ဖေဖော်ဝါရီ ၆၊၂၀၂၅သောင်ရင်းသတင်းလွှာ(ဆောင်းပါး)
WHO ကနေ ထရမ့်နှုတ်ထွက်တာနဲ့ပက်သက်ပြီး ဆေးကုန်သည် ဝထ္တုရယ်၊ကိုဗစ်ကာလကထွက်တဲ့ မိစ္ဆာရယ် တွဲဖတ်ရင်တော့ တစ်ခုခုရမယ်ထင်ပါတယ်ဗျ။ဆေးကုန်သည် ဝတ္ထုကြီးထဲမှာ အမေရိကန် FDA ရယ်၊WHO ရယ်၊ ဆေးကုမ္ပဏီတွေရဲ့ လူမဆန်တဲ့ ကစားကွက်တွေရယ်ကို လေ့လာမှတ်သားရပါတယ်ဗျ။
ထရမ့်နဲ့ ဒီမိုကရက်တွေကြားထဲမှာ ကိုဗစ်ကာလ ကျမ်းမာရေးစောင့်ရှောက်မှု့နဲ့ကာကွယ်ဆေးထိုးနှံပေးရေး ကြားထဲမှာ တိုက်ပွဲအကြီးကြီးဖြစ်ခဲ့တာကို ဆရာဝင်းငြိမ်းပြန်ဆိုတဲ့ အန္တရာယ်မှာ ဖတ်မှတ်ရပါတယ်ဗျ။ အမေရိကန် ပြည်သူတွေ သောင်းပေါင်းများစွာ အသက်ဆုံးရှုံးရတာတောင် ထရမ့်ဖက်က ကာကွယ်ဆေးထိုးရေး ဘတ်ဂျက်မှာ အပြေမလယ်ဖြစ်နေကြပါတယ်။
နောက်ဆုံး ထရမ့်ရှုံးပြီး ဘိုင်ဒင်နိုင်နိုင်ခြင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအတွက်ဘီလံယံပေါင်းများစွာခွင့်ပြု့ လိုက်ပါတယ်။
FDA က ထရမ့်တို့ ရီပါပလီကင်တွေ ဖက်က ဆေးကုမ္ပဏီတွေက ထုတ်တဲ့ ဆေးတွေကို ထစ်ထားပြီး ဒီမိုကရက်တွေဖက်က ထုတ်တဲ့ ဆေးကုမ္ပဏီတွေရဲ့ ဆေးတွေပဲ ခွင့်ပြု့လိုက်တော့ ထရမ့်စစိတ်ဆိုးပြီး အမေရိကန် FDA ပါဖျက်ပစ်တော့မယ်ဆိုပြီး သတင်းတွေဖတ်နေရပါတယ်။
WHO ကို တရုတ်က ချုပ်ထားသလိုဖြစ်နေတော့ ဈေးပေါတဲ့ တရုတ် ကိုဗစကာကွယ်ဆေးတွေက ကမ္ဘာဈေးကွက် မှာ နိုင်ငံအများစုက သုံးကြတော့ ထရမ့်က WHO ကလည်း ထွက်မယ်လုပ်နေပြန်ပါတယ်။WHO မှာ ဆေးနိုင်ငံကြီးဖြစ်တဲ့ အင်္ဂလန်တို့၊ဂျာမဏီတို့ လို ဥရောပနိုင်ငံတွေရဲ့ နှောင်ကြိုးတွေကလည်းများတော့ ထရမ့်က စိတ်ကောက်နေတယ်ထင်ပါတယ်။
AIDS ဆေးကိစ္စမှာ အိန္ဒိယကတော့ သူ့နိုင်ငံကလူအများကြီး၊ဈေးကြီးတဲ့ ဥရောပဆေးတွေနဲ့ဆို တိုင်းပြည်မွဲသွားမယ်။မဝယ်နိုင်ဖူး။ဒါကြောင့် WHO တွေ၊ကမ္ဘာမှုပိုင်ခွင့်တွေဘာမှလာမပြောနဲ့ ဆိုပြီး ဈေးချိုချိုနဲ့ ရောင်းနိုင်အောင်ထုတ်လိုက်ပါတယ်။
အဆုံးသတ် မြန်မာလို ဆင်းရဲတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ ART ဆေးပဲ အားကိုးရပါတယ်။ထိုစဉ်က အမေရိကန်၊ဥရောပဆေး တွေ တစ်နေ့စာဆေးက လူတစ်ဦးတစ်နေ့လုပ်ခထက်များနေလို့ ဆင်းရဲတဲ့သူမတတ်နိုင်
ကြပါဖူး။
ထိုစဉ်ကလည်း အမေရိကန် အထောက်အပံ့ရယူထားတဲ့ လစ်ဘရယ် လော်ဘီ၊အခွင့်အရေး ဝါဒီတွေက ဟိုကန့်ကွက်၊ဒီကန့်ကွက် လုပ်ခဲ့ကြတာ ရှာဖတ်ကြည့်ကြရင်တွေ့ရမှာပါ။
