အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

ဩဂုတ်လ ၁၈၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ United Naga Council (UNC)နာဂ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Ajay Kumar Bhalla နဲ့ သြဂုတ်၁၆ရက်နေ့က Raj Bhavan မှာတွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့ Free Movement Regime (FMR)(နှစ်နိုင်ငံကလူတွေပြည်ဝင်ခွင့်မလိုဘဲသတ်မှတ်ထားတဲ့အတိုင်းအတာအထိလွတ်လပ်စွာဝင်ထွက်သွားလာခွင့်) ဖျက်သိမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ The Indian Express သတင်းက သြဂုတ် ၁၇ရက်မှာဖော်ပြပါတယ်။ မဏိပူရပြည်နယ်ရှိ နာဂဝတ်စုံလူမျိုးစုတွေရဲ့အထွတ်အထိပ်ဖြစ်တဲ့UNC က နယ်စပ်ခြံစည်းရိုးခတ်ခြင်း နဲ့ FMR ကို ဖျက်သိမ်းခြင်းတို့ကို ဆန့်ကျင်နေပါတယ်။ “ဒါတွေက နယ်စပ်က ပိုင်းခြားထားတဲ့ အသိုက်အဝန်းကို တနည်းတဖုံ ထိခိုက်လိမ့်မယ်” လို့ ပြောပါတယ်။ UNC ဥက္ကဋ္ဌ Ng Lorho ဦးဆောင်တဲ့အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့FMR ဖျက်သိမ်းခြင်းဆိုင်ရာကိစ္စတွေအပေါ်၎င်းတို့ရဲ့အမြင်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းပြခဲ့ပြီး အဆိုပါပြဿနာတွေကို ဗဟိုအစိုးရဆီကိုတောင်းဆိုဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုတောင်းဆိုခဲ့တယ်လို့ Raj Bhavan မှာ ထုတ်ပြန်ခဲ့ပါတယ်။ (more…)
Read More