“ဟိုဂင်နောက်ပိုင်း သတင်းမီဒီယာများတွင် ထုတ်ပြန်သော ဆွေးနွေးပွဲများနှင့်မထုတ်ပြန်သောဆွေးနွေးပွဲများ (ရှိ့တန်ကောင်းသဘော)မှမည်သည့် ကိစ္စများဆက်လက်ဆွေးနွေးကြမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်”
ဇန်နဝါရီ ၃၀၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
မြန်မာစာပေထဲက မြန်မာမင်းအုပ်ချုပ်ပုံစာတန်းတွင်ဖော်ပြထားသောစစ်ပြေငြိမ်းရေး၊စေ့စပ်ရေး (၁၆)ပါးမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
(၁)ကပါလသန္ဓိ
အညီအညွတ်မိတ်ဖြစ်အောင်စေ့စပ်ခြင်း။
(၂)ဥပကာရသန်ဓိ
ဥစ္စာပစ္စည်းပေးကမ်း၍စေ့စပ်ခြင်း
(၃)သန်တာနသန္ဓိ
သမီး၊နှမတို့ကိုပေး၍စေ့စပ်ခြင်း။
(၄)သင်္ဂဘသန္ဓိ
အသက်ထက်ဆုံး မပျက်မစီး ဆင်းရဲအတူ၊ ချမ်းသာအမျှဖြစ်ပါမည်ဟု ခံဝန်စာချုပ် ထား၍မိတ်ဖြစ်အောင်စေ့စပ်ခြင်း။
(၅)ဥပညာသန်ဓိ
အစေ့အစပ်မိတ်ဖြစ်ရလျင် ထိုက်လျောသော အကျိုးတစ်စုံတစ်ခု၏ ဧကန်ပြီးစီးမည်ကို ညွန်ပြ၍ ပြု့အပ်သော မိတ်ဖွဲ့ခြင်းအစေ့အစပ်။
(၆)ပဋိကာရသန္ဓိ
ကျွန်ုပ်ကသင့်အားမည်ကဲ့သို့အကျိုးစီးပွားဆောင်ရွက်ဖူးပါသည်။ကျွန်ုပ်အားလည်းသင်ကကျွန်ုပ်
ကျေးဇူးရှိ့ဖူးသည်ကိုထောက်၍ ကျေးဇူးပြု့စေချင်ပါသည်ဟုပြောဆို၍ အစေ့အစပ်မိတ်ဖွဲ့ခြင်း။
(တစ်နည်း ) သင်၏အကျိုးစီးပွားဤကဲ့သို့ဆောင်ရွက်ပါမည်။ငါ၏အကျိုးစီးပွားကိုလည်း ဤကဲ့သိုဆောင်ရွက်ပါဟု ပြောဆို၍အစေ့အစပ်မိတ်ဖွဲ့ခြင်း။
(၇)သံယောဂသန္ဓိ
မည်သည့်မင်းထံ၌ပေါင်းစုံစေ့စပ်ရလျှင် မည်သည့်အကျိုးရလိမ့်မည်ဟုပြောဆို၍ တစ်ခုသောအကျိုးကိစ္စကိုကောင်းစွာပြု့ပြီးလျှင် တစ်နေရာ၌သွား၍စေ့စပ်မိတ်ဖွဲ့ခြင်း။
(၈)ပုရိသန်တရသန္ဓိ
စစ်သူကြီးနှစ်ယောက် အလိုရှိ့ရာပြောဆို စာပေချုပ်၍ မိတ်ဖွဲ့စေ့စပ်ခြင်း။
(၉)အဒိဠနရသန်ဓိ
သင့်ရန်သူမင်းအလိုရှိ့ရာပြု့သမျှလိုက်နာပါမည်။အလိုရှိသည်ကိုသာ စာချုပ်ရေးသားပြု့ပါတော့ သဘောတူပါမည်ဟုဆို၍ မိတ်ဖွဲ့စေ့စပ်ခြင်း။
(၁၀)အဒိဠိရသန်ဓိ
နိုင်ငံတစ်စိတ်တစ်ဒေသကိုစာချုပ်နှင့်ပေး၍ မိတ်ဖွဲ့စေ့စပ်ခြင်း။
(၁၁)အတ်တမိသသန္ဓိ
မိမိစစ်သည်အလုံးကို ရန်သူသို့အပ်နှင်း၍မိတ်ဖွဲ့စေ့စပ်ခြင်း။
(၁၂)ဥပေဂ္ဂါဟသန္ဓိ
အသက်ကိုစောင့်ရှောက်ခြင်းဌာချမ်းသာပေးပါ။အလိုရှိသမျှဥစ္စာပစ္စည်းကို ယူပါဟု ဥစ္စာပစ္စည်းအလုံးကိုပေး၍ မိတ်ဖွဲ့စေ့စပ်ခြင်း။
