပါ ပဏာမခြေလှမ်းသည် ပျက်စီးသွားသော နေအိမ်များနှင့် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အဦများ ပြန်လည်ထူထောင်ရေးတွင် အသက်ရှင်ကျန်ရစ်သူများအား ချက်ခြင်း၀င်ငွေပံ့ပိုးပေးပါသည်ဟု ILO ကမေလ ၂၉ရက်နေ့တွင်ထုတ်ပြန်သည်။ ILO ဆက်ဆံရေးအရာရှိ Yutong Liu ၊ Partnership Development and Resource Mobilization အကြီးတန်းအကြံပေး Oktavianto Pasaribu နှင့် အခြားသော ILO အရာရှိများနှင့်အတူ ILO ဆက်ဆံရေးအရာရှိ Yutong Liu မှ မေလ နောက်ဆုံးပတ်တွင် စတင်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် လက်ရှိတွင် သာလဲဦးအင်း၊ ကြာတော်နှင့် ဇယတ်ကြီးကျေးရွာများမှ ဒေသခံ အလုပ်သမား ၇၀ ခန့် ဖြင့်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ လှုပ်ရှားမှုများတွင် အပျက်အစီးများကို ဘေးကင်းစွာ ဖယ်ရှားခြင်း၊ ဆယ်ယူနိုင်သော ဆောက်လုပ်ရေးပစ္စည်းများ ပြန်လည် အသုံးပြုခြင်းနှင့် ကနဦး အိမ်ပြုပြင်ခြင်းများ ပါဝင်သည်။ ဤလုပ်ငန်းသည် ၂၀၂၅ ခုနှစ် မတ်လ ငလျင်အပြီးတွင် အိုးအိမ်များနှင့် အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးခဲ့ရသည့် လူဦးရေ ၅၀၀ ခန့်ကို တိုက်ရိုက်အကျိုးပြုရန် ရည်ရွယ်ပါသည်။ ဒါက တစ်သက်မှာ တစ်ခါပဲကြုံဖူးတဲ့ အဆိုးရွားဆုံး ဘေးဒုက္ခပါပဲ” ဟု ဇရက်ကြီးကျေးရွာတွင် နေထိုင်သူ အသက် ၅၉ နှစ်အရွယ်…
Read More