အခုတော့ အားလုံး(အားလုံး) ထူးဆန်းစွာ ဘာအသံမှမထွက်ကြပဲ ငြိမ်သက်နေကြတာကိုက ထူးဆန်းနေပါတယ်။ အကယ်၍ UNSC RESOLUTION 2669 သာ အသက်ဝင်လာပါက ဒေါ်အောင်ဆန်းစုကြည့်၊ဦးဝင်းမြင့်နဲ့ပြည်တွင်းကတော်လှန်ရေးအင်အားစုများ တစ်ညီတစ်ညွတ်ထဲဖြစ်ဖို့ အခြေအနေတစ်ရပ်ပေါ်ထွက်လာမယ်မြင်မိပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးထိ့ ရှင်းထုတ်ဖို့ ပါဝါအပျော့ (နိုင်ငံရေး နည်းလမ်း) နဲ့ ပါဝါအမာ(စစ်ရေးနည်းလမ်း) နားလယ်မှုရှိရှိ ဟန်ချက်ညီဖို့ မဖြစ်မနေလိုအပ်မယ်ထင်ပါတယ်။ တော်လှန်ရေးအဖွဲ့အချို့တော့ မထိမ်းနိုင်၊မသိမ်းနိုင်၊တက်ထောင်မောင်းနင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ တိုက်ခိုက်တာတွေကြုံရနိုင်ပါတယ်။ နောက် လူပုဂ္ဂိုလ်ရေး အငြိုးနဲ့ တိုက်ခိုက်တာတွေက ယခုကထဲကပင်စနေပြီဖြစ်ပါတယ်။ကြုံရနိုင်ပါတယ်။နိုင်ငံရေး ရင့်ကျက်မှုအပေါ်မှုတည်တဲ့ မတူညီတဲ့တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ လူငယ်များဦးဆောင်တဲ့အဖွဲ့တွေက လူငယ်ဆန်တဲ့တုံ့ပြန်မှုတွေလည်း ကြုံရနိုင်ပါတယ်။လူကြီးဦးဆောင်တဲ့အဖွဲ့တွေက လူကြီးဆန်ဆန်တုံ့ပြန်ကြမှာပါပဲ။ဘာပဲဖြစ်ဖြစ် ကလေးမဆန်ဖို့လိုပါတယ်။ သန်းပေါင်းများစွာသော မြန်မာပြည်သူကြီးက တော့စစ်အာဏာရှင်စနစ်အငွေ့အသက်မကုန်သ၍ တော်လှန်ရေးက ဆက်ရှိနေမှာဖြစ်ပါတယ်။ဒီနေရာမှာ မော်စီတုန်း ပြောခဲ့တာကိုကိုးကားရရင်တော်လှန်ရေးဒီရေ အနိမ့်အမြင့်ရှိနိုင် ပေမယ့်မစိုးရိမ်တဲ့အ ကြောင်းပြောပါတယ်။
“တော်လှန်တတ်တဲ့၊ တော်လှန်ရေးအ တွေ့အကြုံရှိတဲ့ ပြည်သူ သန်းပေါင်းများစွာ အစဉ်သင့်ရှိ့ နေပြီဖြစ်လို စိုးရိမ်စရာမလိုပါဘူး”လို့ ဆိုခဲ့ပါတယ်။ ယနေ့မြန်မာပြည်ပင်မ ရေစီး တော်လှန်ရေးရဲ့ ထူးခြားသာလွန်တဲ့အချက်က ယခင်လို နယ်စပ် ဒေသမှာသာ ဖြစ်ပွားတာမဟုတ်ပဲ၊မြန်မာပြည်အတွင်းပိုင်း အဓိကဒေသများမှာ နေရာအနှံ့ ပေါ်ပေါက်တာပဲဖြစ်ပါတယ်။ဒေသခံပြည်သူ သန်းပေါင်းများစွာကို ကျောထောက် နောက်ခံထားပါ်ပါက်လာတာဖြစ်ပါတယ်။ စစ်ကိုင်း၊မန္တလေး၊မကွေး လိုဒေသတွေပေါင်းရင် လူဦး ရေ ၁၅သန်း ကျော် ရှိ့နေပါတယ်။ဒါဟာ သန်းပေါင်းများစွာသော ပြည်သူလူထုကြီးကို တော်လှန်တတ်သော ပြည်သူကြီးအဖြစ် ရင့်မှည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့လိုချင်တဲ့နိုင်ငံရေးအ ဖြေမရမခြင်း၊စစ်အာဏာရှင်စနစ် မရှင်းမခြင်း အကြိမ်ကြိမ်တော်လှန်ဖို့အစဉ်သင့်ဖြစ်နေကြပြီဖြစ်ပါတယ်။နိုင်ငံတစ်ကာဖိ့အားနဲ့ပူးပေါင်းကြံစည်မှုတွေကြောင့် စစ်အာဏာရှင်အမြစ်မပြတ် သေးတဲ့ နင်တန်-နင်တန် ပန်းကန်ကွဲ WIN-WIN နိုင်ငံ ရေးအခြအ နေတစ်ရပ် ကြုံလာကျရင်လည်း ပြည်သူ့လက်ထဲက သေနတ်ကို မောင်းတင်ကျည်ထိုးပြီး အစဉ်သင့်ပြင်ထားပြီး စောင့်ကြည့်နေကြဖို့ပါပဲ။ပြည်သူ့လက်ထဲက သေနတ်လွတ်မကျစဖို့ပါပဲ။
———————————————–
