“ရဲခေါင်ပျောက်ကြား ချေဂွေဗားရားကျဆုံးခြင်း(၅၈)နှစ်မြောက်နေ့သို့…”

တောင်အမေရိကားတိုက်မှာ..ဒီနေ့(၉/၁၀/၂၀၁၇),နေ့ဟာ ရဲခေါင်ပျောက်ကြား”ဒေါက်တာအာနက်စတိုချေဂွေဗားရား”ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့အနှစ်(၅၀)ပြည့်နေ့ဖြစ်ပါတယ်။

ရဲဘော်ချေကျဆုံးခဲ့တဲ့အနှစ်(၅၀)ပြည့်အခမ်းအနားတွေကိုတခါက”ချေ”ဦးဆောင်တဲ့ကျုးဘားတော်လှန်ရေးတပ်တွေရဲ့အောင်ပွဲခံမြို့ဆန်ဒီယေးဂိုး(San Diego),…ချေမွေးဖွားရာဇာတိမြို့ဖြစ်တဲ့အာဂျင်တီးနားနိုင်ငံ”ရိုဆာတစ်”(Rosatic),…ချေဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ဘိုလီဗီးယားနိုင်ငံက”လာဟီဂွါရာ”(La Higuera),မြို့တွေနဲ့တခြားလက်တင်အမေရိကားမြို့တွေမှာပါကျင်းပပြုလုပ်ခဲ့ကြပါတယ်..။

ဒီအခမ်းအနားတွေအားလုံးဟာအစိုးရတွေကနိုင်ငံရေးအသုံးချဖို့လုပ်တဲ့”လူထုအခမ်းအနား”အမည်ခံပွဲမျိုးတွေမဟုတ်ဘဲ..”ရဲဘော်ချေ”ကိုချစ်မြတ်နိုးကြတဲ့တကဲ့ပြည်သူလူထုတွေကရင်ထဲကနှစ်နှစ်ကာကာနဲ့လာရောက်စုဝေးပြီးကျင်းပခဲ့ကြတဲ့”ချေ”ကျဆုံးတဲ့အနှစ်ငါးဆယ်ပြည့်အခမ်းအနားတွေဖြစ်ပါတယ်..ကျုဘားမှာအစိုးရအဖွဲ့ဝင်တွေကိုယ်တိုင်တက်ရောက်ခဲ့သလိုဘိုလီဗီးယားမှာလဲသမ္မတကိုယ်တိုင်တက်ရောက်လာခဲ့ပါတယ်။

ဒါဘာကြောင့်လဲ…?
ကွယ်လွန်သူကဗျာဆရာ”မောင်စိမ်းနီ”စကားနဲ့ပြောရရင်တော့”ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်”ဆိုတဲ့အတိုင်းပါဘဲ..”ပြည်သူချစ်လို့ကမ္ဗည်းတင်တာ”လို့ဘဲပြောရမှာပါဘဲ..။

“ရဲဘော်ချေ”ဟာ အာရှ အာဖရိက,လက်တင်အမေရိကားမှာရှိတဲ့အဖိနှိပ်ခံပြည်သူတွေရဲ့သူရဲကောင်းဖြစ်လို့ပါဘဲ…အနှစ်ငါးဆယ်မဟုတ်ပါဘူးနောင်အနှစ်ငါးရာထိလဲကျနော်တို့ရင်ထဲမှာ..
“ရဲဘော်ချေ”ဟာ…
“သံမဏိလိပ်ပြာ(သို့မဟုတ်)လက်တင်အမေရိကားကောင်ကင်ထက်ကကြယ်နီ”
အဖြစ်ရှိနေဦးမှာလို့ယုံကြည်ပါတယ်..။

“ရဲခေါင်ပျောက်ကြား ချေဂွေဗားရားကျဆုံးခြင်း(၅၈)နှစ်မြောက်နေ့သို့…”
————————————————
အောက်တိုဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

(၉-၁၀-၂၀၂၅) နေ့ဟာ ဘိုလီဗီးယားတောတွင်းတနေရာက “လာဟီဂွါရာ”စစ်အခြေစိုက်စခန်းမှာ ဒူးမထောက် အညံမခံ လက်နက်မချတဲ့တော်လှန်ရေးသမား “ချေဂွေဗားရား”ကိုပစ်သတ်ခဲ့ကြတာ အခုဆို (၅၈)နှစ်ပြည့်ခဲ့ပါပြီ..

