ဝင်စွက်ဖက်နေလား

နိုင်ငံခြားမီဒီယာတွေ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်နေလား။

နိုင်ငံခြားမီဒီယာတွေ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်နေလား။

ဇူလိုင်လ ၂၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ အခုနောက်ပိုင်း သတင်းမီဒီယာကြီးတွေလွှမ်းမိုးထားတဲ့ လေလှိုင်းပေါ်က နိုင်ငံရေးပတ်ဝန်းကျင်မှာ သတင်းမီဒီယာကြီးတွေဟာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ “သတင်း” လို့ခေါ်တဲ့ ပုဂ္ဂလိက အာဘော် (narrative) တွေကို လူထုကြားထဲ အလွယ်တကူဖြန့်ချီနိုင်လာတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အထောက်အကူပြုတာ၊ မပြုတာအပထား၊ သူတို့ရဲ့အာဘော်တွေကို လူထုလက်ခံဖို့က အဓိကဖြစ်နေတယ်။ လူထုရဲ့အကျိုးစီးပွားကို အထောက်အကူပြုတယ်ဆိုတဲ့ ပုံလည်းဖမ်းထားသလို လူထုကလည်း အခြားရွေးချယ်စရာမရှိတဲ့အတွက် “စစ်ကောင်စီကို ဆန့်ကျင်တဲ့” လေသံ၊ “တော်လှန်ရေးဘက်ပါတဲ့” လေသံမှန်သမျှကို အယုံလွယ်သွားကြတယ်။ ဒါပေမဲ့ ဒီသတင်းမီဒီယာကြီးတွေရဲ့ ပေါ့ဆမှုဟာ တော်လှန်ရေးရဲ့ စည်းလုံးညီညွတ်မှု၊ ကျစ်လစ်မှုအပေါ် များစွာ ဆိုးကျိုးသက်ရောက်နိုင်တယ်ဆိုတာကိုလည်း အထူးပဲ သတိထားသင့်ပါတယ်။ ဒီတော့ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ နေရာတနေရာ ကောင်းကောင်းရနေတဲ့ နိုင်ငံခြားအခြေစိုက်သတင်းမီဒီယာတွေကို အထူးပဲသတိထားဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော် ဆွေးနွေးတင်ပြသွားပါမယ်။ တလောက တက်လာတဲ့ BBC ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ပက်သက်ပြီး မရိုးသားတဲ့ခေါင်းစဉ်နဲ့ “သတင်း”လုပ်ထားတာကို ဥပမာပေးပြီး ကျွန်တော်ဆွေးနွေးပါ့မယ်။ နေ့စဉ် သာမန်အင်တာနက်သုံးစွဲနေကြတဲ့သူတွေ တော်တော်များများဟာ သတင်းစာမျက်နှာထဲက သတင်းအပြည့်အစုံကို ဖတ်လေ့မရှိတော့ပါဘူး။ မီဒီယာတွေကလည်း သတင်းကို အပြည့်အစုံမတင်ဘဲ လူထုရဲ့ခံစားချက်ကို ဆွပေးတဲ့ ခေါင်းစဉ် သို့မဟုတ် စာပိုဒ်လောက်ကိုပဲ အသားပေးပြီး လူမှုကွန်ယက်မှာ တင်ကြတာများပါတယ်။ ဖတ်ရှုတဲ့သူကလည်း အခြားလင့်တခုကို ထပ်ပြီးနှိပ်ရမှာထက် ခေါင်းစဉ်လောက်ကိုပဲကြည့်ပြီး ကောက်ချက်အမျိုးမျိုး အလွယ်တကူချလိုက်ကြတယ်။ အခု ဘီဘီစီကတင်ထားတဲ့ သတင်းမှာဆိုရင် အခြေအမြစ်မရှိတဲ့ ခေါင်းစဉ်တခုကို သေသေခြာခြာရွေးချယ်ပြီး တင်ထားတာကို တွေ့နိုင်တယ်။ ပေါ့ဆတဲ့အရေးအသားတွေနဲ့ ပြည့်နေတာကို…
Read More