မြန်မာနိုင်ငံ မြေငလျင်ဇုန်မှာ ရှိနေတဲ့ အမေရိကန် အကူအညီပေးရေးအဖွဲ့ကို အလုပ်ထုတ်လိုက်ပြီလို့ အရာရှိဟောင်းကပြော
ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထရန့်အစိုးရ၏ နိုင်ငံခြားအကူအညီများ ဖျက်သိမ်းခြင်းသည် ၎င်း၏သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအပေါ် သက်ရောက်မှုရှိနေပြီးမြန်မာနိုင်ငံတွင်ငလျင်ဒဏ်မှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ကူညီပေးနေသည့်အမေရိကန် ကယ်ဆယ်ရေးလုပ်သား သုံးဦး အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အကြီးတန်း ဝန်ထမ်းဟောင်းတစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာက ဧပြီ ၅ရက်တွင်ဖော်ပြသည်။ မြန်မာနိုင်ငံသို့ အရာရှိသုံးဦးကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် လွှတ်ပေးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Marcia Wong က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ "ဒီအဖွဲ့ဟာ မယုံနိုင်လောက်အောင်ကို ကြိုးစားလုပ်ဆောင်နေပြီး လိုအပ်နေတဲ့သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေရယူဖို့ အာရုံစိုက်နေပါတယ်။အခုလိုရပ်စဲလိုက်ခြင်းက ဆုတ်ယုတ်မှုမဖြစ်နိုင်ဘူးလား" ဟု ဝါရှင်တန်၏ ရောဂါတုံ့ပြန်ရေး ကြိုးပမ်းမှုများကို နိုင်ငံရပ်ခြားတွင် ကြီးကြပ်သည့် USAID လူသားချင်းစာနာမှု အကူအညီပေးရေးဗျူရို၏ လက်ထောက်စီမံခန့်ခွဲသူဟောင်း Wong က ပြောကြားခဲ့သည်။ လူပေါင်း ၃၃၀၀ ကျော် သေဆုံးခဲ့ရသည့် ရစ်ခ်ျတာစကေး ၇.၇ ရှိသော ငလျင်ကြီး လှုပ်ခတ်အပြီးတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက မြန်မာနိုင်ငံကို အနည်းဆုံး ဒေါ်လာ ၉ သန်း ကတိပြုလိုက်သည်။ (more…)