(၁၃)ပရိက်ခရသန္ဓိ
ကျီကျတိုက်တို့၌ တွေ့ရှိ့သော ဥစ္စာပစ္စည်း အစိတ်အဝတ်ကို ပေး၍သော်လည်းကောင်း၊ အလုံးစုံကိုပေး၍သော်လည်းကောင်းမိတ်ဖွဲ့စေ့စပ်ခြင်း။
(၁၄)ဥစ်ဆိန်နသန္ဓိ
နိုင်ငံ၌အခွန်အဆီထွက်သော ကောင်းရာအရပ်ကိုပေး၍ မိတ်ဖွဲ့ စေ့စပ်ခြင်း။
(၁၅)ပရိဘူသနသန်ဓိ
နိုင်ငံကထွက်သမျှအခွန်ကိုပေး၍မိတ်ဖွဲ့စေ့စပ်ခြင်း
(၁၆)ခန္ဓာပနယသန္ဓိ
တစ်နှစ်လျှင်မည်၍မည်မျှကောက်မည်ဟု ပိုင်းခြား၍ ပိုင်းခြားရခွန်ကို ထမ်းဆောင်ကြပ်မတ် ပေးသွင်းရသော မိတ်ဖွဲ့စေ့စပ်ခြင်း
စသဖြင့် ဖြစ်သည်။
အဆိုပါမိတ်ဖွဲ့စေ့စပ်ခြင်းကို ၁၆မျိုးကို အမျိုးမျိုးသော တိုင်းရင်းသားအဖွဲ့များအပေါ် စစ်အုပ်စုသည် သမိုင်းတစ်လျောက်လုံးခွဲခြားကျင့်သုံးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ယနေ့နွေဦးတော်လှန်ရေးကာလအတွင်း အသစ်ဖြစ်ပေါ်လာနေသော နိုင်ငံတစ်ကာအခြေအနေအရပ်ရပ်အပေါ်မှုတည်၍ စစ်အုပ်စုသည် မိတ်ဖွဲ့စေ့စပ်ခြင်း ၁၆ မျိုးတွင်းမှ နည်းလမ်းအမျိုးမျိုးကို တိုင်းရင်းသားအဖွဲ့အမျိုးမျိုးတို့ကြားတွင် ခွဲခြားကျင့်သုံးလာနိုင်ချေကို သတိရှိ့ရှိ့ စောင့်ကြည့်လေ့လာနေရန်ဖြစ်သည်။
စစ်အုပ်စုမှ အဆိုပါနည်းလမ်းအမျိုးမျိုးကို အဖွဲ့အမျိုးမျိုးကြား ခွဲခြားကျင့်သုံးလာခဲ့ပါက မည်သို့ကိုင်တွယ်ကျင့်သုံးမည်၊မည်သို့ပေါ်လစီခင်းကျင်းထားကြမည်၊အနာဂါတ်ဖြစ်ပေါ်လာနိုင်ခြေအပေါ်မှုတည်၍ မည်သို့ ပြင်ဆင်ထားကြမည်ကို လေ့လာစီစစ်နိုင်မည်ဖြစ်သည်။
ဟိုဂင်ဆွေးနွေးပွဲဖြစ်ပေါ်လာရခြင်း၏ ကနဦးအဆင့်သည်
-(သံယောဂသန္ဓိ)
မည်သည့်မင်းထံ၌ပေါင်းစုံစေ့စပ်ရလျှင် မည်သည့်အကျိုးရလိမ့်မည်ဟုပြောဆို၍ တစ်ခုသောအကျိုးကိစ္စကိုကောင်းစွာပြု့ပြီးလျှင် တစ်နေရာ၌သွား၍စေ့စပ်မိတ်ဖွဲ့ခြင်းဆိုသည့် သဘောဖြစ်မည်။တရုတ်နိုင်ငံ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံတွင် စစ်ပြိုင်အဖွဲ့များတွေ့ဆုံဆွေးနွေးကြခြင့်ဖြစ်သည်။
ထို့နောက် နှစ်ဖက်အဖွဲ့များ၏ သဘောတူညီချက် ဟိုဂင် ထုတ်ပြန်ချက်မှာ အကျဉ်းချုပ်အားဖြင့် အပစ်ရပ်၊ရောက်တဲ့နေရာရပ်၊ရှေ့မတိုးနဲ့၊မင်းတို့လဲ မတိုက်နဲ့၊မင်းတို့ကလဲ ဗုံးမကျဲနဲ့ ဟု အနှစ်ချုပ်ယူဆရသည်။
