အလုပ်အကိုင်

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ဧပြီလ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်အကိုင် ကမ်းလှမ်းမှုများကို လက်ခံခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက ၎င်း၏နိုင်ငံသားများအား ပြင်းထန်သောသတိပေးချက် ထုတ်ပြန်ထားပြီး လူကုန်ကူးမှု များပြားလာခြင်းနှင့် ရာဇ၀တ်ဂိုဏ်းများအောက်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများ တိုးလာနေခြင်းကို ကိုးကား၍ ထုတ်ပြန်ထားသည်ဟု Jakatar Globe သတင်းကဧပြီ ၁၈ရက်တွင်ဖေါ်ပြသည် ။ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးဝန်ကြီး Abdul Kadir Karding က အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် အလုပ်အကိုင်ကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရသည့်အခါတွင် အလုပ်ရှာဖွေသူများကို အထူးသတိထားရန် တိုက်တွန်းထားသည်။ (more…)
Read More