အခုက ထရမ်းက စီးပွားရေးသက်သက်သဘောလိုဖြစ်နေတယ်။သူနိုင်ငံကထုတ်တဲ့ဆေးကို သူရောင်းချင်သလိုရောင်းမယ်၊လှုချင်သလိုလှုမယ်၊WHO,FDA တွေလာမပြောနဲ့ ဆိုတဲ့ အချိုး ချိုးတဲ့ သဘောမြင်ပါတယ်။
ဒီအတိုင်ဆို ကမ္ဘာကြီးမှာ နိုင်ငံစုံဆေးသုတေသနဌာနတွေက ဖန်တီးတဲ့ ကပ်ရောဂါဆန်းတွေ များပြားလာမယ်ထင်ပါတယ်။ကပ်ရောဂါ ဖြန့်ချီရေးနဲ့ အတူ တွဲထုတ်ထားတဲ့ ဆေးဝါးတွေ၊ကာကွယ်ဆေးတွေကလည်း ရှာထားသမျှတွေမတတ်သာပဲ အကုန်ရင်းပြီး ဆေးဝယ်သောက်ရင်း မွဲပြာကျ နိုင်ငံတွေတိုးလာနိုင်မယ် ထင်ပါတယ်။
အလားတူ ဇီဝ လက်နက်ဆန်းတိုက်ပွဲတွေ ရှေ့တန်းရောက်လာနိုင်မယ့်သဘောလိုဖြစ်နေတယ်ထင်ပါတယ်။ဒါဗင်ချီကုတ်ရေးတဲ့ ဒန်ဘရောင်းရဲ့ အင်ဖာနို က ဇီဝ အကြောင်းလို့ကြားဖူးပါတယ်။အင်္ဂလိပ်လို မဖတ်နိုင်လို့ ဘာသာပြန်ထိုင်မျော်နေရတာ ၄ နှစ်လောက်ရှိ့လာပေမယ့် ထွက်မလာသေးပါဖူး။
WHO ကနေ ထရမ်းနုတ်ထွက်ပြီး ဆေးလောကကို မာကင်တိုင်လစ်(ကုန်သည်ဝါဒ)နဲ့ ပြိုင်ဆိုင်မှု့ကိုသွားကြတော့တစ်ကမ္ဘာလုံးက ဆေးကုမ္ပဏီတွေ (တရုတ်လဲ ပါတယ်နော်) ကိုယ်တွက်ကိန်းနဲ့ကိုယ်၊ကိုယ့်ဆေးပညာနဲ့ကိုယ် ကြိတ် လက်ခုပ်တီးနေကြမယ်ထင်ပါတယ်။
နိုင်ငံငယ်လေးတွေကတော့ ဒုက္ခရောက်ပြီးရင်းရောက်ဦးမှာပါပဲ။တရုတ်နဲ့ အိန္ဒိယလို ဆေးတိုင်းပြည်ကြီး နှစ်ခုကြားထဲက မြန်မာကတော့ အတော် အန္တရာယ်များတဲ့အခြေအနေနဲရင်ဆိုင်ရမယ်မှတ်ပါတယ်။
WHOကပဲထွက်ထွက်၊UN ကပဲထွက်ထွက် ကမ္ဘာအရင်းရှင်(တရုတ်ပါ)အချင်းချင်း ဈေးကွက်ဝေစုနဲ့ ကုန်ကြမ်းအဝေမတည့်မှု့ကနေ အခြေခံတာကို ယူကရိမ်းစစ်ပွဲနဲ့ ပက်သက်ပြီး ထရမ့်က မြေရှားကိစ္စ တောင်းတာကို ကြည့်ရင်မြင်နိုင်ပါတယ်။
ရုရှားနဲ့အမေရိကန် မြေရှားအတူ မျှသုံးကြရအောင်လေဆိုရင်း ယူကရိမ်း ပြည်သူတွေအဖို့တော့ ဟာသ သရုပ်ဆောင်တစ်ယောက်ကို ရွေးချယ်မိတာ၊ဂျူး တစ်ယောက်ကို ရွေးချယ်မိတဲ့ အမှားလို့ပဲပြောရပါတော့မယ်။
ယူကရိမ်းစစ်တပ်က မှားသွားမှန်းသိပေမယ့် ရပ်လို့ မရတော့ ဒရင့်တိုက်လိုက်ရင်းနဲ့ပဲ ယူကရိမ်းထောင်းလမောင်းကြေသွားတာပါပဲ။
မြန်မာနိုင်ငံက ဒီမိုကရက်အာဂျင်ဒါပေးစာ၊ကမ်းစာ သမားတွေ အခု ထရမ့်ရဲ့ ယူကရိမ်း မြေရှားကိစ္စမှာ ဘာအသံမှ မထွက်တာကို ကြည့်ရင် တရားရစရာပါ။
