အလွတ်သဘော တွေ့ဆုံ

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေအလွတ်သဘော တွေ့ဆုံ

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေအလွတ်သဘော တွေ့ဆုံ

ဩဂုတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အန်နင်းမြို့မှာ သြဂုတ် ၁၅ ရက်နေ့က အလွတ်သဘော တွေ့ဆုံပြီး မြန်မာရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ ပူးပေါင်းတိုက်ဖျက်ဖို့ နှစ်ဖက်စလုံးက ကတိပြုခဲ့ကြတယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။ ယခင်နှစ် ပထမအကြိမ် လေးပွင့်ဆိုင်အစည်းဝေးစပြီး မြန်မာနိုင်ငံအခြေအနေဟာယေဘုယျအားဖြင့် တည်ငြိမ်နေပြီး ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးနဲ့၎င်းရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုဗဟိုကော်မတီအဖွဲ့ဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားခဲ့ပါတယ်။ “မြန်မာ့ဦးဆောင်၊ မြန်မာပိုင်” ချဉ်းကပ်နည်းကို လိုက်နာဖို့၊ မြန်မာလူမျိုးတွေရဲ့ရွေးချယ်မှုတွေကို ပံ့ပိုးပေးပြီး ကွဲပြားမှုတွေကို ဆွေးနွေးအဖြေရှာကြဖို့သူကတောင်းဆိုခဲ့ပါတယ်။အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကကြားဝင်ဖျန်ဖြေပေးခြင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့အကူအညီများ အဓိကလမ်းကြောင်းအဖြစ် အာဆီယံက ဆောင်ရွက်နေပြီး အလွတ်သဘော နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့မြန်မာနိုင်ငံ အိမ်နီးချင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကဲ့လိုယန္တရားတွေမှာလည်း အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဝမ်က ပြောကြားခဲ့ပါတယ်။ (more…)
Read More