မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးကို လူမှောင်ခိုကူးမှုနဲ့လူတစ်ဦးကို ထိုင်းရဲက ဖမ်းဆီး
ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီခရိုင်မှာ မြန်မာနိုင်ငံဘက်ကနေတရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦးအား မှောင်ခိုသွင်းတယ်လို့စွပ်စွဲခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းကသြဂုတ် ၃၁ရက်မှာဖော်ပြပါတယ်။ Phuri Lertchaiprachim ကို ရွှေ့ပြောင်းနေထိုင်သူတွေနဲ့အတူ Dan Makham Tia မြို့မှာသြဂုတ် ၃၀ရက်က ဖမ်း ဆီးရမိခဲ့ပါတယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနခွဲမှ ရဲမှူးချုပ် Songklod Krirkkritaya ရဲ့ ပြောကြားချက်အရ အာဏာပိုင်တွေက တွမ်ကွမ်ဒိုရှိ ရွှေ့ပြောင်းလူမှောင်ခိုကွန်ရက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုရရှိပြီးနောက် ဖမ်းဆီးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူမှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ပစ်ကပ်ထရပ်ကား ၃ စီးကို ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ရဲတွေ ချဉ်းကပ်လာချိန်မှာတော့ Mitsubishi Triton ယာဉ်မောင်းက ထွက်ပြေးသွားခဲ့ပြီး Ford Ranger ယာဉ်မောင်းက ကားကို စွန့်ပစ်ပြီး တောထဲကို ထွက်ပြေးသွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦး ကျန်ခဲ့ပါတယ်။ (more…)