ဝင်ရောက်စီးနင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုကိုလျှပ်စစ်စီးကရက် ထုတ်လုပ်တဲ့တရားမဝင် စက်ရုံအဖြစ် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံသား ၂ ဦးနဲ့မြန်မာနိုင်ငံသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ အာဏာပိုင်တွေက လျှင်စစ်စီးကရက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ တရားမဝင် ကုန်ပစ္စည်း ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဘန်ကောက်မြို့ ဘန်ခွန်တန်ခရိုင် ထခမ်းဒေသရှိ ဂိုဒေါင်ကို ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူတွေကစက်တင်ဘာ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပြီး မန်နေဂျာနဲ့အရည်အသွေးထိန်းချုပ်ရေး ဝန်ထမ်းတွေလို့ဝန်ခံခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (more…)
Read More