ဇွန်လ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုရယ်၊ဂါးဒီးယန်းကို ဗီဒီယိုဖိုင်ပေါက်ကြားမှု(ဖောက်ချပေးလိုက်တာထင်ပါတယ်)ရယ်၊ဒီပလိုမက်က NUG အပေါ်သုံးသပ်တဲ့ဆောင်းပါးရယ်၊ဦးဟံသာမြင့်ဆောင်းပါးရယ် ကိုဖတ်မိတော့ တွေးစရာရှိ့လာပါတယ်။ ကနဦး ဂျာနယ်လစ်အနေနဲ့ နိုင်ငံတစ်ကာပေါ်လစီကိုအကဲခတ်တဲ့အခါ ကိုးကားလေ့ရှိတဲ့ ကိုယ်ပိုင်စိတ်ကြိုက် နိုင်ငံတစ်ကာမီဒီယာများရှိတတ်ကြပါတယ်။ဥပမာ အမေရိကန် သဘောထားကို ခြေရာခံရင် ဒီပလိုမက်တို့၊ပေါ်လက်တီကို တို့ကိုးကားလေ့ရှိပြီး၊တရုတ်ဆိုရင်တော့ ဂလိုဘယ်တိုင်း အာဘော်ကို ကိုးကားလေ့ရှိ့ပါတယ်။ ဒီမီယာတွေမှာပါလာရင် အနာဂါတ်ကို ကြိုတင်တွက်ချက်လို့ရတဲ့ သက်ဆိုင်ရာနိုင်ငံများရဲ့ သဘောထားအမြင်၊ပေါ်လစီကို ရောင်ပြန်ဟပ်လေ့ရှိတတ်တယ်လို့ ပုဂ္ဂလိကသဘော မြင်မိလို့ဖြစ်ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က လေသံပြောင်းရင် မီဒီယာကစပြောင်းတတ်တယ်လို့ ဆိုခဲ့ပါတယ်။ အခု မီဒီယာကစပြီးလေသံတွေပြောင်းနေတာကို မြင်အောင်လိုက်ကြည့်နေရပါတယ်။ မြင်သူလည်းမြင်ကြမှာဖြစ်သလို၊ပြင်သူကလည်းပြင်ကြမှာဖြစ်ပါတယ်။ဘယ်လိုမြင်ပြီး၊ဘယ်လိုပြင်ကြမယ်ဆိုတာ နိုင်ငံရေးခံယူချက်၊အစုအဖွဲ့နဲ့တစ်ဦးချင်းကိုယ်ပိုင်အယူအဆအပေါ်တည်မှီမှာပါ။ ဒီပလိုမက်ကတော့ NUG လက်ရှိ့အခြေအနေကို ကောက်ချက်စွဲသလား၊နိဂုံးချုပ်ချက်စွဲသလား ဝေခွဲမရပါဖူး။ဦးဟံသာမြင့် ဆောင်းပါးနိဂုံးပိုင်းကတော့ ဝိဝါဒကွဲစရာ ငြင်းခုံပွဲဖြစ်မှာပါပဲ။ ဒီပလိုမက်ဆောင်းပါးကို အမေရိကန်အာဘော်လို့ သဘောထားရင် နောက်ဆက်တွဲ NUG ကို ဘာဖြစ်စေချင်တာလဲဆိုတာ ဆက်ကြည့်ရမယ်ထင်ပါတယ်။
NUG ကံကြမ္မာက
၁။ ပြည်တွင်းက PDF,LOCAL PDF တွေနဲ့စစ်အာဏာရှင်တိုက်ဖျက်ရေးကို အသက်ပေး၊ဘဝပေးနေတဲ့ တော်လှန်ရေးအဖွဲ့မျိုးစုံပေါ်မှာ အခြေခံတာလား၊
ဒါမှမဟုတ်
၂။ နိုင်ငံတစ်ကာနဲ့EROs မျိုးစုံ လက်ထဲမှာအခြေခံထားလားဆိုပြီး ၊
ရွေးချယ်မှု့အကျပ်အတည်းမကြာမည်ကြုံတွေ့ရလိမ့်မယ်လို့မြင်မိပါတယ်။
မြန်မာ့စကားပုံမှာ “လူတွင်ပါလို့ နွားကျားကိုက်” လို့ပြောကြပါတယ်။နိုင်ငံတစ်ကာအခြေအနေနဲ့EROs ဆိုတာ စစ်အာဏာရှင် စနစ်ဖြုတ်ချတော်လှန်ရေးရဲ့ ပြင်ပအခြေအနေ ဖြစ်ပါတယ်။ ပြင်ပအခြေအနေ ဖြစ်တဲ့ နိုင်ငံတစ်ကာဖိအားနဲ့EROs တို့ရဲ့ နိုင်ငံရေးအလှည့်အပြောင်းက NUG အပေါ်ဘယ်လို သက်ရောက်မလဲဆိုတာ NUG ရဲ့အတွင်းပိုင်းစုဖွဲ့မှုအပေါ်မှုတည်နေမယ်ထင်ပါတယ်။ အပူချိန်၊ကြက်ဥနဲ့ကျောက်ခဲ ပြဿနာလိုပါပဲ။ ပြင်ပအပူချိန်ဟာ ကြက်ဥကို ကြက်အကောင်ပေါက်စေနိုင်ပေမယ့် ကျောက်ခဲကိုတော့ အကောင်မပေါက်စေပါဖူး။ အလားတူပဲပြင်ပအပူချိန်နဲ့တူတဲ့ နိုင်ငံတစ်ကာဖိအားနဲ့EROs အလှည့်အပြောင်းဟာ NUG ကို ကြက်ဥလား၊ကျောက်ခဲလား ဆိုတာကို ဖြေရှင်းပေးမှာပဲဖြစ်ပါတယ်။ ဒီပလိုမက်ဆောင်းပါးကတော့ NUG,NLDနဲ့ တော်လှန်ရေးအင်အားစုများကို အဆက်ဖြတ်ဖို့ ကတ္တီဘာလက်အိပ်စွတ်ထားတဲ့သံမဏိ ဒါးသွားလို့မြင်မိပါတယ်။တော်လှန်ရေးအဖွဲ့အသီးသီး၊NUG,NLDနဲ့EROs များအကြား ဘက်အသီးသီးကို သပ်လျိုလိုက်တယ်လို့မြင်ရပါတယ်။ ဆောင်းပါးအရ NLDနဲ့ NUG အဆက်ပြတ်သွားစေမှုကနေ NUG ပြိုကွဲတာ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲတာ၊ဒါမှမဟုတ် အသစ်တစ်ခု ဖန်တီးတာ ဆက်ဖြစ်လာနိုင်ပါတယ်။
