ကောမရိတ်မော်မှ တော်လှန်ရေးအောင်မြင်ရန်
-မိမိအခြေအနေ
-ရန်သူ့အခြေအနေ
-ပြည်သူ့အခြေအနေ
-နိုင်ငံတစ်ကာအခြေအနေ
များဆုံချက်ကြ၊အခြေအနေပေးသည့်အချိန်တွင်အောင်မြင်လိမ့်မည်ဟု့ဆိုခဲ့သည်။
တရုတ်တော်လှန်ရေးခရီးရှည်ကြီးတွင် ဒုတိယကမ္ဘာစစ်အပြီးကာလ အမေရိကန်၊ဆိုဗီယက်စစ်အေးကာလအစတွင် နိုင်ငံတစ်ကာအခြေအနေပေး ခဲ့သည်။ဆိုဗီယက်သည် မွန်ဂိုလီးယားနှင်ကိုရီးယားကျွန်းဆွယ်မှ သိမ်းပိုက်ရရှိ့ထားသော ဂျပန်လက်နက်တိုက်အစုလိုက်အပုံလိုက်ကြီးကို ကွန်မြူနစ်မော်စီတုန်းတို့အားလွဲပြောင်းပေးခဲ့သည်။ဤတွင်တရုတ်ပြည်တွင်းစစ်ချိန်ခွင်လျာပြောင်းသွားခဲ့ပြီး ကူမင်တန်ချန်ကေရှိတ်တို့ ဖော်မိုဆာကျွန်းသို့ဆုတ်ခွာခဲ့ရပြီး တရုတ်ပြည်တွင်ကွန်မြူနစ်မာ်စီတုန်းတို့အနိုင်ရသွားသည်။ မော်စီတုန်းမှ ဆိုဗီယက်နှင့်တရုတ် နယ်နမိတ်ရှည်လျားစွာဆက်စပ်နခြင်းနှင့်စစ်အေးခေတ် နိုင်ငံတစ်ကာအခြေအနေအပြောင်းအလဲသည်လည်း တရုတ်ပြည်တာ်လှန် ရေး အတွက် နိုင်ငံတစ်ကာအခြေအနေ ပေးမှု့တစ်ခုဖြစ် ကြောင်းရှင်းပြသည်။
မြန်မာနွေဦးတော်လှန်ရေးတွင်
-မိမိအခြေအနေမှာ အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိ့သည်။
လက်နက်၊လူသူ၊နေ့စဉ်တိုကိပွဲဝင်နိုင်မှု့၊နယ်မြေ မှာ တိုးတက်လျက်ရှိ့သည်။
-ရန်သူ့အခြေအနေမှာ ပုံမှန် ဆုတ်ယုတ်ကျဆင်းလျက်ရှိ့သည်။
နယ်မြေမှာအစဉ်ကျဉ်းကျုံ့လျက်ရှိ့သည်။
-ပြည်သူအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို အရှုံးပေးရန်မဖြစ်နိုင်တော့သည်အခြေအနေသို့ ရောက်ရှိ့နေသည်။
-နိုင်ငံတစ်ကာအခြေအနေမှာ ဝံပုလွေများကြားရောက်နေသော သိုးသူငယ်လို ဖြစ်နေပြီး နိုင်ငံတစ်ကာအခြေအနေအား တော်လှန်ရေးအခြေအနေမှ စီမံသည့် အခြေအနေသို့ရောက်ရန် အားထုတ်နေရဆဲဖြစ်သည်။
တပ်ပေါင်းစု၊ တပ်ပေါင်းစုဆိုသော်လည်းနိုင်ငံရေး”ချို”၊ စစ်ရေး”ပို”သင့်
——————————————
