ဝီဂါ

ပြည်နှင်ဒဏ် ခံခဲ့ရသည့် ဝီဂါများနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ကို ထိုင်းဒုဝန်ကြီးချုပ် သွားရောက်

ပြည်နှင်ဒဏ် ခံခဲ့ရသည့် ဝီဂါများနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ကို ထိုင်းဒုဝန်ကြီးချုပ် သွားရောက်

မတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံမှ နှင်ထုတ်ခံရသော ဝီဂါ ၄၀ ၏ နေရေးထိုင်ရေးကို အကဲဖြတ်ရန် မတ်လ ၁၉ ရက်နေ့ နံနက်တွင်တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်သို့ ရောက်ရှိခဲ့သည်ဟု The Nation သတင်းကဖော်ပြသည်။ တရားရေးဝန်ကြီး Tawee Sodsong၊ အစိုးရအကြီးတန်းအရာရှိများနှင့် သတင်းထောက်များပါဝင်သော Phumtham ၏ ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၀ တွင် ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Kashgar လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Xu Datong မှ လက်ခံတွေ့ဆုံခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောသည်။ Phumtham နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယပြည်သူ့လုံခြုံရေးဝန်ကြီး Qi Yanjun နှင့် တရုတ်ကွန်မြူနစ်ပါတီဒုတိယအထွေထွေအတွင်းရေးမှူးနှင့်တွေ့ဆုံခြင်းဖြင့် ၎င်းတို့၏တာဝန်ကိုစတင်ခဲ့ကြောင်း Jirayu မှပြောကြားခဲ့သည်။ တွေ့ဆုံစဉ် တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်းနိုင်ငံမှ နှင်ထုတ်ခံရသော ဝီဂါအယောက် ၄၀ အတွက် စောင့်ရှောက်မှုများ ပေးအပ်ခြင်းအပေါ် ကိုယ်စားလှယ်အဖွဲ့အား ရှင်းလင်းပြောကြားခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် Phumtham နှင့် Tawee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Kashgar မြို့လယ်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိသော ဝီဂါလူမျိုး နေအိမ်များသို့ သွားရောက်လည်ပတ်ရန် အဖွဲ့နှစ်ဖွဲ့ ခွဲသွားမည်ဖြစ်သည်။…
Read More
အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်

အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝီဂါအယောက် ၄၀ ကို ပြည်နှင်ဒဏ်ပေးမှုတွင် ပါဝင်သော ထိုင်းအရာရှိများအားအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗီဇာကန့်သတ်ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ အပြန်အလှန် လေးစားမှုနှင့် ဗျူဟာမြောက် အကျိုးစီးပွားကို အခြေခံ၍ ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားသည်ဟုထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကမတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ (more…)
Read More
ဝီဂါများကို တရုတ်နိုင်ငံသို့ပြန်ပို့ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏လက်ရှိနှင့် ယခင်အရာရှိဟောင်းများကို အမေရိကန်အစိုးရက ဗီဇာကန့်သတ်ချက်များချမှတ်

ဝီဂါများကို တရုတ်နိုင်ငံသို့ပြန်ပို့ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏လက်ရှိနှင့် ယခင်အရာရှိဟောင်းများကို အမေရိကန်အစိုးရက ဗီဇာကန့်သတ်ချက်များချမှတ်

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝီဂါများကိုတရုတ်နိုင်ငံသို့ပြန်ပို့ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏လက်ရှိနှင့် ယခင်အရာရှိဟောင်းများကို အမေရိကန်အစိုးရက ဗီဇာကန့်သတ်ချက်များချမှတ်လိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်ကကြေညာသည်။ ကြေညာချက်၌ယနေ့တွင်၊ ဝီဂါ သို့မဟုတ် အခြားတိုင်းရင်းသား သို့မဟုတ် ဘာသာရေးအဖွဲ့များ၏ အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ အကာအကွယ်ပေးရေးကိစ္စများဖြင့် တာဝန်ရှိသော လက်ရှိ သို့မဟုတ် ယခင် နိုင်ငံခြားအစိုးရအရာရှိများအတွက် ကျင့်သုံးမည့် ဗီဇာကန့်သတ်မှု မူဝါဒအသစ်ကို ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်ဟု စတင်ဖော်ပြသည်။ (more…)
Read More