အပူပိုင်းမုန်တိုင်း Wipha

အပူပိုင်းမုန်တိုင်း Wipha ကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မည်

အပူပိုင်းမုန်တိုင်း Wipha ကြောင့် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မည်

ဇူလိုင်လ ၂၂၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ အပူပိုင်းမုန်တိုင်း Wipha သည် ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်အလယ်ပိုင်း၊ အရှေ့နဲ့တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) အပါအဝင် ဒေသအသီးသီးမှာမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မယ်လို့ခန့်မှန်းရတယ်လို့ The Nation သတင်းက ဇူလိုင် ၂ရက်မှာဖော်ပြပါတယ်။ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့အဆိုအရ မုန်တိုင်းဟာ တုံကင်ပင်လယ်ကွေ့ကို ရွေ့လျားသွားကြောင်း သိရပါတယ်။ ညနေ ၄ နာရီအချိန်ခန့်မှာ ဗီယက်နမ်နိုင်ငံ Thai Binh ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာမှာတည်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၈၅ ကီလိုမီတာ ရှိကြောင်း သိရပါတယ်။ မုန်တိုင်းဟာလက်ရှိမှာတော့အနောက်-အနောက်တောင်ဘက်ကို တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းနဲ့ရွေ့လျားနေပြီး ဇူလိုင် ၂၂ ရက်မှာဗီယက်နမ်နိုင်ငံ Thai Binh ကုန်းတွင်းပိုင်းကို၀င်ရောက်ပြီး အပူပိုင်းလေဖိအားနည်းရပ်ဝန်းမှ အားပျော့သွားပြီး ထို့နောက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်သို့ ရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ (more…)
Read More