NIG အလှည့်အပြောင်းဖြစ်တာနဲ့ EROs များနဲ့ ဆက်ဆံရေး ပြတ်တောက်သွားမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့မျိုးစုံအနေနဲ့လည်း ကြီးမားတဲ့အကျပ်အတည်းကြုံကြရနိုင်ပါတယ်။ အကျပ်တည်းကနေ ပထမအဆင့် ပြိုကွဲမှု့များဖြစ်ပြီးနောက် တစ်ဖန် အကြီးအကျယ်စုစည်းမှုကြီး ပြန်ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ ဒီရေနိမ့်လာတာကနေ သွေးစစ်တဲ့တော်လှန်ရေး ဒီရေမြင့်သစ်ဆီကို အရှိန်အဟုန်နဲ့ကူးပြောင်းရမယ့်ဖြစ်စဉ်တစ်ရပ်ကိုဖြတ်သန်းကြရဦးမယ်မြင်မိပါတယ်။ မြန်မာပြည်တော်လှန်ရေးသမိုင်းများမှာ ဘာတေးလစ်တနာရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နေထွက်ချိန်၊နေဝင်ချိန် စာအုပ်နဲ့ ကျန်းကျဲ့ကျန်းရေးပြီးမန်းဖိုးအေးဘာသာပြန်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခရီးကြမ်း စာအုပ်များမှာ သင်ခန်းစာယူစရာများပါရှိ့ပါတယ်။ ကာယံရှင်အဖွဲ့အစည်းက အတည်ပြုပြောဆိုတာမရှိပေမယ့် အချို့အချက်များဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်ပြည်က ဗကပ လူကြီးပိုင်းကို နိုင်ငံရေးပင်စင်ယူပြီး တရုတ်ပြည်ထဲမှာ အခြေချနေထိုင်ကာ တော်လှန်ရေးကနေ အနားယူဖို့ အကြိမ်ကြိမ်ဖိ့အားပေးတာဖြစ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ပြီး အမေရိကန်နဲ့ပျားရည်ဆန်းကာလအရှိန်ရနေတဲ့အချိန်၊စစ်အေးတိုက်ပွဲကလည်း ပြီးလုပြီးခင်အချိန်ဖြစ်ပါတယ်။
တရုတ်က ၁၉၄၈ ခုနှစ်ကထဲက မျော်မှန်းထားတဲ့ ယနေ့OBOR မျော်မှန်းချက်များနဲ့မကွာခြားတဲ့ ရည်မှန်းချက်တွေအတွက် ပထဝီနိုင်ငံရေးအခင်းအကျင်းအပြောင်အလဲကာလအချိန်ဖြစ်ပါတယ်။ လွတ်လပ်ရေးမျိုးဆက်ဝင် တော်လှန်ရေးသမားကြီးများဖြစ်တဲ့အတွက် တရုတ်ရဲ့ နိုင်ငံရေးပင်စင်ကမ်းလှမ်းချက်ကို နောက်ဆုံးအချိန်ထိ လက်မခံငြင်းပယ်ခဲ့ပါတယ်။ သို့သော် ၁၉၈၉ တွင် ကိုးကန်းဖုန်ကြားရှင်မှစတင်ခဲ့သောခွဲထွက်မှုသည် ဗကပ အရှေ့မြောက်ဒေသကြီးပြိုကျသွားပြီး အထူးဒေသ ၁၊၂၊၃၊၄ အဖြစ် ပေါ်ထွက်လာခဲ့သည်။ အထူးဒေသများအတွင်း ကိုးကန့်ပလ္လင်လုပွဲများအပေါ်မှုတည်ပြီး ကိုးကန့်ဒေသအတွင်းစစ်တပ်က ဝင်ရောက်အခြေချမှုကို ၁၀၂၇ စစ်ဆင်းရေးနဲ့ ခါးခါးသီးသီးနောင်နောင်ကျင်ကျင်ဖြစ်သွားအောင် လက်စားချေပေးလိုက်ပါတယ်။ ယခုနောက်ဆုံး အရှေ့မြောက်ဒေသအခြေအနေဟာ တရုတ်အစီအစဉ်(China Order)အောက်မှာ အလှည့်အပြောင်းကို စောင့်နေတဲ့သဘောလို့မြင်မိပါတယ်။ ၁၉၈၈ ခုနှစ် အပြီး ရလာဒ်ဖြစ်တဲ့ ၉၀ ရွေးကောက်ပွဲရလာဒ်၊NCGUB,ABSDF တို့ရဲ့ ခရီးကြမ်းစာအုပ်တော့ တာဝန်ရှိရှိရေးမယ့်သူတစ်ဦးတလေ ပေါ်သင့်ပါတယ်။
မျက်မြင်လက်တွေ့ဖြစ်ရပ်များအရ ၉၀ ရလာဒ် သက်တမ်းလွန်ခဲ့ပါတယ်၊NCGUB ဖျက်သိမ်းခဲ့ရပါတယ်၊ABSDF မှီခိုရာ EROs နဲ့လိုက်ပါပြီး NCA လမ်းကြောင်းပေါ်တက်ခဲ့ရပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က သူတို့ကြုံတွေ့ခဲ့ရတဲ့ဘဝအသိအပေါ် အခြေခံပြီး မှီခိုသူရဲ့ သုခ နဲ့ မှီခိုသူရဲ့ ဒုက္ခ ကို သတိပေးခဲ့ပါတယ်။ မှီခိုသူအနေနဲ့နေခဲ့ရစဉ် တရုတ်ရဲ့ညီအစ်ကို ပါတီအပေါ် အကူအညီပေးမှုနဲ့နိုင်ငံတစ်ကာဝါဒအပေါ် အပစ်တင်ခြင်းမပြုခဲ့ပါဘူး။ (ကျေးဇူးတရားအပိုင်းကိုသာ )ရွေးချယ် တင်ပြခဲ့ပါတယ်။မှိခိုသူဒုက္ခနဲသေလောက်တဲ့အမှားကြီးများကိုတွက်ချက်ပြခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးရေးကို သတိပေးခဲ့ပါတယ်။ ဇာတ်ကြောင်းဟောင်းတို့သည် တစ်ပတ်ပြန်လည်လာခဲ့သော် ဆိုတာကို ကြိုပူပင်ရင်၊ကြိုပြင်ကြရမှာပဲထင်ပါတယ်။ တရုတ်နယ်စပ်က တရုတ်အစီအစဉ်(China Order) အောက်မှာ ကြိုက်ကြိုက်၊မကြိုက်ကြိုက် မလွန်ဆန်နိုင်ကြသလို၊ထိုင်းနယ်စပ်၊အိန္ဒိယနယ်စပ်ကရော ထိုင်းအစီအစဉ်၊အိန္ဒိယအစီအစဉ်အပေါ် ဘယ်လောက်လွန်ဆန်နိုင်သလဲဆိုတာမရှင်းလင်းပါဘူး။ ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးပေါ်လစီအရ နယ်စပ်ဒေသအားလုံး ကြားခံဇုန်ထားရေးဟာ ယခုလပိုင်းများအတွင်း မျက်လှည့်ပြလိုက်သလို စစ်အေးခေတ်အခြေအနေ ပြန်ရောက်သွားပါတယ်။