အောက်တိုဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ယခုတစ်လော တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့ရန်အသံများ၊ရေးသားကြသည်များကိုဖတ်နေရပါသည်။ ဤနေရာတွင် ရဲဘော်မော်စီတုန်း၏ တပ်ပေါင်းစုပြဿနာနှင့်ပက်သက်သော သဘောတရားအချို့ဖတ်မှတ်မိသည်များမှ မှတ်မိသလောက်ဆွေးနွေးတင်ပြရန်ကြိုးပန်းကြည့်ပါမည်။
ကောမရိတ် မော် မှ
-တပ်ပေါင်းစုဆိုလျှင် မည်သူဦးဆောင်မည်နည်းဆိုသည့် ဦးဆောင်မှု့ပြဿနာပေါ်မည်ဟု့ ဆိုသည်။
-ဖက်ဆစ်ဂျန်ပန်ခုခံရေး တရုတ်ပြည်တွင် ကူမင်တန်နှင့်ကွန်မြူနစ် ဂျပန်ခုခံရေးတပ်ပေါင်းစုကို မည်သူဦးဆောင်မည်နည်းဟူသော ပြဿနာသည် သဘာဝကျစွာပေါ်ထွန်းခဲ့သည်။
-ကွန်မြူနစ်ပါတီအနေဖြင့် လက်တွေ့အင်အားအရ၊အခြေအနေအရ ကူမင်တန်၊ချန်ကေရှိတ်တို့ကို တပ်ပေါင်းစုဦးဆောင်မှု့အခန်းကဏ္ဍကို ပေးခဲ့သည်။
-လက်တွေ့တွင် ကူမင်တန်တို့သည် ဂျပန်တို့ကို သေသေချာချာမတိုက်ပဲ လှည့်ပတ်ရှောင်တိန်းရေး ကိုသာကျင့်သုံးခဲ့သည်။
-ထို့အပြင် ဂျပန်ကိုတိုက်ဖို့ထက် ကွန်မြူနစ်တို့ကို တိုက်ရန်သာဦးစားပေးလုပ်ဆောင်ခဲ့သည်။
-ကွန်မြူနစ်ပါတီနှင့်တပ်သည် ဂျပန်ခုခံရေး တပ်ပေါင်းစုပေါ်လစီကို မပျက်ဆီးစေရန်ထိမ်းသိမ်းသောအားဖြင့်
ကူမင်တန်တို့၏ နောက်ကျောမှ ဒါးဖြင့်ထိုးသောအလုပ်ကိုသီးခံခဲ့သည်။
-ဖက်ဆစ်ဂျပန်တို့အား ကွန်မြူနစ်ပါတီမှ အမှန်တစ်ကယ် ထူးထူးချွန်ချွန်ဖြင့် အားကျိုးမာန်တက်၊မရပ်မနားတိုက်ခဲ့သည်။
-ချန်ကေရှိတ်နှင့်ကူမင်တန်တို့၏ ထွက်ပြေးရေးဝါဒကြောင့်( ပြည်သူများကို ဂျပန်လက်အောက်တွင် ဖြစ်လိုရာဖြစ် ပစ်ထားခဲ့သည်)ဟု့ပြည်သူတို့မြင်လာကြသည်။
-ကွန်မြူနစ်တပ်များမှာ ဂျပန်များအောက်မှ ပြည်သူများကိုကယ်တင်ရန် အမှန်တစ်ကယ် ဂျပန်ကိုတိုက်နေသူများဟု မြင်လာ၊လက်ခံလာကြသည်။
-ထိုအခါတွင် တရုတ်ပြည်ဂျပန်ခုခံတော်လှန်ရေးတပ်ပေါင်းစုတွင် ကူမင်တန်နှင့်ချန်ကေရှိတ်တို့ ဦးဆောင်နေသည်ဆိုသော်လည်း လက်တွေ့တွင် ကွန်မြူနစ်များသာဦးဆောင်၍ တိုက်ခိုက်နေသည်ဟု့ ပြည်သူများက လက်ခံအသိအမှတ်ပြု့လာသည်။
-ဖက်ဆစ်ဂျပန်ကို မည်သူက အမှန်တစ်ကယ်ဦးဆောင်တိုက်နေသည်ဟု ပြည်သူလူထုက သက်မှက်ခြင်သည် လက်တွေ့တပ်ပေါင်းစုကို ဦးဆောင်နေသူ အစစ်အမှန်သာဖြစ်သည်။
