EROs နယ်ထဲမှာနေလဲ”သူများအိမ်မှာကြက်မ၊ကိုယ်အိမ်မှာကြက်ဖ”လက်တွေ့ရင်ဆိုင်နေကြရတဲ့ဘဝတွေက ကြက်မဒန်းမဟုတ်တော့ဘူး သုံး၊လေးနှစ် ဥကျပြီးသား ကြက်နီမဘဝရောက်နေပြီ။ကြက်မဒန်းကမှ ခြံထဲပတ်ပြေးပြီး (ကတော့ကတော့)၊(ကျူမီငှား၊ကျူမီငှား) ကယ်ကြပါ၊ကယ်ကြပါ
ဆူဆူညံညံလုပ်လို့ရသေး။
ကိုယ်အိမ်နဲ့ကိုယ် ကြက်ဖကြီးလို ရင်အုပ်ကားကား
အောက်အီအီအွတ် လုပ်လို့ရအောင် လုပ်သင့်ပြီ။
ထရန့်နဲ့ စာပေး၊စာယူကို -NUG,NUCC,CRPH မိ့အေးဂဏန်းညှပ်သလိုလို၊ဖိုးထောင်ဇစ်ညပ်သလိုလိုတွေဖြစ်နေတာတွေ၊
-တက်ထောင်မောင်းနင်း၊ရဲရဲတောက်၊ကတ်ကတ်လန်တွေ
ပရိုပိုဆယ်မကျမှာ ကြောင့် အအေးမိ၊အသံနာနေတာတွေ
-တီတီမီမီ ရဲ ဘေးဘီဆိုးဆိုးလေးတွေ နို့ဗူးတပ်ထားပြီး
မပီကလာပီကလာ တီတီတာတာလေးတွေတောင်အသံ
မထွက်တော့တာတွေ၊-မေမေမိဘကြီး(မာမီမျိုး)သားသမီးတွေ ရုတ်တရက်ပါးစောင်လေဖြန်းပြီး ဆေးကုနေရသလိုလိုတွေ၊
-သောင်းထွန်း၊နိုင်အောင်၊ခင်ဥမ္မာ တို့ရဲ့ ကိတ္တိမသား၊သမီးတွေ စွာစွာဖြစ်လာတာတွေ ၊-ဗဟုအပေါင်းနဲ သောသုဇန တွေက ပြည်သူတွေနာလှပြီ၊ငြိမ်းချမ်းရေးပြန်စမည်၊ပျော်ကြမည်၊ရွှင်ကြမည်——– တွေနဲ၊တွေနဲ့။ဘုန်းကြီးရူးနဲ့လှေလူးနဲ့ဆို မြန်မာလှေမှောက်နိုင်မယ်။
————————————–
ဇူလိုင်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
NUG ကို အကဲဖြတ်တဲ့ဆောင်းပါး ဒီပလိုမက်မှာပါပြီနောက်။ ယမ်းကီး ထရန့်ကြီးက မင်းအောင်လှိုင်ဆီလိပ်မှုပြီးစာပို့တယ်။ မင်းအောင်လှိုင်က ထရန့်ကြီးဆီစာပြန်တယ်။ဘောမတစ်သိုက်ကပွဲခံတယ်။လက်ဂျစ်တမေစီသမားတွေက နုတ်ဆိတ်နေတယ်။တေဇာစန်းက ကြွတက်တယ်။တက်ကြွလှုပ်ရှားသူအစုအဖွဲ့ကြီးက ဝိုင်းလှော်တယ်။ဒါလတ်တလော ခေတ်စားနေတာပဲ။ မလေးမှာ အာဆီယံ အပေါင်း အမေရိကန်၊ရုရှား၊တရုတ် မြန်မာ့အရေးဆွေးနွေးပွဲကလဲရှိနေ။တော်ကြာ စူပါပါဝါကြီးတွေပေါင်းပြီး တော်တန်တိတ်၊ငါးကျော်ပန်းကန်ဖိတ်ဖြစ်သွားရင် စားနေကျ ကြောင်ပါးက စားသွားဦးမယ်။ခွေးဆွဲ၊ကြောင်ဆွဲ၊ကြွက်ဆွဲပေါ့။ ရဲဘော်ဗိုလ်ကြင်မောင်ပြောသလို “မြန်မာပြည်သူများ မိမိအရေးမှ မျက်စေ့လည်ပြီး ကျန်ရစ်ခဲ့မှာ စိုးရိမ်မိသည်”ဆိုတာကိုလေးနက်မိသည်။ ဒီအတိုင်းဆိုမကြာမည် NUG ယာယီသမ္မတ ဒူဝါလရှီလ ကို တရုတ်ဖက်က ထရန့် လိုပဲ တရားဝင်ဆက်သွယ်လာနိုင်တယ်။ ရဲဘော်ဗိုလ်ကြင်မောင်ပြောတဲ့ “မိမိတို့၏၊ ဂွကျကျအနေအထား”ဆီရောက်လာနိုင်ပါတယ်။ဂျပန်ကလည်း မြန်မာပြည်တောင်ပိုင်းက သူ့ပရောဂျက်တွေ လုပ်မှာပဲ။တရုတ်ကလည်း တရုတ်-မြန်မာစီးပွားရေး စင်္ကြန် ကိုလျော့ပေးလိုက်လဲ ကူးမင်း-ကျောက်ဖြူရထားလမ်းက ရန်ကုန်ထိမဆင်းတော့ပဲ တန်းဖောက်လို့ရတဲ့အခြေအနေကို ထိန်းချုပ်ထားပြီးပြီ။အိန္ဒိယကလည်း ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၂၇ မှာပြန်စမယ်လို့ အချိန်ဇယားထွက်ထားပြီးပြီ။ အဲ့တော့ စစ်အာဏာရှင်စနစ်ကို “ဝိုင်ဟောင်းကို၊ပုလင်းသစ်ထဲပြောင်းထည့်တဲ့” ကရွက်ကင်းလျောက်ဖော်မြူလာ ပြန်လာဦးမလား။ဆရာမောင်စူးစမ်း ပြန်ဆိုထားခဲ့တဲ့ “အဆိုးကျော့သံသရာ” ပေါ့။
အဲ့လိုတာဆို နိုင်ငံရေးဘဝ၊နိုင်ငံရေးစနစ် ကမှ စစ်ကျွန်ဖြစ်နေရင် ပြည်သူတို့၊နောက်မျိုးဆက်တို့ဆိုတာ ကျွန်ကမွေးတဲ့ ကျွန်သဘောက်နဲ့ မျိုးဆက် ၂ ခုစာလောက် ကျွန်သဘောက်(ကျွန်ရဲ့သားပေါက်) ဖြစ်သွားမယ့်အရေးပဲ။ ပြည်သူတွေက ဘာတွေလည်း တော်လှန်ရေးသမားတွေက ဘာတွေလည်း တစ်မျိုးသားလုံးလွတ်မြောက်ရေးကဘာတွေလည်း။ လက်မည်း၊လက်မည်းကြီးတွေလက်ထွက်လာတာ မြင်အောင်ကြည့်ရင်မြင်နေရပြီ။အနီးစပ်ဆုံး ဥပမာတစ်ခုက တေဇာစန်း ရဲ့ ဝေဖန်ရေးကို တီတီမီမီ (ဒေါက်တာမီမီဝင်းဘတ်)က ဧရာဝတီနဲ့ အင်တာဗျူးမှာ ဝင်ကာပေးတာပဲကြည့်။ကျွန်မကလေးပါ၊မပီကလာပီကလာမို့ပါပေါ့။ မိုးလောက်ကြီးကျယ်၊၊သမုဒ္ဒရာထက်နက်ရှိုင်း၊ခွန်းလွန်းတောင်ကြီးထက် ခိုင်ခံ့တဲ့ ဝန်ကြီး($$$$)ဟာ ကျွန်တော်တို့ ဝါရှင်တန်ဒီစီ ရဲ့ Tv ရိုက်ကူးရေးခန်းမထဲကို ဝင်ရောက်လာပါပြီခင်ဗျားလို့ ဂျာနယ်လစ်ဇင်အသစ်ကို မိတ်ဆက်ခဲ့တဲ့၊ ကဗျာဆရာ ဝန်ကြီးကို ချစ်လွန်းလို့ပါဆိုတဲ့ ဦးခင်မောင်စိုးလဲပါပ။သက်ထွေးနိုင်လဲ ပါလာဦးမယ်၊နောက် ပါလာကြဦးမှာပါ။ သူတို့သတင်းသမားတွေကို။ ဒီမိုကရေစီပဲ၊ပြည်သူကပြောတာပဲ လုပ်သွားတာ။ အဖွဲ့အစည်းကိုကျောထောက်နောက်ခံထားပြီးပြောတာကိုထည့်မပြောဖူး။ပြည်သူတော့ဟုတ်တယ်။သူတစ်ယောက်ရယ်၊စကားဝိုင်း ၁၊၂လုပ်သွားတဲ့ လေး၊ငါးယောက်ရယ်တော့ စပြောတယ်ပေါ့။ ဝိုင်းဝန်းတဲ့ အက်တိဗစ်တွေက ကိုယ်တိုင်ထွက်ပြောမှ ပြည်သူထပ်တိုးလာမယ်ထင်တယ် တီတီ ရယ်။
NUG ပြု့ပြင်ပြောင်းလဲရေးလုပ်ရမှာကတော့ မြန်မာပြည်ထဲက လူသားတွေတင်မကဖူး သက်ရှိ့၊သက်မဲ့အားလုံးက လက်ခံတယ်၊သဘောပေါက်ကြတယ်။** ပြောင်းပုံပြောင်းနည်းက စစ်အာဏာရှင်စနစ်ကို မြန်မာမြေပေါ်ကအပြီးအပိုင်ဖျက်သိမ်းရေးကို မျက်ချေမပြတ်ဖို့လိုမယ်။ သန့်ရှင်းNUGကွ ၊တည်မြဲ NUG ကွတော်လှန်သော NUG ကွ၊ပြု့ပြင်ပြောင်းလဲရေး NUGကွစသဖြင့်၊စသဖြင့်ကိုဦးတည်တဲ့ ပြောင်းလဲမှုမျိုးမဖြစ်ဖို့လိုမယ်။ဖြစ်ခဲ့လဲ ဘာဖြစ်ဖြစ် တော်လှန်သော ပါတဲ့နောက်တော့ လိုက်ရဦးမှာပဲ။ ပင်မရေစီးတော်လှန်ရေးထဲပါလာကြတာ၊လုပ်ကြတာ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချဖို့၊စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့ပဲ။နိုင်ငံ မြေကြီးမြေပုံ ကွဲကြ၊ပြဲကြဖို့မှမဟုတ်တာ။ GAME THEORY လောက်နားလည်ကြရင်ကောင်းမယ်လို့ ပြည်သူတွေကိုသိမ်းကျူံးပြီး ပြောထားတော့။ဟုတ်ပါပြီ။နောင်ချို ကိစ္စ ဘာအသံမှမထွက်နိုင်တာ Game Theory ထဲကတစ်ခုပဲလားလို့ နားလည်ရတာပဲ။ အရှေ့ဘားမား၊အလယ်ဘားမား၊အနောက်ဘားမား အာဂျင်ဒါကြီးဝင်လာရင် ဖက်ဒရယ်ခဏထား၊ရှိရင်းစွဲ ပြည်နယ်တွေအလျားလိုက်ကြီးကွဲထွက်သွားနိုင်တယ်။အကွဲကွဲ၊ပိစိ့လေးများ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သေးသေးလေးတွေ Mini Federal သုံးနိုင်ငံပေါ့။ပြီးရင် ပြည်ထောင်စုများ၏ ပြည်ထောင်စု( ဆိုဗီယက်) ပြန်ဖွဲ့ကြရမယ်ကိန်းပဲ။ အခုအခြေအနေက ပင်မရေစီးတော်လှန်ရေး နှစ်ခြမ်းကွဲရင်၊နိုင်ငံလည်း နှစ်ခြမ်းကွဲမှာပဲ။
ပြည်သူတွေက ဘာတွေလဲတော်လှန်ရေးသမားတွေက ဘာတွေလဲ-