EROs များက ၁၀၂၇ ကနေစပြီး နယ်မြေအပိုင်သိမ်းပိုက်ရေး(Terrain Game)ပေါ်လစီကို အောင်မြင်စွာ ကျင့်သုံးလာကြပါတယ်။ NUG အနေနဲ့ နယ်မြေထိမ်းချုပ်ရေး(Terrain Control) ပေါ်လစီပဲ လုပ်ဆောင်နေသေးတာကိုတွေ့ရပါတယ်။ဒါဟာလည်းထူးခြားချက်တစ်ခုဖြစ်နေပါတယ်။ ပြည်မအနေနဲ့ နယ်မြေအပိုင်သိမ်းပိုက်ရေး(Terrain Game ) ကို မသွားတာလား၊ပေါ်လစီအရ နယ်မြေထိမ်းချုပ်ရေးပဲလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပါဖူး။ နယ်မြေအပိုင်သိမ်းပိုက်ရေးနဲ့နယ်မြေထိမ်းချုပ်ရေး ပေါ်လစီနှစ်ရပ်မှာ နိုင်ငံရေးရည်မှန်းချက်ကွဲပြားမယ်ထင်ပါတယ်။
-နယ်မြေအပိုင်သိမ်းပိုက်ရေးက စစ်အနိုင်တိုက်၊နိုင်ငံတော်အာဏာသိမ်းပိုက်ရေးဖြစ်နိုင်ပါတယ်။
-နယ်မြေထိမ်းချုပ်ရေးက စစ်ရေးဖိ့အားပေးရေးနဲ့စေ့စပ်ဆွေးနွေးရေး(War Pressure and Political Compromise) လမ်းစဉ်ဖြစ်နိုင်ပါတယ်။
NIG ကာ/ဝန်ရဲ့ ကွက်ပြည့်နင်းမဟာဗျူဟာဆိုတာ -ထိုးစစ်ပုံဖော်မှု့(Offense Formation) အပေါ်အခြေခံတာလား၊ဒါမှမဟုတ်
-အကြမ်းဖက်မှု့များကိုထိမ်းချုပ်ဟန့်တားရေး(Containment Policy ) အပေါ်အခြေခံတာလားလဲ မသဲကွဲသေးပါဖူး။
၁၀၂၇ ဟာ နိုင်ငံရေး၊စစ်ရေးရည်မှန်းချက်ချမှတ်ထားတဲ့စစ်ဆင်ရေးတိုက်ပွဲစဉ်(War Campaign)ဖြစ်တယ်လို့မြင်ရပါတယ်။ NUG ကာ/ဝန်ရဲ့ အထွေထွေထိုးစစ် (General Offensive)ရဲ့ နိုင်ငံရေးစစ်ရေးရည်မှန်းချက်(Military Aim and Object ) ကို ပြည်သူကိုချပြထားတာတော့မတွေ့ရသေးပါဘူး။
NUG အနေနဲ့
၁။(အဆုံးထိ့တိုက်မှာလား)
၂။( စစ်ရေးဖိ့အားပေးပြီးညှိနှိုင်းမှာလား)
ဆိုတဲ့ နိုင်ငံရေး၊စစ်ရေးရည်မှန်းချက်ကို မဖြစ်မနေ ချမှတ်ပေးဖို့ ဖိ့အားကို မကြာမည်ရင်ဆိုင်လာရမယ်လို့ မြင်မိပါတယ်။
အဲ့ဒီလို မေးခွန်းရှေ့တန်းရောက်လာပြီဆိုရင် တော်လှန်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ်ပေါ်ထွက်လာမှာဖြစ်ပါတယ်။
CRPH,NUG ဖွဲ့စည်းပေါ်ပေါက်လာပုံနဲသမိုင်းကြောင်းအတွက် တန်ဖိုးအရှိဆုံးကိုးကားစရာ ဆောင်းပါးနှစ်ပုတ်အဖြစ် NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ပြည်ထဲရေးဝန်ကြီး တို့ရေးသားခဲ့တဲ့ဆောင်းပါး နှစ်ပုတ်ကို အသေးစိတ်သရုပ်ခွဲစီစစ်ကြည့်နိုင်ကြပါတယ်။ ဆောင်းပါးများထဲမှာ ပေးလိုတဲ့သတင်းစကားများကို သိုဝှက်ကာ ပေးထားကြတယ်မြင်မိပါတယ်။ ဆရာပါရဂူရဲ့ မင်းနှင့်ပြည်သူ ဝထ္တုကြီးထဲက စာပုဒ်တစ်ခုဖြစ်တဲ့ “နိုင်ငံရေးဆိုတာ၊မမြင်ရတဲ့ အင်အားစုတွေရဲ့ တွန်းထိုး ရှုန်းကန် လှုပ်ရှားမှုကို ရင်ဆိုင်ထိမ်းချုပ်ရတဲ့ အလုပ်ဖြစ်တယ်”။”မမြင်ရတဲ့အင်အားစုတွေရဲ့ တွန်းထိုးရှုန်းကန် လှုပ်ရှားမှု့ကို ရင်ဆိုင်ထိမ်းချုပ်နိုင်သူဟာ နိုင်ငံရေးသုခမိန်ရဲ့ဖြစ်တယ်”ဆိုတာကို အမှတ်ရမိပါတယ်။ ယနေ့အခင်းအကျင်းမှာလည်း မမြင်ရတဲ့ လက်မည်းကြီးတွေရဲ့ တွန်းထိုးရှုန်းကန်လှုပ်ရှားမှုကို ဘယ်လိုရင်ဆိုင်ထိန်းချုပ်မလဲဆိုတာ နိုင်ငံရေးသုခမိန်ဖြစ်မဖြစ်အဆုံးအဖြတ်ပြု သွားမှာပဲဖြစ်ပါတယ်။ ဒီပလိုမက်ဆောင်းပါးဟာ အမေရိကန်အာဘော်ကို ထင်ဟပ်နိုင် တယ်လို့ယူဆရရင် NUG အနာဂါတ်အတွက် ထူးခြားမှုရှိလာနိုင်မယ်ယူဆရပါတယ်။ ယနေ့အထိ အမေရိကန်ရဲ့မြန်မာပြည်ပေါ်လစီဟာ အပြောင်းအလဲမရှိ့သေးဖူးလို့ သတိပြု့မိပါတယ်။အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ အထွေထွေပေါ်လစီသုံးရပ်က