ဆိုသည့် သဘောတရားကို ရှင်းလင်းပြခဲ့သည်။
ဆိုလိုသည်မှာ တပ်ပေါင်းစုဟုသဘောတရားအားဖြင့်၎င်း လက်တွေ့အားဖြင့်၎င်း စတင်လိုက်သည်နှင့် အဆိုပါတပ်ပေါင်းစုကိုမည်သူဦးဆောင်မည်နည်းဆိုသည့် ပြဿနာသည် မဖြစ်မနေရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာဖြစ်သည်။ စံနှုန်းနိုင်ငံရေးအားဖြင့် တပ်ပေါင်းစုဆိုလိုက်သည်နှင့် စုပေါင်းခေါင်းဆောင်မှု့ကို တောင်းဆိုကြမည်ပင်ဖြစ်သည်။ လက်တွေ့နိုင်ငံရေးအရ တရုတ်ပြည်ဂျပန်ခုခံရေးတပ်ပေါင်းစုကာလတွင် ချန်ကေရှိတ်၏ ကူမင်တန်တပ်မှာ အင်အားသန်းချီပြီး မော်စီတုန်း၊ကွန်မြူနစ်တို့တွင် အင်အား သိန်းကျော်သာရှိ့နေသည့်အခြေအနေဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ အမှတ် ၄ စစ်ကြောင်းကြီး၊အမှတ် ၈ စစ်ကြောင်းကြီးတို့မှာလည်း တစ်စုံတစ်ရာ လစ်ဘရယ်လုပ်ဟန်ဖြင့် အတန်အသင့်လွတ်လပ်စွာလှုပ်ရှားနေဆဲကာလဖြစ်သည်။ပါတီဗဟိုမှာ ပြန်လည်တည်ဆောက်အားယူနေဆဲကာလဖြစ်သည်။ ဤတွင်လက်တွေ့နိုင်ငံရေးအရ အင်အားအချိုးအစားကွာဟမှု့အပေါ်မှုတည်ပြီး ကူမင်တန်တို့မှ တပ်ပေါင်းစုဦးဆောင်မှု့ကို အလျော့မပေးပဲအရယူထားသည်။ မော်စီတုန်းတို့မှ ကူမင်တန်တို့၏အင်အားအချိုးအစားနှင့်နိုင်ငံတစ်ကာအထောက်အပံ့ရရှိ့မှု့အပေါ်မှုတည်၍တပ်ပေါင်းစုဦးဆောင်မှု့အခန်းကဏ္ဍကိုပေးခဲ့ရသည်။ သို့သော်လက်တွေ့ဂျပန်ခုခံတော်လှန်ရေးတွင် (ကူမင်တန်တို့က တစ်ကယ်မတိုက်ပဲ ကွန်မြူနစ်တို့က အနစ်နာခံကာတစ်ကယ်တိုက်နေသည်)ဟု ပြည်သူလူထုက မြင်လာအသိအမှတ်ပြု့လာသည်။ ထိုသို့ပြည်သူလူထုက ဖက်ဆစ်ဂျပန်ကိုတစ်ကယ်ဦးဆောင်တိုက်နေသည်ဟု့ မြင်လာ၊အသိအမှတ်ပြု့လာခြင်းသည် ဦးဆောင်မှု့အခန်းကဏ္ဍကို အမှန်တကယ်ရရှိ့ခြင်းဖြစ်လာလိမ့်မည်ဟု ရှင်းပြခြင်းဖြစ်သည်။
ကောမရိတ်မော်မှ တော်လှန်ရေးအောင်မြင်ရန်
-မိမိအခြေအနေ
-ရန်သူ့အခြေအနေ
-ပြည်သူ့အခြေအနေ
-နိုင်ငံတစ်ကာအခြေအနေ
များဆုံချက်ကြ၊အခြေအနေပေးသည့်အချိန်တွင်အောင်မြင်လိမ့်မည်ဟု့ဆိုခဲ့သည်။
