#လေးကေ့ကော်

အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဖက်နိုင်ငံ ထိုင်းဘက်ခြမ်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လေးကေ့ကော်ကို ကျော်ပြီး မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်အနီးရှိ သစ်တောဧရိယာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာလို့သိရပါတယ်။ (more…)
Read More