ဒီမိုကရက်ပေးစာကမ်းစာသမားတွေခမျာလည်း ထရမ့် စိတ်မဆိုးအောင် နေတတ်သလို နေနေကြရတာကြည့်ပြီးမျိုချနေရတဲ့ ဟိုအခွင့်အရေး၊ဒီအခွင့်ရေး၊ပါပီလေး၊ပူစီလေး အခွင့်အရေးတွေကို ကြည့်ပြီး စိတ်ထဲ မကောင်းလှပါဖူး။
အမေရိကန်မှာ ဖြစ်ပျက်သမျှတွေဟာ ဒီ ထရမ့်ကြီးကြောင့်လိုပဲ အတွေးတိမ်နေဦးမယ်ဆို ထရမ်းက အော်ခိုင်းတာ ပြောင်းအော်ကြရဦးမယ်သူတွေအနေနဲ့ အခကြေးစား ဘာ၊ညာ ဝါဒီများ ဘဝ ဒီတစ်ခါ တစ်ကယ် ပြည်သူက မြင်သွားကြမှာဖြစ်ပါတယ်။
အမေရိကန်ကန်မှာ ဖြစ်ပျက်နေသမျှဟာ ဒီမိုကရက်တွေ၊ရီပါပလီကင်တွေကြောင့်ဆိုတာထက် အမေရိကန်ကန် အရင်းရှင်ကြီးတွေနဲ့ အရင်းရှင်စနစ်ကြောင့် ဖြစ်နေရတယ်လိုပဲ မြင်မိပါတယ်။အခု ကမ္ဘာစနစ်တွေကို ကျော်ပြီး နိုင်ငံကြီးတွေက သူတို့အကျိုးစီးပွားအတွက် သူတို့ တစ်ကိုယ်တော်ကျဲ ကြပါတော့မယ်။
ဈေးကွက်၊ကုန်ကြမ်း၊အရင်း၊လက်ဝေခံတပည့် လုပွဲတွေလာတော့မယ့်ကမ္ဘာကြီးမှာ ကျွန်တော်တို့နိုင်ငံပြဿနာကို အမြန်ဆုံးဖြတ်နိုင်မှ အချိန်မှီမယ်ထင်ပါတယ်။
ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ အစီအစဉ်သစ်( New World Order) အထိုင်မကျမည်၊ကမ္ဘာစနစ်သစ် အရေမလယ်သေးမည် ကိုယ့်ကိစ္စကိုယ့် အမြန်ပြီးအောင်လုပ်ထားဖို့ ပြည်ချစ်ဝါဒ နဲ့ အဆိုတင်ခဲ့ပါတယ်။
ကံဆိုးစွာဖြင့် ဗိုလ်ကြင်မောင် အာဘော်ကို ဒီမိုကရက်လစ်ဘရယ် အာဂျင်ဒါ ဘိမ်ဆေးစားမိပြီး ဘိမ်းမှိန်း မှိန်းသွားတဲ့ တိုးတက်တဲ့ အင်အားစုရဲ အစိတ်အပိုင်းအချို့ က လက်မခံနိုင်ဖြစ်ခဲ့ကြတာကို ကြုံခဲ့ဖူးပါတယ်။
ဘိုင်းဒင်တွေ။ထရမ့်တွေ၊ရှီကျင့်ဖျင်တွေ၊မိုဒီးတွေ စသဖြင့် တွေကို လူလို့ မမြင်ကြပဲ နိုင်ငံတွေလို့မြင်ကြပြီးနယ်ချဲ့ လက်သစ် ဗိုလ်လုပွဲထဲမှာ ရှင်သန်ကျန်နိုင်အောင် ကိုယ့်ကိစ္စကိုယ်အမြန်ဖြတ်ကြဖို့ အချိန်က အရေးကြီးလာပြီထင်ပါတယ်။
အခုက ထရမ့် လုပ်နေတာကသူ့နိုင်ငံအတွက်သာမက ကမ္ဘာ့ အရင်းရှင်စနစ်အကျိုးအတွက်လုပ်နေတယ်လို့ မြင်အောင် လေ့လာသုံးသပ်ရေးဝိုင်းလုပ်ရမယ့်သဘောမြင်မိပါတယ်။
ထရမ့်က ဒီမိုကရက်တွေ လှည့်ဖျား၊မာယာသုံးထားတဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးဆိုတဲ့ (ကုန်သည်ဝါဒ)ကို ( ပင်လယ်ဒမြဝါဒ) အဖြစ် အဆင့်မြင့်တင်ပေးလိုက်တာပါပဲ။
စိမ်းမောင်
မှက်ချက်။ ။ စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာ ဖြစ်ပါသည်။