တရုတ်တော်လှန်ရေးခရီးရှည်ကြီးတွင် ဒုတိယကမ္ဘာစစ်အပြီးကာလ အမေရိကန်၊ဆိုဗီယက်စစ်အေးကာလအစတွင် နိုင်ငံတစ်ကာအခြေအနေပေး ခဲ့သည်။ဆိုဗီယက်သည် မွန်ဂိုလီးယားနှင်ကိုရီးယားကျွန်းဆွယ်မှ သိမ်းပိုက်ရရှိ့ထားသော ဂျပန်လက်နက်တိုက်အစုလိုက်အပုံလိုက်ကြီးကို ကွန်မြူနစ်မော်စီတုန်းတို့အားလွဲပြောင်းပေးခဲ့သည်။ဤတွင်တရုတ်ပြည်တွင်းစစ်ချိန်ခွင်လျာပြောင်းသွားခဲ့ပြီး ကူမင်တန်ချန်ကေရှိတ်တို့ ဖော်မိုဆာကျွန်းသို့ဆုတ်ခွာခဲ့ရပြီး တရုတ်ပြည်တွင်ကွန်မြူနစ်မာ်စီတုန်းတို့အနိုင်ရသွားသည်။ မော်စီတုန်းမှ ဆိုဗီယက်နှင့်တရုတ် နယ်နမိတ်ရှည်လျားစွာဆက်စပ်နခြင်းနှင့်စစ်အေးခေတ် နိုင်ငံတစ်ကာအခြေအနေအပြောင်းအလဲသည်လည်း တရုတ်ပြည်တာ်လှန် ရေး အတွက် နိုင်ငံတစ်ကာအခြေအနေ ပေးမှု့တစ်ခုဖြစ် ကြောင်းရှင်းပြသည်။
မြန်မာနွေဦးတော်လှန်ရေးတွင်
-မိမိအခြေအနေမှာ အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိ့သည်။
လက်နက်၊လူသူ၊နေ့စဉ်တိုကိပွဲဝင်နိုင်မှု့၊နယ်မြေ မှာ တိုးတက်လျက်ရှိ့သည်။
-ရန်သူ့အခြေအနေမှာ ပုံမှန် ဆုတ်ယုတ်ကျဆင်းလျက်ရှိ့သည်။
နယ်မြေမှာအစဉ်ကျဉ်းကျုံ့လျက်ရှိ့သည်။
-ပြည်သူအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို အရှုံးပေးရန်မဖြစ်နိုင်တော့သည်အခြေအနေသို့ ရောက်ရှိ့နေသည်။
-နိုင်ငံတစ်ကာအခြေအနေမှာ ဝံပုလွေများကြားရောက်နေသော သိုးသူငယ်လို ဖြစ်နေပြီး နိုင်ငံတစ်ကာအခြေအနေအား တော်လှန်ရေးအခြေအနေမှ စီမံသည့် အခြေအနေသို့ရောက်ရန် အားထုတ်နေရဆဲဖြစ်သည်။
ချန်ကေရှိတ်သည်စစ်ရှုံးလာသည့်အခါ နိုင်ငံတစ်ကာသို့မျက်ရည်ခံထိုးလာသည်။နိုင်ငံတစ်ကာမှလည်း အမေရိကန်ဦးဆောင်သည့် မာရှယ်ငြိမ်းချမ်းရေးအစီအစဉ်ကိုတင်သွင်းလာသည်။မာရှယ်ငြိမ်းချမ်းရေးအစီအစဉ်မှာ တရုတ်ပြည်နှစ်ပိုင်း၊ တောင်တရုတ်၊မြောက်တရုတ်အစီအစဉ်ပင်ဖြစ်သည်။ တရုတ်၏မဟာမိတ်၊အမေရိကန်ပြိုင်ဖက်ဆိုဗီယက်ကလည်း တောင်၊မြောက် တရုတ်အစီအစဉ်ကိုလက်ခံရန်နားချသည်။ ဤတွင်မော်စီတုန်းတို့မှ လက်မခံပဲပြည်တွင်းစစ်ကိုအဆုံးထိဆင်နွဲရန် တရုတ်ပြည်ပေါင်းစည်းရေး