နောက်တနှစ်အကြာ မှာတော့ မြန်မာပြည်က ပဲခူးရိုးမတနေရာမှာလဲ နေဝင်း-စန်းယု စစ်အုပ်စုမှ စေလွှတ်လိုက်တဲ့ကြေးစားလူသတ်သမား “ကြုံတိတ်(ခ)လုံတိတ် ” ဟာ “သခင်သန်းထွန်း”ကို နောက်ကျောကသေနတ်နဲ့ပစ်သတ်ခဲ့ပြန်ပါတယ်..

(၁၉၆၇-၆၈) ခုနှစ်တွေဟာ ကမ္ဘာတဝှမ်းမှာ ဖေါက်ပြန်တဲ့အာဏာရှင်တွေက ဓနရှင် ကိုလိုနီလက်သစ်ဝါဒီတွေနဲ့ပေါင်းပြီး အဖိနှိပ်ခံပြည်သူ့လွတ်မြောက်ရေးကြိုးပမ်းနေကြတဲ့ တော်လှန်ရေးသမားခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့နှစ်တွေလဲဖြစ်ခဲ့ပါတယ်..

ဒါပေမဲ့..သူတို့ရဲ့ တော်လှန်ရေးဝိညာဉ်တွေကတော့..”သတ်သော်မသေ ချေသော်မကြေ” ဒီနေ့အထိ လူထုကြားမှာ ရှင်သန်နေဆဲပါဘဲ..

ဒီကနေ့မှာလဲ..မြန်မာ့နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်းတွေကိုလဲ မြန်မာဖက်ဆစ်တပ်ဟာ နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြံသတ်ဖြတ်နေကြဆဲပါ..

(၉-၁၀-၂၀၂၅) ရဲခေါင်ပျောက်ကြား “ချေဂွေဗားရား”လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ (၅၈)နှစ်မြောက်နေ့နဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သူရဲကောင်းအာဇာနည်တွေကို တခါက စာရေးဆရာသမဂ္ဂမဂ္ဂဇင်းမှာဖေါ်ပြခဲ့တဲ့ ကျနော်ရဲ့ ဒီဆောင်းပါးလေးနဲ့ ဦးညွတ်အလေးပြုလိုက်ပါတယ်..။


******************************

“”သံမဏိလိပ်ပြာ(သို့မဟုတ်)လက်တင်အမေရိကားကောင်းကင်ထက်ကကြယ်နီ””

(၁)

တောင်အမေရိကားတိုက်မှာ..ဒီနေ့(၉/၁၀/၂၀၁၇),နေ့ဟာ ရဲခေါင်ပျောက်ကြား”ဒေါက်တာအာနက်စတိုချေဂွေဗားရား”ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့အနှစ်(၅၀)ပြည့်နေ့ဖြစ်ပါတယ်။

ရဲဘော်ချေကျဆုံးခဲ့တဲ့အနှစ်(၅၀)ပြည့်အခမ်းအနားတွေကိုတခါက”ချေ”ဦးဆောင်တဲ့ကျုးဘားတော်လှန်ရေးတပ်တွေရဲ့အောင်ပွဲခံမြို့ဆန်ဒီယေးဂိုး(San Diego),…ချေမွေးဖွားရာဇာတိမြို့ဖြစ်တဲ့အာဂျင်တီးနားနိုင်ငံ”ရိုဆာတစ်”(Rosatic),…ချေဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ဘိုလီဗီးယားနိုင်ငံက”လာဟီဂွါရာ”(La Higuera),မြို့တွေနဲ့တခြားလက်တင်အမေရိကားမြို့တွေမှာပါကျင်းပပြုလုပ်ခဲ့ကြပါတယ်..။

ဒီအခမ်းအနားတွေအားလုံးဟာအစိုးရတွေကနိုင်ငံရေးအသုံးချဖို့လုပ်တဲ့”လူထုအခမ်းအနား”အမည်ခံပွဲမျိုးတွေမဟုတ်ဘဲ..”ရဲဘော်ချေ”ကိုချစ်မြတ်နိုးကြတဲ့တကဲ့ပြည်သူလူထုတွေကရင်ထဲကနှစ်နှစ်ကာကာနဲ့လာရောက်စုဝေးပြီးကျင်းပခဲ့ကြတဲ့”ချေ”ကျဆုံးတဲ့အနှစ်ငါးဆယ်ပြည့်အခမ်းအနားတွေဖြစ်ပါတယ်..ကျုဘားမှာအစိုးရအဖွဲ့ဝင်တွေကိုယ်တိုင်တက်ရောက်ခဲ့သလိုဘိုလီဗီးယားမှာလဲသမ္မတကိုယ်တိုင်တက်ရောက်လာခဲ့ပါတယ်။