အမျိုးသားလွတ်မြောက်ရေးနဲ့မြေကြီးမြေပုံ မပြိုကွဲရေးအတွက် အတွေးအခေါ်အရ ပြင်ဆင်ထားကြဖို့လိုမယ်။
လက်တွေ့အရလည်း ပြင်ဆင်ထားကြဖို့လိုမယ်ထင်တယ်။
မင်းအောင်လှိုင်အပါအဝင်၊ဗမာပြည်စစ်အုပ်စုအဆက်ဆက်က အလယ်ဘားမားလောက်ရရင် ကျေနပ်နိုင်မယ့်သူတွေ။
ပြည်ထောင်စုမပြိုကွဲရေးတို့၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ဆိုတာ ပါးစပ်ကအသံထွက်ဖို့မပြောနဲ့ လေတောင်မလည်နိုင်တော့ဘူး။ခွေးအ လှည်းနင်းခံရသလို ဖြစ်နေတာပဲကြည့်။နင်နေပြီ၊ယူထားတာ နင့်နေပြီ၊စူပါပါဝါခိုင်းဖတ်လုပ်ထားတာ ကျွံနေပြီ၊ပြည်သူအပေါ်လုပ်ထားတာ လွန်နေပြီ။ ရွေးကောက်ပွဲကို စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းထဲက မြို့ပေါ် ၁၃၀ လောက်မှာမဖြစ်မနေလုပ်သည် လို့လုပ်မှာပဲ။ အိုဘားမား မြန်မာပြည်အပြေးလာ၊အဘွားပါ၊မင်္ဂလာပါမြန်မာပါ လုပ်ခဲ့သလို ထရန့်ကြီးမပြေးလာဘူး ဘယ်သူအာမခံမလည်း။ထရန့်ကိုသေချာအောင်လဲမေးကြဦး။ ၁၀၂၇ ကသိမ်းထားတဲ့ မြို့ ၁၀၀လောက်က စကစ ရွေးကောက်ပွဲအပြီး မှာ တစ်နိုင်ငံစနစ် နှစ်မျိုး ဖော်မြူလာတစ်ခုခုတင်လာမှာပဲ။ ကိုယ်ပိုင် နယ်မြေရှိတယ်၊ပြည်သူရှိတယ်၊ပါတီရှိတယ်၊တပ်ရှိတယ် Defacto တစ်ကယ်ရှိတယ်။စူပါပါဝါကျောထောက် နောက်ခံရှိတယ်။ လုပ်လို့ရတာအများကြီး။ တရားဝင်မှု့ Legitimated ဖြစ်တယ်ဆိုတာ ထိုင်းမှာ ထိုင်းလဝက ၊ထိုင်း ရဲ မွေရင် နေစရာမရှိတာနဲ့တင်များများပြောစရာမလိုဘူးထင်တယ်။ဘာပဲဖြစ်ဖြစ် အညာက ဗိုလ်နဂါးတို့ကမှ Defacto လက်တွေ့ရှိနေသေးတယ်။
EROs နယ်ထဲမှာနေလဲ”သူများအိမ်မှာကြက်မ၊ကိုယ်အိမ်မှာကြက်ဖ”လက်တွေ့ရင်ဆိုင်နေကြရတဲ့ဘဝတွေက ကြက်မဒန်းမဟုတ်တော့ဘူး သုံး၊လေးနှစ် ဥကျပြီးသား ကြက်နီမဘဝရောက်နေပြီ။ကြက်မဒန်းကမှ ခြံထဲပတ်ပြေးပြီး (ကတော့ကတော့)၊(ကျူမီငှား၊ကျူမီငှား) ကယ်ကြပါ၊ကယ်ကြပါ
ဆူဆူညံညံလုပ်လို့ရသေး။
ကိုယ်အိမ်နဲ့ကိုယ် ကြက်ဖကြီးလို ရင်အုပ်ကားကား
အောက်အီအီအွတ် လုပ်လို့ရအောင် လုပ်သင့်ပြီ။
