မြဝတီက ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)ကို မြန်မာဘက်ကကြိုတင်အသိမပေးဘဲပိတ်လိုက်
ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂ ကမဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို မြန်မာစစ်အစိုးရက ကြိုတင်အသိမပေးဘဲ ပိတ်ထားလိုက်တယ်လို့ Thsi Enquire သတင်းကသြဂုတ် ၁၈ရက်နှောင်းပိုင်းကဖော်ပြပါတယ်။ မော်တော်ယာဉ်နဲ့ကုန်စည်တွေအားလုံးကို ပိတ်ဆို့ထားပြီးနေပြည်တော်ကလာတဲ့အမိန့်ကြောင့်လို့ဆိုပါတယ်။ အဓိက ကုန်သွယ်မှုလမ်းကြောင်းတွေနဲ့မြဝတီကို ထိုင်းကုန်စည်တွေတင်ပို့မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ (more…)