အမျိုသားရေးပေါ်လစီချမှတ်ခဲ့သည်။တရုတ်ပြည်ပေါင်းစည်းရေး အမျိုးသားရေးပေါ်လစီကြောင့်ချန်ကေရှိတ်တို့ ရှုံးနိမ့်ထွက်ပြေးရသည်။ ယခုအခါ မြန်မာစစ်အုပ်စုသည် နိုင်ငံတစ်ကာကို မျက်ရည်ခံထိုးလာသည်။နိုင်ငံတစ်ကာမှလည်း မိမိတို့ကြိုးကိုင်၍ရမည့်သူများပါနိုင်သမျှပါသော အုပ်စိုးသူအသစ်ပေါ်ထွက်လာရေးကို ၎င်းတို့အကျိုးစီးပွားအသီးသီးအရ လမ်းကြောင်းနေသည်။
အမေရိကန်လူနှင်တရုတ်လူတို့၏ ဖက်စပ်အစိုးရ ပေါ်ပေါက်ရေးလုပ်ကြမည်ပင်ဖြစ်သည်။ ဤသို့နိုင်ငံတစ်ကာကျုံးသွင်းမှု့မှကျော်လွှားနိုင်ရေးအတွက်အဖြေမှာ စစ်အနိုင်တိုက်ရေးပင်ဖြစ်သည်။ စစ်အနိုင်တိုက်ရေးတွင် မိမိအခြေအနေပိုမိုခိုင်ခံရန် တပ်ပေါင်းစုပေါ်လစီနှင့်လုပ်ဟန်လိုအပ်လာမည်ပင်ဖြစ်သည်။ တပ်ပေါင်းစုပေါ်လစီသည် စစ်အနိုင်တိုက်ရေးအတွက်ဆိုပါက စစ်ရေးတပ်ပေါင်းစုပေါ်လစီပင်ဖြစ်ပြီး အင်အားအလိုက်ပေါင်းစုရမည်ပင်ဖြစ်သည်။ အင်အားအများဆုံးသောသူသည် သဘာဝကျစွာ စစ်ရေးတပ်ပေါင်းစုကိုဦးဆောင်မည်ပင်ဖြစ်သည်။
တရုတ်ပြည်ဂျပန်ခုခံရေးကာလတွင် တပ်ပေါင်းစုပေါ်လစီနှင့်ပက်သက်၍ ကောမရိတ်မော်မှ စစ်ရေးတပ်ပေါင်းစုတွင် ချန်ကေရှိတ်တို့ဦးဆောင်သည်ကိုခွင့်ပြု့ခဲ့ရသော်လည်း နိုင်ငံရေးတွင်သီးခြားပေါ်လစီဖြင်သာ မိမိပေါ်လစီမှုဝါဒကိုအခိုင်အမာဆုတ်ကိုင်ထားရေးကိုကျင့်သုံးခဲ့သည်။ (စစ်ရေးတပ်ပေါင်းစု၊ နိုင်ငံရေးမဟာမိတ်) သဘောတရားဖြင့်သာ ဂျပန်ကိုစစ်အနိုင်တိုက်ရေးအတွက် လိုက်လျောခဲ့သည်။ မြန်မာပြည်တွင် တပ်ပေါင်းစုလိုအပ်ချက်ရှိ့လာသည်တွင် စစ်ရေးတပ်ပေါင်းစုတွင် အင်အားအချိုးအစားအလိုက် ခေါင်းဆောင်မှု့ပြဿနာကိုမလွဲမသွေ၊ရှောင်လွဲမရ ကိုင်တွယ်ဖြေရှင်းရမည်ပင်ဖြစ်သည်။စစ်ရေးတပ်ပေါင်းစုတွင်ခေါင်းဆောင်မှု့ပြဿနာကို ကိုင်တွယ်နိုင်ပါက နိုင်ငံရေးတွင်မဟာမိတ်ပေါ်လစီသာ ခင်းကျင်းနိုင်မည်ဖြစ်သည်။ ယခုအခါတပ်ပေါင်းစုပြောဆိုနေသူများတွင် အင်အားအချိုးအစားအပေါ်အခြေခံသော စစ်ရေးတပ်ပေါင်းစုထက် နိုင်ငံရေးဆိုင်းဘုတ်အလိုက် နိုင်ငံရေးတပ်ပေါင်းစုကို