စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (သူ့အတွေး သူ့အမြင်)
မျိုးရန်နောင်သိမ်းလိုလူစားမျိုးဆိုတာ ဘာကိုပြောတာလဲဆိုရင် မူမရှိတဲ့လူစားမျိုးကို ပြောတာ။ အရင်က သူဟာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို စော်ကားတိုက်ခိုက်လေ့ရှိတဲ့သူဖြစ်တယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ချာတိတ်အဆင့်ပဲရှိတယ် စသဖြင့် မလေးမစား ပြောဆိုခဲ့တာ တလတောင်မကြာသေးဘူး။ဒီနေ့တော့ လေးစားပါတယ် ဗိုလ်ချုပ်ဆိုပဲ။ မျိုးရန်နောင်သိမ်း အပြောင်းအလဲမြန်လှချည်လားဆိုပြီး သူများတွေ အံ့သြလည်း ကျနော်တော့မအံ့သြပါ။ ဒီလိုလုပ်ဟန်တွေက အခုမှမဟုတ်ဘူး။ အရင်ကတည်းကပဲ။ ၂၀၀၇ ရွှေဝါရောင်နဲ့ ထောင်ကျတုန်းက အင်းစိန်ထောင်ဆေးရုံမှာ သူတက်နေတယ်၊နေမကောင်းဘူးကြားလို့ ကျနော်တို့က လူနာမေးဖို့ တကူးတက နေမကောင်းဖြစ်ချင်ဟန်ဆောင်ပြီးတော့ကို သွားမေးဖူးသေးတယ်။အဲ့ခေတ်က အကြောင်းပြချက်မရှိဘဲ ဆေးရုံသွားလို့မရဘူး။ သံပုရာသီးရယ် ဦးသာရင်လေငန်းဆေးဗူးရယ်တောင် ကျနော့်လက်ထဲပါလိုက်သေးတယ်။မျိုးရန်နောင်သိမ်း အောက်ပိုင်းသေနေတယ်ကြားလို့။
ကျနော်တို့ကို တွေ့တွေ့ချင်း ကုတင်ပေါ်က ခြေထောက်ကိုမသုံးဘဲ အပေါ်ပိုင်းခန္ဓာကိုယ်ကို အရင် တွန်းဆင်းလိုက်တာမှာ ဗုတ်ခနဲ ကြမ်းပြင်ပေါ်ပြုတ်ကျလိုကျနဲ့။ အော်ဟုတ်ပြီပေါ့ ဒီလူ တကယ်အောက်ပိုင်းသေပြီပေါ့လို့ စိတ်မကောင်းဖြစ်နေတာဗျာ။နောက်လပိုင်း သိပ်မကြာဘူး ထောင်ကလွတ်သွားတော့ ဘာမှမဖြစ်တော့ဘူး။ကားတောင်မောင်းနေတယ်လို့ အပြင်က ထောင်ဝင်စာလာတွေ့တဲ့သူတွေက ပြောပြတယ်။ သူကိုက ဒီလိုလူစားမျိုး။ထောင်ထဲမှာ ရုပ်ရှင်လိုက်တာတွေ၊လက်ကောက်ကျတာတွေ ကျနော်တို့တော့ မလုပ်ပါဘူး။နိုင်ငံရေးသိက္ခာဆိုတာ ရှိသေးတယ်။ရန်သူ့လက်ထဲမှာ ကျနော်တို့က အသနားခံစရာမှ မလိုတာပဲဗျာ။ မိုးပြောဂျိုးပြော မျိုးရန်နောင်သိမ်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ရုတ်တရက်ချက်ချင်း ဘလိန်းကြီးဆိုသလို လေးစားသွားတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်းနဲ့ စကားပြောလို့တဲ့။ နိုင်ငံရေးမူဝါဒတွေ ပေါ်လစီတွေ ရပ်တည်ချက် ရပ်ခံချက်တွေများ ကြည့်မလားအောက်မေ့တယ်။ အမေစုနဲ့ အဆင်ပြေ၊မပြေဘဲ ကွက်ကြည့်တာကိုးဗျ။ဘာနိုင်ငံရေးမှမဟုတ်ဘူး။ ဒါက ပုဂ္ဂိုလ်ကိုးကွယ်မှုသက်သက်ပဲ။ပေါ်ပြူလာ လူပြိန်းကြိုက်ဝါဒပဲ။ နိုင်ငံရေးထဲမှာ ဒီလိုလူတွေ ပါဖို့ကိုမလိုတာ။အတွေးအခေါ်မရှိဘဲ ဆရာကြီးတက်လုပ်ချင်သေးတယ်။ မင်းတို့ဒေါ်စုပြောသလို Absurd တွေ။
ကျော်ကိုကို