(၁) ဒီမိုကရေစီအသွင်ကူးပြောင်းရေး(Democratization)
(၂) ရင်ကြားစေ့ရေး၊ပြန်ပေါင်းထုတ်ရေး (Reconciliation)
(၃)လူ့အခွင့်ရေး(Human Rights) တို့ပဲဖြစ်ပါတယ်။
လူ့အခွင့်အရေးကတော့ အမေရိကန်ရဲ့ ပါလေရာပဲခူးဆားဖြစ်လို့ အပေါ်မှုဝါဒနှစ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီပြန်လည်မြင်တွေ့လိုတယ်နဲ့ပြန်ပေါင်းထုတ်ရေးက မပြောင်းလဲသေးတာကို တွေ့ရပါတယ်။ ပေါ်လစီတစ်ပတ်ပြန်လယ်လာတာမျိုးဆိုရင် UNSC Resolution 2669 က အသက်ဝင်လာနိုင်ပါတယ်။
၁။ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရန်နှင့် တင်းမာမှုများကိုလျှော့ချရန် တောင်းဆိုသည်။
၂။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာစစ်တပ်ကို တိုက်တွန်းသည်။
၃။ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်းရန်နှင့် မြန်မာပြည် သူများ၏ဆန္ဒနှင့်အညီ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများနှင့် ပြန်လည်သင့်မြတ်ရေး တို့ကို ဆောင်ရွက်ပေရန်၎င်း၏တောင်းဆိုချက်များကို ထပ်လောင်းပြောကြားသည်။
၄။ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ တရားဥပဒေများကို လေးစားလိုက်နာရန် သက်ဆိုင်ရာ အားလုံးကို တိုက်တွန်းသည်။
၅။ မြန်မာနိုင်ငံအကျပ်အတည်းအတွက် မြန်မာပြည်သူတို့၏အကျိုးနှင့်အညီ ငြိမ်းချမ်းသောအဖြေကို ရှာဖွေရာတွင် အာဆီယံ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြု၍ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအား အာဆီယံဦးဆောင်သည့် ယန္တရားနှင့်လုပ်ငန်းစဉ်များတွင် ထောက်ခံအားပေးလိုသည်။
၆။ စစ်တပ်၏ အာဆီယံခေါင်းဆောင်များအပေါ် ကတိကဝတ်များကို ဂရုပြုလျက်၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်အားလုံးမှ သဘောတူညီခဲ့သော အာဆီယံ၏ ငါးအချက်ပါ သဘောတူညီချက်ကို ထိထိရောက်ရောက်နှင့် အပြည့်အဝ အကောင်အထည်ဖော်ရန်အတွက် ခိုင်မာ၍ထိရောက်သည့် ဆောင်ရွက်ချက်များကို တောင်းဆိုသည်။ အထွေထွေအတွင်းရေးမှူးချုပ် သို့မဟုတ် ၎င်း၏ အထူးသံတမန်မှတစ်ဆင့် အာဆီယံအထူးသံတမန်နှင့် ညှိနှိုင်းဆောင်ရွက်ကာ လုံခြုံရေးကောင်စီသို့ ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အချက်ငါးချက်ပါ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးကို ကုလသမဂ္ဂမှ ထောက်ပံ့သည့်ကိစ္စကို နှုတ်ဖြင့်အစီရင်ခံတင်ပြရန် တောင်းဆိုသည်။
၇။ အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ထောက်ပံ့ကူညီနိုင်ရေး တို့အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအားလုံးနှင့် အပြည့်အဝပါဝင်သော ကိုယ်စားလှယ်ဆွေးနွေးပွဲ များ ဖြစ်မြောက်မှုကို မြှင့်တင်ရေးအတွက် အာဆီယံအထူးသံတမန်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားသည်။ ဤသို့ဖြစ်မြောက်ရေးအတွက် ကုလသမဂ္ဂ အထူးသံ တမန်နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်ရန် အားပေးတိုက်တွန်းသည်။