ဤသည်ကို တရုတ်မင်းရှေ့တွင် ဆွေးနွေးဖက်စစ်သူကြီးတို့ အပြန်အလှန်လက်မှတ် ထိုးခဲ့ကြခြင်းဖြစ်သည့် အတွက်
-(ပုရိသန်တရသန္ဓိ)
စစ်သူကြီးနှစ်ယောက် အလိုရှိ့ရာပြောဆို စာပေချုပ်၍ မိတ်ဖွဲ့စေ့စပ်ခြင်း ဆိုသည့် သဘောဖြစ်သည်။
ဟိုဂင်နောက်ပိုင်း သတင်းမီဒီယာများတွင် ထုတ်ပြန်သော ဆွေးနွေးပွဲများနှင့်မထုတ်ပြန်သောဆွေးနွေးပွဲများ (ရှိ့တန်ကောင်းသဘော)မှမည်သည့် ကိစ္စများဆက်လက်ဆွေးနွေးကြမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်။
နောက်ဆက်တွဲဆွေးနွေးပွဲများသည် တရုတ်နိုင်ငံ၏ ပေါ်လစီဖြစ်သော နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေး အခြေခံပေါ်တွင် သိမ်းဆဲရနယ်မြေများစီမံခန့်ခွဲရေး၊ နယ်စပ်ကုန်သွယ်ရေးမြို့များစီမံခန့်ခွဲရေး၊နယ်စပ်ကုန်သွယ်ရေး ပုံမှန်လယ်ပတ်ရေး အတွက် စီမံခန့်ခွဲရေးများပါဝင်လာမည်ဟု ယူဆရသည်။အဆိုပါအချက်များပါဝင်လာမည်ဆိုပါက-
-(အဒိဠိရသန်ဓိ)
နိုင်ငံတစ်စိတ်တစ်ဒေသကိုစာချုပ်နှင့်ပေး၍ မိတ်ဖွဲ့စေ့စပ်ခြင်း။
-(ပရိက်ခရသန္ဓိ)
ကျီကျတိုက်တို့၌ တွေ့ရှိ့သော ဥစ္စာပစ္စည်း အစိတ်အဝတ်ကို ပေး၍သော်လည်းကောင်း၊ အလုံးစုံကိုပေး၍သော်လည်းကောင်းမိတ်ဖွဲ့စေ့စပ်ခြင်း။
-( ဥစ်ဆိန်နသန္ဓိ)
နိုင်ငံ၌အခွန်အဆီထွက်သော ကောင်းရာအရပ်ကိုပေး၍ မိတ်ဖွဲ့ စေ့စပ်ခြင်း။
-( ခန္ဓာပနယသန္ဓိ)
တစ်နှစ်လျှင်မည်၍မည်မျှကောက်မည်ဟု ပိုင်းခြား၍ ပိုင်းခြားရခွန်ကို ထမ်းဆောင်ကြပ်မတ် ပေးသွင်းရသော မိတ်ဖွဲ့စေ့စပ်ခြင်း။
စသဖြင့် နည်းလမ်းများကျင့်သုံးလာနိုင်မည်ဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးမြို့များတွင်အခွန်ကောက်ရငွေအပေါ် (အချိုး)ခွဲသံများ တိုးတိုးတိတ်တိတ် ကြားနေရခြင်းမှာလည်း ၁၆ နည်းထဲမှ နည်းများပင်ဖြစ်သည်။
အဆိုပါဟိုဂင်ဆွေးနွေးပွဲရလာဒ်အပေါ်မှုတည်၍ အခြားဒေသများစွာတွင်လည်းကျင့်သုံးလာနိုင်မည်ဖြစ်သည်။
ထိုသို့ ကြားပွဲစားများဖြင့် ကျင့်သုံးလာပါက မည်သို့ တုံ့ပြန်ကြမည်ကို ပြင်ဆင်ထားသင့်သည်ဟု မြင်ရသည်။
ပွဲစားများနှင့်အပေးအယူလုပ်ဆောင်ချက်များသည်ပြောချင်တာကတော့၊ မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီနေမနေဖူး၊အစဥ်တွေပြေမနေဖူး၊ပြောချင်ပါတယ် ဆိုသည်တို့လောက်နှင့် ရပ်တံ့ရန်မလွယ်ဟုမြင်မိသည်။
စိမ်းမောင်