ထရန့်နဲ့ စာပေး၊စာယူကို -NUG,NUCC,CRPH မိ့အေးဂဏန်းညှပ်သလိုလို၊ဖိုးထောင်ဇစ်ညပ်သလိုလိုတွေဖြစ်နေတာတွေ၊
-တက်ထောင်မောင်းနင်း၊ရဲရဲတောက်၊ကတ်ကတ်လန်တွေ
ပရိုပိုဆယ်မကျမှာ ကြောင့် အအေးမိ၊အသံနာနေတာတွေ
-တီတီမီမီ ရဲ ဘေးဘီဆိုးဆိုးလေးတွေ နို့ဗူးတပ်ထားပြီး
မပီကလာပီကလာ တီတီတာတာလေးတွေတောင်အသံ
မထွက်တော့တာတွေ၊-မေမေမိဘကြီး(မာမီမျိုး)သားသမီးတွေ ရုတ်တရက်ပါးစောင်လေဖြန်းပြီး ဆေးကုနေရသလိုလိုတွေ၊
-သောင်းထွန်း၊နိုင်အောင်၊ခင်ဥမ္မာ တို့ရဲ့ ကိတ္တိမသား၊သမီးတွေ စွာစွာဖြစ်လာတာတွေ ၊-ဗဟုအပေါင်းနဲ သောသုဇန တွေက ပြည်သူတွေနာလှပြီ၊ငြိမ်းချမ်းရေးပြန်စမည်၊ပျော်ကြမည်၊ရွှင်ကြမည်——– တွေနဲ၊တွေနဲ့။ဘုန်းကြီးရူးနဲ့လှေလူးနဲ့ဆို မြန်မာလှေမှောက်နိုင်မယ်။
အခုကနိုင်ငံတစ်ကာက “နွားသိုး သားဖောက်ဖို့၊ခြံထဲ မောင်းသွင်းဖို့”လုပ်နေကြတာ။မြိုင်ထနေတဲ့ နွားမတွေ ပါချင်ပါပလေ့စေ။ တော်လှန်ရေးအင်အားစု(သေနတ်ကိုင်ထားတဲ့)တွေကတော့ နိုင်ငံတစ်ကာနဲ့ လျှိုဝှက်ပူးပေါင်းကြံစည်ရေးတွေ ခြံခတ်ထားတဲ့ န(နွား)ခြံထဲ မဝင်မိဖို့ပဲ။ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တိုက်ဖျက်ရေးက C O C ပဲ၊တော်လှန်ရေးဟာ COC ပဲ ဆိုတဲ့ အနိမ့်ဆုံးပေါ်လစီကို ကိုင်ထားဖို့ ပြင်ဆင်မှုတွေ လုပ်ရတော့မယ်ထင်ပါတယ်ဗျ။ မော်စီတုန်းတို့ ၊ဟိုချီမင်းတို့က ကွန်မြူနစ်တွေဆိုပေမယ့်တိုင်းပြည်မပြိုကွဲရေးအတွက် အမေရိကန်၊ဆိုဗီယက် စူပါပါဝါတွေနဲ့နိုင်ငံတစ်ကာကို ဘယ်လောက်တန်ဖိုးပေးရ ပေးရ တစ်ပြားမှ အလျှော့မပေးခဲ့ဘူး။ ဗမာပြည်လတ်တလောလက်ဝဲအင်အားစုအချို့(ဗဟုဝုစ်) ကတော့ ဖက်ဒရယ်အိမ်စာတွေနဲ့ဟိုအခွင့်ရေး ၊ဒီအခွင့်ရေး ၊ တီတီမီမီ ကလေးလေး၊မာမီမျိုး မြေး မြစ်လေး လုပ်နေရတာနဲတင်မအားရဘူးလားမသိ။ မြန်မာပြည်ဆိုတဲ့ နိုင်ငံ၊ မြေကြီး၊မြေပုံ တည်မြဲရေး၊ တစ်မျိုးသားလုံးလွတ်မြောက်ရေး အတွက် ပြည်ချစ်ဝါဒကို လက်ခံတဲ့သူတွေ(ဝဲ ဝဲ၊ယာ ယာ) ပထမအဆင့်အတွေးအခေါ်အရ စုစည်းဖို့လိုအပ်လာပြီလို့ ယူဆရပါကြောင်း။
စိမ်းမောင်