၈။ မြန်မာပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီမည့် အဖြေကိုရှာဖွေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ စတင်နိုင်ရန်အလို့ငှာ အာဆီယံ၊ အထူးသံတမန်၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့နှင့် အပြုသဘောဆောင်၍ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံရှိ အင်အားစုများအားလုံးကို တိုက်တွန်းသည်။
၉။ အပြည့်အဝ ဘေးကင်းလုံခြုံပြီး အတားအဆီးမဲ့သော့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ခွင့်အတွက် လိုအပ်ကြောင်း ထပ်လောင်းပြောကြား၍ မြန်မာနိုင်ငံရှိ လူသားများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အတိုင်းအတာတစ်ခုအထိ လိုအပ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အကာအကွယ်နှင့်လုံခြုံမှုကို အပြည့်အဝရရှိလိုကြောင်းတို့ကို အလေးပေးဖော်ပြလိုသည်။
၁၀။ ရခိုင်ပြည်နယ်ရှိ အကျပ်အတည်း၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်လိုအပ်ကြောင်းနှင့် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၏ ဆန္ဒရှိစွာ၊ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာ ရှိရှိနှင့် ရေရှည်နေရပ်ပြန်နိုင်ရေးတို့အတွက် လိုအပ်သောအခြေအနေများ ဖန်တီးပေးရန် အလေးပေး ဖော်ပြလိုသည်။ ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သက်ဆိုင် သူများ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို အားပေးသည်။ ဒုက္ခသည်များနှင့် အိုးမဲ့အိမ်မဲ့သူများ အတွက် အကာအကွယ်နှင့်အကူအညီများ ဆက်လက်ပေးအပ်ခြင်း၏ အရေးပါမှုကိုလည်း ထပ်လောင်း အလေးပေးဖော်ပြသည်။
၁၁။ ဤကိစ္စနှင့်ပက်သက်၍ ဆက်လက်ဆောင်ရွက်သွားမည်။
စသဖြင့်ဖြစ်ပါတယ်။
UNSC Resolution 2669 က အာဆီယံဘုံ ၅ ချက်ပါ ပါဝင်ပြီးဖြစ်တဲ့အတွက် (စု-လွတ်-တွေ့) ကအဓိကအချက်လို့မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်း ကမ္ဘာ ဂင်းနစ်စံချိန်ဝင်ရေးလှုပ်ရှားမှု့က ရည်မှန်းချက် ၈ သောင်းကျော်လွန်သွားနိုင်ပါတယ်။ကမ္ဘာ့ပြည်သူများရှေ့မှောက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လယ်ပို့ဆောင်တဲ့လုပ်ငန်းစဉ်ရဲ့ လုပ်ငန်းအဆင့်တစ်ဆင့်ဖြစ်နိုင်ပါတယ်။ မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍနဲ့ပက်သက်ပြီး သိ့သာထင်ရှားစေတဲ့ လှုပ်ရှားမှု့နဲ့အပြိုင် ဦးဟံသာမြင့်ရဲ့ အငြင်းပွားဖွယ်ဆောင်းပါးပေါ်ထွက်လာတာလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးအဖွဲ့အစည်းပေါင်းမြောက်များစွာအပေါ်ကို ဩဇာတိက္ကမ ရှိ့တဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍလိုအပ်ချက်ကလည်း မလွဲသာမရှောင်သာ ရှိနေတာဖြစ်ပါတယ်။ လက်ရှိခေါင်းဆောင်အမည်ရယူသုံးစွဲလုပ်ကိုင်နေသူအများစုကလည်း “သုံးယောက်ပေါင်းလို့မှ လေးယောက်မြောက်က မလေးစား၊လေးယောက်ပေါင်းလို့မှ ငါးယောက်မြောက်က မလေးစား” လို့ ရဲဘော်တစ်ဦးမှက်ချက်ပြု့တာကို သဘောကျမိပါတယ်။ တိုင်းရင်းသားအဖွဲ့အသီးသီးလည်းအဖွဲ့တွေကွဲသလို အလားတူပဲဖြစ်နေပါတယ်။စာရေးသူတို့မွန်အဖွဲ့ပေါင်းများစွာမှာလည်း နှစ်ဖွဲ့ပေါင်းဖို့လုပ်ရင်း သုံးဖွဲ့ဖြစ်လာ၊သုံးဖွဲ့ပေါင်းကို လေးဖွဲ့မြောက်ကမလေးစား၊လေးဖွဲ့ပေါင်းလည်း ငါးဖွဲ့ကမလေးစား၊အညာလည်းအညာအလျောက်ပါပဲ။