ဦးစားပေးတွန်းအားပေးနေကြသည်။ ဥက္ကဌ၊အတွင်းရေးမှုးနှင့် ဗဟိုကော်မတီဝင်လက်တစ်ဆုတ်စာသာရှိ့ပြီး လှည့်ကြည့်လျင် ကျောကုန်းများသာရှိ့သူများကလည်း တပ်ပေါင်းစုသည်နိုင်ငံရေးတပ်ပေါင်းစုဖြစ်ရမည်၊သူတို့ကိုလည်းတပ်ပေါင်းစုတွင်တစ်နေရာပေးကိုပေးရမည် ဆိုသည့် နိုင်ငံရေးတပ်ပေါင်းစုအားသန်နေ၍ တိုးတက်မှု့နှေးကွေးနေသည်ဟု ယူဆမိသည်။ စစ်အတွင်းကာလနိုင်ငံရေးသည် စစ်အနိုင်တိုက်ရေးဟု သခင်သန်းထွန်းဆိုခဲ့သလို ယခုကာလတွင် စစ်အနိုင်တိုက်ရေးကာလဖြစ်သည့်အတွက် စစ်ရေးတပ်ပေါင်းစုကို ဦးစွာ တွန်းအားပေးသင့်သည်။ ယခုကာလအား”နိုင်ငံရေးချို၊စစ်ရေးပို”ကာလဟုယူဆလျင် နိုင်ငံရေးမဟာမိတ်ပေါ်လစီဖြင့်သာ စစ်ရေးတပ်ပေါင်းစုပေါ်လစီချမှတ်သင့်သည်။
လက်ဝဲနိုင်ငံရေး ဝန်းကျင်တွင်ပြောလေ့ရှိ့သော
“လေ့လာမှု့မရှိ့လျင် စကားပြောဆိုခွင့်မရှိ့” ဆိုသည့် ထုံးကို စစ်ရေးတပ်ပေါင်းစုတွင် ကျင့်သုံးမည်ဆိုလျင်
“စစ်အင်အားမရှိ့လျင်၊စစ်ရေးတပ်ပေါင်းစုတွင် ပါဝင်ခွင့်မရှိ့”
ဟူ၍ဖြစ်မည်ထင်သည်။
မင်းတို့ကတော်လှန်ရေးစိုက်၊ငါတို့ကနိုင်ငံရေးစိုက်ဆိုသည်ကို နိုင်ငံရေးချို စစ်ရေးပိုကာလတွင် နောက်ဆုတ်ပေးထားရန်လိုအပ်သည်ဟု့ယူဆမိသည်။ “မော်စီတုန်းမှ အာဏာသည် သေနတ်ပြောင်းမှထွက်သည်”ဆိုသည်မှာ ဖောက်ပြန်သော ဖက်ဆစ်ချန်ကေရှိတ်တို့သေနတ်အရေအတွက်ထက် တော်လှန်သော ပြည်သူတို့၏ သေနတ်အရေအတွက်က သာမှသာ ပြည်သူ့အာဏာရမည်ကိုဆိုလိုခြင်းဖြစ်သည်။ စစ်အာဏာရှင်တို့ထက်ပြည်သူတို့၏သေနတ်အရေအတွက် များမှသာ ပြည်သူ့တို့အနိုင်ရမည်၊ပြည်သူတို့အာဏာရမည်ဖြစ်သည်။ ပြည်သူတို့၏ ပျံ့ကျဲနေသော သေနတ်များစု စုစည်းရန် တပ်များပေါင်းစုရန် အချိန်တန်လာပြီဖြစ်သည်။ တပ်များပေါင်းစုရန်အတွက် ကနဦး စစ်ရေးတပ်ပေါင်းစုပေါ်လစီကို ဦးစားပေးရန်လိုပြီး နိုင်ငံရေးတပ်ပေါင်းစုထက် နိုင်ငံရေးမဟာမိတ်ပေါ်လစီသာ လတ်တလောချမှတ်သင့်သည်မြင်မိ့ပါကြောင်း။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အမြင်အယူအဆသာဖြစ်ပါသည်။