“ရဲခေါင်ပျောက်ကြား

“ရဲခေါင်ပျောက်ကြား ချေဂွေဗားရားကျဆုံးခြင်း(၅၈)နှစ်မြောက်နေ့သို့…”

“ရဲခေါင်ပျောက်ကြား ချေဂွေဗားရားကျဆုံးခြင်း(၅၈)နှစ်မြောက်နေ့သို့…”

တောင်အမေရိကားတိုက်မှာ..ဒီနေ့(၉/၁၀/၂၀၁၇),နေ့ဟာ ရဲခေါင်ပျောက်ကြား"ဒေါက်တာအာနက်စတိုချေဂွေဗားရား"ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့အနှစ်(၅၀)ပြည့်နေ့ဖြစ်ပါတယ်။ ရဲဘော်ချေကျဆုံးခဲ့တဲ့အနှစ်(၅၀)ပြည့်အခမ်းအနားတွေကိုတခါက"ချေ"ဦးဆောင်တဲ့ကျုးဘားတော်လှန်ရေးတပ်တွေရဲ့အောင်ပွဲခံမြို့ဆန်ဒီယေးဂိုး(San Diego),...ချေမွေးဖွားရာဇာတိမြို့ဖြစ်တဲ့အာဂျင်တီးနားနိုင်ငံ"ရိုဆာတစ်"(Rosatic),...ချေဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ဘိုလီဗီးယားနိုင်ငံက"လာဟီဂွါရာ"(La Higuera),မြို့တွေနဲ့တခြားလက်တင်အမေရိကားမြို့တွေမှာပါကျင်းပပြုလုပ်ခဲ့ကြပါတယ်..။ ဒီအခမ်းအနားတွေအားလုံးဟာအစိုးရတွေကနိုင်ငံရေးအသုံးချဖို့လုပ်တဲ့"လူထုအခမ်းအနား"အမည်ခံပွဲမျိုးတွေမဟုတ်ဘဲ.."ရဲဘော်ချေ"ကိုချစ်မြတ်နိုးကြတဲ့တကဲ့ပြည်သူလူထုတွေကရင်ထဲကနှစ်နှစ်ကာကာနဲ့လာရောက်စုဝေးပြီးကျင်းပခဲ့ကြတဲ့"ချေ"ကျဆုံးတဲ့အနှစ်ငါးဆယ်ပြည့်အခမ်းအနားတွေဖြစ်ပါတယ်..ကျုဘားမှာအစိုးရအဖွဲ့ဝင်တွေကိုယ်တိုင်တက်ရောက်ခဲ့သလိုဘိုလီဗီးယားမှာလဲသမ္မတကိုယ်တိုင်တက်ရောက်လာခဲ့ပါတယ်။ ဒါဘာကြောင့်လဲ...? ကွယ်လွန်သူကဗျာဆရာ"မောင်စိမ်းနီ"စကားနဲ့ပြောရရင်တော့"ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်"ဆိုတဲ့အတိုင်းပါဘဲ.."ပြည်သူချစ်လို့ကမ္ဗည်းတင်တာ"လို့ဘဲပြောရမှာပါဘဲ..။ "ရဲဘော်ချေ"ဟာ အာရှ အာဖရိက,လက်တင်အမေရိကားမှာရှိတဲ့အဖိနှိပ်ခံပြည်သူတွေရဲ့သူရဲကောင်းဖြစ်လို့ပါဘဲ...အနှစ်ငါးဆယ်မဟုတ်ပါဘူးနောင်အနှစ်ငါးရာထိလဲကျနော်တို့ရင်ထဲမှာ.. "ရဲဘော်ချေ"ဟာ... "သံမဏိလိပ်ပြာ(သို့မဟုတ်)လက်တင်အမေရိကားကောင်ကင်ထက်ကကြယ်နီ" အဖြစ်ရှိနေဦးမှာလို့ယုံကြည်ပါတယ်..။ "ရဲခေါင်ပျောက်ကြား ချေဂွေဗားရားကျဆုံးခြင်း(၅၈)နှစ်မြောက်နေ့သို့..." ------------------------------------------------ အောက်တိုဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (၉-၁၀-၂၀၂၅) နေ့ဟာ ဘိုလီဗီးယားတောတွင်းတနေရာက "လာဟီဂွါရာ"စစ်အခြေစိုက်စခန်းမှာ ဒူးမထောက် အညံမခံ လက်နက်မချတဲ့တော်လှန်ရေးသမား "ချေဂွေဗားရား"ကိုပစ်သတ်ခဲ့ကြတာ အခုဆို (၅၈)နှစ်ပြည့်ခဲ့ပါပြီ.. နောက်တနှစ်အကြာ မှာတော့ မြန်မာပြည်က ပဲခူးရိုးမတနေရာမှာလဲ နေဝင်း-စန်းယု စစ်အုပ်စုမှ စေလွှတ်လိုက်တဲ့ကြေးစားလူသတ်သမား "ကြုံတိတ်(ခ)လုံတိတ် " ဟာ "သခင်သန်းထွန်း"ကို နောက်ကျောကသေနတ်နဲ့ပစ်သတ်ခဲ့ပြန်ပါတယ်.. (၁၉၆၇-၆၈) ခုနှစ်တွေဟာ ကမ္ဘာတဝှမ်းမှာ ဖေါက်ပြန်တဲ့အာဏာရှင်တွေက ဓနရှင် ကိုလိုနီလက်သစ်ဝါဒီတွေနဲ့ပေါင်းပြီး အဖိနှိပ်ခံပြည်သူ့လွတ်မြောက်ရေးကြိုးပမ်းနေကြတဲ့ တော်လှန်ရေးသမားခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့နှစ်တွေလဲဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့..သူတို့ရဲ့ တော်လှန်ရေးဝိညာဉ်တွေကတော့.."သတ်သော်မသေ ချေသော်မကြေ" ဒီနေ့အထိ လူထုကြားမှာ ရှင်သန်နေဆဲပါဘဲ.. ဒီကနေ့မှာလဲ..မြန်မာ့နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်းတွေကိုလဲ မြန်မာဖက်ဆစ်တပ်ဟာ နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြံသတ်ဖြတ်နေကြဆဲပါ.. (၉-၁၀-၂၀၂၅) ရဲခေါင်ပျောက်ကြား "ချေဂွေဗားရား"လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ (၅၈)နှစ်မြောက်နေ့နဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သူရဲကောင်းအာဇာနည်တွေကို တခါက စာရေးဆရာသမဂ္ဂမဂ္ဂဇင်းမှာဖေါ်ပြခဲ့တဲ့ ကျနော်ရဲ့ ဒီဆောင်းပါးလေးနဲ့ ဦးညွတ်အလေးပြုလိုက်ပါတယ်..။ (more…)
Read More