ဒီလိုအကွဲကွဲအပြားပြားအခြေအနေကြီးထဲမှာ အမေရိကန်-တရုတ်၊ထရမ့်နဲ့ရှီ ပြန်ချစ်ကြည်လာကြမယ့်သတင်းတွေကလည်း နိုင်ငံတစ်ကာ အခြေအနေပြောင်းလာတာကို မြင်ရပါတယ်။လတ်တလောတော့ တရုတ်ကို ထရမ့်က နွားသိုးကြိုးပြတ် အတင်းချိန်းတွေ့မယ်ကြီးလိုပဲ မြင်နေရပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှ UN Resolution 2669 ကို ကြီးငါးကြီးဖက်မှ ကန့်ကွက်သူမရှိဖြင့်ချမှတ်ခဲ့ကြတာကို သတိမလွတ်ဖို့လိုပါတယ်။UNSC စနစ်မှာ ကြီးငါးကြီးက အခရာပဲဖြစ်ပါတယ်။ UNSC Resolution 2669 (စု-လွတ်-တွေ့) အသက်ဝင်လာရင် NUG,NUCC,CRPH တို့လို နိုင်ငံရေးအဖွဲ့တွေအတွက် က ရှေ့က PD ပြည်ချစ်တို့၊NCGUB တို့DAB တို့လို့ ဇာတ်ညွန်းဟောင်းအတိုင်း ဖောက်ထားတဲ့ လမ်းဟောင်းအတိုင်း လျောက်လိုက လျောက်နိုင်ခွင့်ရှိကြမှာဖြစ်ပါတယ်။ မြန်မာပြည်အနှံ့အပြားမှာရှိ့တဲ့ တော်လှန်အဖွဲ့မျိုးစုံနဲ့ တော်လှန်ရေးသမား သိန်းချီတဲ့အင်အားစုများ၊သေနတ်အလက်ရေ သိန်းပေါင်းများစွာနဲ့ စစ်အုပ်စုရဲ့ဒဏ်ကိုခံကြရတဲ့ ပြည်သူ သန်းပေါင်းများစွာ ကတော့”နာခံမလား၊အာခံမလား “ရွေးချယ်မှု အကျပ်အတည်းကြုံတွေ့ကြရနိုင်ပါတယ်။ UNSC Resolution 2669( စု-လွတ်-တွေ့ ) ဝင်လာခဲ့ရင် မြန်မာပြည်သူများ၊စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့်တော်လှန်ရေးအဖွဲ့များနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ အကြိမ်ကြိမ်အခါခါ “ခွေးမြီးကောက်၊ကျည်တောက်စွတ်” တတ်တဲ့ စစ်အုပ်စုအကြောင်းကိုလည်း လက်တွေ့ဘဝအတွေ့အကြုံအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိရှိပြီးဖြစ်ပါတယ်။
နိုင်ငံတော်၊ပြည်သူများနဲ့တော်လှန်ရေး အင်အားစုများဟာ စစ် အာဏာရှင်တို့နဲ့ပြန်ဆက်ဆံလို့မရတော့ပါဘူး။နိုင်တော်ဂုဏ်သိက္ခာ၊ပြည်သူလူထုဂုဏ်သိက္ခာ၊တော်လှန်ရေးဂုဏ်သိက္ခာ အတွက် စစ်အာဏာရှင်စနစ် မရှိတော့မှဖြစ်မယ်ဆိုတာ အနိမ့်ဆုံး ပြည်သူနဲ့တော်လှန်ရေးဖက်က သဘောထားကြီးနိုင်မှုအခြေအနေဖြစ်သွားပြီဖြစ်ပါတယ်။ တိုင်းရင်းသားEROs အများစုက နယ်မြေအပိုင်ကိုင်ထားတဲ့(Terrain Game ) ပေါ်လစီနဲ့ပြည်မနိုင်ငံရေး အခြေအနေကို စောင့်ကြည့်နေကြတဲ့အခြေအနေဖြစ်ပါတယ်။ ပြည်မဗိုလ်လုပွဲ ဘယ်လိုအဖြေထွက်မယ်ဆိုတာကို စောင့်ကြည့်နေကြည့်တဲ့အခြေအနေဖြစ်ပါတယ်။ပြည်မမှာ WIN-WIN ဆိုလည်း လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်နေကြမှာဖြစ်ပါတယ်။ ဦးစိုင်းညွန့်လွင်တို့ ယူရိုဘားကြီး ဟန်ညောင်ဝေတို့လုပ်နေကြတဲ့ အင်ဒိုမော်ဒယ် ဆိုတာမျိုးတွေက WIN – WIN ကို မျော်မှန်းပြင်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ တရုတ်နဲ့ထိုင်းနယ်စပ်ကျောမှီထားရတဲ့အဖွဲ့များဟာ နိုင်ငံတစ်ကာဖိ့အားဖို့လွန်ဆန်ဖို့ခက်ကြတာကို သမိုင်းမှတ်တန်းတွေ၊လက်ငင်းဖြစ်ရပ်တွေအရ သိ့သာနိုင်ပါတယ်။ ယခုအခါ အိန္ဒိယနယ်စပ်ပါ စကားပြောလာပြီဖြစ်ပါတယ်။ နယ်စပ်အပြင်ဖက်နဲ့တတိယနိုင်ငံရောက်နေတဲ့ NUG,CRPH,NUCC ကလူတွေကတော့ နိုင်ငံတစ်ကာဖိအားကို ဘယ်လိုလွန်ဆန်ပြနိုင်ကြမလည်းစဉ်းစားရခက်ပါတယ်။NCGUB,DAB,အဝေးရောက်အဖွဲ့များ ရှေ့ကလမ်းတော့နမှုနာရှိ့ထားပါတယ်။
