သရက်ချောင်း

သရက်ချောင်းနယ်၊ စစ်တပ်ဂိတ်နဲ့စခန်းကုန်းတခုကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် ၅ဦးသေ၊ လက်နက်ခဲယမ်းတွေသိမ်းနိုင်ခဲ့

သရက်ချောင်းနယ်၊ စစ်တပ်ဂိတ်နဲ့စခန်းကုန်းတခုကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် ၅ဦးသေ၊ လက်နက်ခဲယမ်းတွေသိမ်းနိုင်ခဲ့

ဇန်နဝါရီ ၃၀၊ ၂၀၂၅။  သောင်ရင်းသတင်းလွှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဒေသတော်လှန်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းတာဝန်ရှိသူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ မနေ့ မွန်းလွဲ ၂နာရီခန့်က စစ်အုပ်စုဂိတ်နဲ့စခန်းကုန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ၅နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၅ဦးအထက်သေ၊ ၄ဦးလက်ရဖမ်းမိထားပြီး လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်နိုက်ခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More