ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

ဂျီ-၂၀ နိုင်ငံအများစုက နယ်မြေကျယ်ဝန်းခြင်း၊လူဦးရေများပြားခြင်း၊သယံဇာတစုံလင်ခြင်း၊၊စီးပွားရေးတိုးတက်ခြင်း ၊ပထဝီအချက်အချာကြခြင်း စသဖြင့် ကမ္ဘာ့အင်အားကြီးဖြစ်လာဖို့တာဆူနေတဲ့နိုင်ငံများပဲဖြစ်ကြတာကိုသတိမလွတ်ကြဖို့လိုပါတယ်။ ယခင်က ပထဝီနိုင်ငံရေးနဲ့ကမ္ဘာ့အစီအစဉ်၊နိုင်ငံတစ်ကာစနစ် စတာတွေက အနောက်ဥရောပကမ္ဘာရဲ့ စနစ်တွေပဲဖြစ်နေတာပါ ပထဝီနိုင်ငံရေး သီအိုရီအယူအဆတွေက နယ်ချဲ့စနစ်အတွက်အကြောင်းပြချက်၊ရှေ့နေလိုက်ခဲ့တဲ့ အယူအဆတွေဖြစ်ခဲ့ပါတယ်။ ယခု ရှန်ဟိုင်းအုပ်စုစုစည်းမှု့က အနောက်သီအိုရီဖြစ်တဲ့ မက္ကဒါးရဲ့နုလုံးသားနယ်မြေ(Hard Land ) အယူအဆအရ ယူရိုအေးရှား ဗဟိုချက်ဒေသစုစည်းမိကြီးပဲဖြစ်နေပါတယ်။ အမေရိကန်ရဲ့ကမ္ဘာစိုးမိုးရေးသီအိုရီဖြစ်တဲ့ သေရာ မဟန်းရဲ့ ကမ္ဘာ့သမုဒ္ဒရာ၊ပင်လယ် ရေပြင်စိုးမိုးရေး မဟန်းသီအိုရီက ရှန်ဟိုင်းအုပ်စု နုလုံးသားနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့ရေးအရှိန်မြင့်တင်လာနေတာကို တောင်တရုတ်ပင်လယ်အရေးအခင်းမှာတွေ့နေရပါတယ်။ အလားတူ အိန္ဒိယသမုဒ္ဒရာ မှာ စပိုက်မင်းရဲ့ အနားသတ်နယ်မြေအယူအဆ(Rimland Theory)အရရော၊မဟန်းအယူအဆအရရော မြန်မာနိုင်ငံကမ်းရိုးတန်းများကလည်း ပက်သက်လာရပြန်ပါတယ်။ ရှန်ဟိုင်းအုပ်စုကြီးရဲ့ ပျော့ကွက်က မြန်မာကမ်းရိုးတန်းများနဲ့ ဘင်္ဂါလားဒေ့ရှ်ကမ်းရိုးတန်းများပဲဖြစ်နေပါတယ်။ဘင်္ဂါလားဒေ့ရှ်ကလည်း တရုတ်နဲ့အိန္ဒိယတို့နဲ့နီးစပ်တဲ့ ရှိတ်ဟာဆီနာဖြုတ်ချခံရပြီး ဒေါက်တာယူနွတ်တက်လာပါတယ်။ ဒေါက်တာယူနွတ်ကလည်း အိန္ဒိယသမုဒ္ဒရာ၊ဘင်္ဂါလားပင်လယ်အော်ထဲမှာ အနောက်အစီအစဉ်တွေအကောင်အထည်ဖော်ဖို့လုံးပန်းနေပါတယ်။ ဒါပေမယ့် ဘင်္ဂါလားဒေ့ရှ်စစ်တပ်က သွေးချောင်းစီးစစ်ပွဲတွေကို ဖိတ်ခေါ်နေတယ်ဆိုပြီး ဟန့်တားထားလို့ ရှုန်းကန်နေရပုံရပါတယ်။ ဒေါက်တာယူနွတ်လည်း ထောင်ခြောက်ထဲကနေသူ့ဘဝလုံခြုံရေးအတွက်ပါရှုန်းကန်နေရပုံရပါတယ်။ဂရားမင်းဘဏ်လေးနဲ့နိုဘယ်ဆုရှင်လေးနဲ့ဂုဏ်ထူးဆောင်မနေပဲကိုယ့်ကိုကိုယ်အသုံးချခံလိုက်တဲ့အကျိုးဆက်ပါပဲ။ ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ့အစီအစဉ်သစ်အထိုင်မကျမည် မိမိတို့ပြဿနာများကို အပြီးဖြေရှင်းထားကြဖို့သတိ့ပေးခဲ့ပါတယ်။ကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိ့တို့အရေးကနေ မျက်စေ့လယ်ပြီး ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင်း ၂၀၀၁ ပြည်ချစ်ဝါဒကထဲက သတိ့ပေးခဲ့ပါတယ်။ ပြည်ချစ်ဝါဒရဲ့အနှစ်ချုပ်က မြန်မာနိုင်ငံဆိုတဲ့"မြေကြီး၊မြေပုံ) တည်မြဲရေးပါ။ယခုကမ္ဘာ့အစီအစဉ်သစ်အတွက် နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှု့တွေ ပြင်းထန်စပြု့လာပါတယ်။ မြန်မာနိုင်ငံကလည်းအဆိုပါပြိုင်ပွဲထဲက အစောကြီးကထဲကဝင်ရောက်ပက်သက်နေရတာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံးခရီးစဉ်က ရုရှားနိုင်ငံ ဆိုချီအပန်းဖြေစခန်းမှာလုပ်တဲ့ပွဲကိုသွားခဲ့ရတာဖြစ်ပါတယ်။ ---------------------------------------- စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဟန်တင်တန်ရဲ့ ယဉ်ကျေးမှု့ခြင်းတိုးတိုက်မိခြင်းမှာ အိုင်ဒီရောလော်ဂျီတွေပဋိပက္ခမရှိ့တော့ဖူး၊ယဉ်ကျေးမှု့ပဋိပက္ခပဲရှိ့တော့မယ်ဆိုတဲ့ စာအုပ် ဇင်ဝေသော်ဘာသာပြန်ကိုဖတ်ရပါတယ်။ စီဗယ်လိုက်ဇေးရှင်းနဲ့ယဉ်ကျေးမှု့ မတူတဲ့သဘောနဲ့ စီဗယ်လိုက်ဇေးရှင်းမှာ ယဉ်ကျေးမှု့ကအရေးကြီးတဲ့အကြောင်းလဲ ဖတ်မှတ်ရပါတယ်။…
Read More