အခုတော့ အားလုံး(အားလုံး) ထူးဆန်းစွာ ဘာအသံမှမထွက်ကြပဲ ငြိမ်သက်နေကြတာကိုက ထူးဆန်းနေပါတယ်။ အကယ်၍ UNSC RESOLUTION 2669 သာ အသက်ဝင်လာပါက ဒေါ်အောင်ဆန်းစုကြည့်၊ဦးဝင်းမြင့်နဲ့ပြည်တွင်းကတော်လှန်ရေးအင်အားစုများ တစ်ညီတစ်ညွတ်ထဲဖြစ်ဖို့ အခြေအနေတစ်ရပ်ပေါ်ထွက်လာမယ်မြင်မိပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးထိ့ ရှင်းထုတ်ဖို့ ပါဝါအပျော့ (နိုင်ငံရေး နည်းလမ်း) နဲ့ ပါဝါအမာ(စစ်ရေးနည်းလမ်း) နားလယ်မှုရှိရှိ ဟန်ချက်ညီဖို့ မဖြစ်မနေလိုအပ်မယ်ထင်ပါတယ်။ တော်လှန်ရေးအဖွဲ့အချို့တော့ မထိမ်းနိုင်၊မသိမ်းနိုင်၊တက်ထောင်မောင်းနင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ တိုက်ခိုက်တာတွေကြုံရနိုင်ပါတယ်။ နောက် လူပုဂ္ဂိုလ်ရေး အငြိုးနဲ့ တိုက်ခိုက်တာတွေက ယခုကထဲကပင်စနေပြီဖြစ်ပါတယ်။ကြုံရနိုင်ပါတယ်။နိုင်ငံရေး ရင့်ကျက်မှုအပေါ်မှုတည်တဲ့ မတူညီတဲ့တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ လူငယ်များဦးဆောင်တဲ့အဖွဲ့တွေက လူငယ်ဆန်တဲ့တုံ့ပြန်မှုတွေလည်း ကြုံရနိုင်ပါတယ်။လူကြီးဦးဆောင်တဲ့အဖွဲ့တွေက လူကြီးဆန်ဆန်တုံ့ပြန်ကြမှာပါပဲ။ဘာပဲဖြစ်ဖြစ် ကလေးမဆန်ဖို့လိုပါတယ်။ သန်းပေါင်းများစွာသော မြန်မာပြည်သူကြီးက တော့စစ်အာဏာရှင်စနစ်အငွေ့အသက်မကုန်သ၍ တော်လှန်ရေးက ဆက်ရှိနေမှာဖြစ်ပါတယ်။ဒီနေရာမှာ မော်စီတုန်း ပြောခဲ့တာကိုကိုးကားရရင်တော်လှန်ရေးဒီရေ အနိမ့်အမြင့်ရှိနိုင် ပေမယ့်မစိုးရိမ်တဲ့အ ကြောင်းပြောပါတယ်။
“တော်လှန်တတ်တဲ့၊ တော်လှန်ရေးအ တွေ့အကြုံရှိတဲ့ ပြည်သူ သန်းပေါင်းများစွာ အစဉ်သင့်ရှိ့ နေပြီဖြစ်လို စိုးရိမ်စရာမလိုပါဘူး”လို့ ဆိုခဲ့ပါတယ်။ ယနေ့မြန်မာပြည်ပင်မ ရေစီး တော်လှန်ရေးရဲ့ ထူးခြားသာလွန်တဲ့အချက်က ယခင်လို နယ်စပ် ဒေသမှာသာ ဖြစ်ပွားတာမဟုတ်ပဲ၊မြန်မာပြည်အတွင်းပိုင်း အဓိကဒေသများမှာ နေရာအနှံ့ ပေါ်ပေါက်တာပဲဖြစ်ပါတယ်။ဒေသခံပြည်သူ သန်းပေါင်းများစွာကို ကျောထောက် နောက်ခံထားပါ်ပါက်လာတာဖြစ်ပါတယ်။ စစ်ကိုင်း၊မန္တလေး၊မကွေး လိုဒေသတွေပေါင်းရင် လူဦး ရေ ၁၅သန်း ကျော် ရှိ့နေပါတယ်။ဒါဟာ သန်းပေါင်းများစွာသော ပြည်သူလူထုကြီးကို တော်လှန်တတ်သော ပြည်သူကြီးအဖြစ် ရင့်မှည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့လိုချင်တဲ့နိုင်ငံရေးအ ဖြေမရမခြင်း၊စစ်အာဏာရှင်စနစ် မရှင်းမခြင်း အကြိမ်ကြိမ်တော်လှန်ဖို့အစဉ်သင့်ဖြစ်နေကြပြီဖြစ်ပါတယ်။နိုင်ငံတစ်ကာဖိ့အားနဲ့ပူးပေါင်းကြံစည်မှုတွေကြောင့် စစ်အာဏာရှင်အမြစ်မပြတ် သေးတဲ့ နင်တန်-နင်တန် ပန်းကန်ကွဲ WIN-WIN နိုင်ငံ ရေးအခြအ နေတစ်ရပ် ကြုံလာကျရင်လည်း ပြည်သူ့လက်ထဲက သေနတ်ကို မောင်းတင်ကျည်ထိုးပြီး အစဉ်သင့်ပြင်ထားပြီး စောင့်ကြည့်နေကြဖို့ပါပဲ။ပြည်သူ့လက်ထဲက သေနတ်လွတ်မကျစဖို့ပါပဲ။
စု-လွတ်-တွေ့ လမ်းစဉ်ဝင်လာရင်
၁။စစ်အာဏာရှင်စနစ် ကို မြန်မာမြပေါ်က အမြစ်ဖြတ်ဖယ်ရှားရေးအတွက် “ဥပဒေတွင်းတိုက်ပွဲ” နည်းနာတစ်ရပ်အဖြစ် ၊တိုက်ပွဲမျက်နှာစာတစ်ရပ်အဖြစ်သဘောထားရန်။
၂။လက်နက်ကိုင် တိုက်ပွဲကို စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ရေးအတွက် အဓိက တိုက်ပွဲမျက်နှာစာအဖြစ် အရှိန်အဟုန်မပျက် ဆက်လက်တိုက်ခိုက်သွားရန်။
၃။ဥပဒေတွင်းတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲကို ဟန်ချက်ညီညီပါင်းစပ်နိုင်ရန်။အမျော်အမြင်ရှိ့ရှိ့ ကြိုတင်ပြင်ဆင်နိုင်ကြပါစေကြောင်း။
စိမ်းမောင်