အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ

အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားအစိုးရက ဖြိုခွင်းမှုကြောင့် မြန်မာ နိုင်ငံသားများ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိ

အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားအစိုးရက ဖြိုခွင်းမှုကြောင့် မြန်မာ နိုင်ငံသားများ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိ

ဇွန်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမား အများအပြား၏ ပြောကြားချက်အရ မလေးရှား အစိုးရက မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမားများကို ရုတ်တရတ် ဝင်ရောက် စီးနင်းမှုများ အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်ဟု The Nation သတင်းက ဇွန်လ ၂၆ရက်တွင်ဖော်ပြသည်။အဆိုပါ အလုပ်သမားများက ၎င်းတို့သည် ယခုအခါ အကြောက်တရားဖြင့် နေ့စဥ်နေထိုင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ မေလကတည်းက မလေးရှားအစိုးရသည် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ပစ်မှတ်ထား စစ်ဆင်ရေးများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မကြာခဏဆိုသလို စီးနင်းမှုများ ပြုလုပ်ကာ အထောက်အထားမရှိသူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ “ဒီလက အရမ်းဆိုးတယ်။ စီးနင်းမှုတွေ ဝင်လာမှာကို ကြောက်တဲ့အတွက် ညဘက်တွေမှာတောင် ကောင်းကောင်း အိပ်မပျော်နိုင်တော့ဘူး။ လုပ်ငန်းတွေက သူတို့ကိုယ်တိုင် လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့အတွက် အလုပ်မှာတောင် မလုံခြုံဘူး။ ဘဝက အရမ်းခက်ခဲလာတယ်” ဟု ပီနန်တွင် လက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားတဦးက ပြောသည်။ (more…)
Read More