ဒါဘာကြောင့်လဲ…?
ကွယ်လွန်သူကဗျာဆရာ”မောင်စိမ်းနီ”စကားနဲ့ပြောရရင်တော့”ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်”ဆိုတဲ့အတိုင်းပါဘဲ..”ပြည်သူချစ်လို့ကမ္ဗည်းတင်တာ”လို့ဘဲပြောရမှာပါဘဲ..။

“ရဲဘော်ချေ”ဟာ အာရှ အာဖရိက,လက်တင်အမေရိကားမှာရှိတဲ့အဖိနှိပ်ခံပြည်သူတွေရဲ့သူရဲကောင်းဖြစ်လို့ပါဘဲ…အနှစ်ငါးဆယ်မဟုတ်ပါဘူးနောင်အနှစ်ငါးရာထိလဲကျနော်တို့ရင်ထဲမှာ..
“ရဲဘော်ချေ”ဟာ…
“သံမဏိလိပ်ပြာ(သို့မဟုတ်)လက်တင်အမေရိကားကောင်ကင်ထက်ကကြယ်နီ”
အဖြစ်ရှိနေဦးမှာလို့ယုံကြည်ပါတယ်..။

(၂)

ရဲဘော်ချေကိုအာဂျင်တီးနားနိုင်ငံ”ရိုဆာတစ်”မြို့လေးမှာ(၁၄/၆/၁၉ ၂၈),မှာမွေးဖွားခဲ့ပြီး…ဆေးပညာဘွဲ့ရဆရာဝန်တဦးလဲဖြစ်ပါတယ်..သူဟာမော်တော်ဆိုင်ကယ်တစီးနဲ့လက်တင်အမေရိကားနိုင်ငံတွေကိုလှည့်လည်သွားလာရင်း(သူရေးခဲ့တဲ့”The Motorcycle Diaries “,ဆိုတဲ့စာအုပ်ဟာ”New York Time”,သတင်းစာကြီးရဲ့”Best seller”စာအုပ်ပါ),မက္ကစီကိုနိုင်ငံမှာ”ဖီဒယ်ကတ်စရိုနဲ့ရောကတ်စထရို”တို့ညီအကိုနဲ့တွေ့ပြီးကျုးဘားတော်လှန်ရေးရဲဘော်ဖြစ်လာခဲ့ပါတယ်..သူတို့ဟာ”ဂရမ္မာ”ဆိုတဲ့ရွက်လှေကလေးနဲ့ရဲဘော်(၈၂)တင်ပြီးမက္ကစီကိုပင်လယ်ကွေ့ကိုဖြတ်ပြီးကျုးဘားအနောက်မြောက်ကမ်းခြေကိုဆိုက်ကပ်လိုက်ချိန်မှာဘဲ”ဘာတစ္စတာ”ရဲ့တပ်တွေကပိတ်ဆို့ချေမှုန်းခံခဲ့ရလို့….နာမည်ကျော်”လူ(၁၂)ယောက်သေနတ်(၁၂)”ဘဲကျန်တော့တဲ့အခြေအနေကနေ..နောက်ခြောက်နှစ်အကြာ (၁၉ ၅၉),ခုနှစ်မှာအာဏာရှင်”ဘာတစ္စတာ”အမေရိကန်ကိုထွက်ပြေးခဲ့ရပြီးလုံးဝအောင်ပွဲခံတဲ့အထိတိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းတဦးလဲဖြစ်ပါတယ်..။

ကျုဘားတော်လှန်ရေးအောင်ပွဲခံခဲ့ရတာဟာ”ကတ်စထရို”ရဲ့မှန်ကန်တဲ့နိုင်ငံရေးဦးဆောင်မူ့နဲ့”ရဲဘော်ချေ”ရဲ့ပျောက်ကြားတော်လှန်ရေးနည်းဗျုဟာတွေမှန်ကန်ခဲ့တာကြောင့်လို့ပြောနိုင်ပါတယ်..။

ကျုးဘာတော်လှန်ရေးအောင်ပွဲခံပြီးတဲ့နောက်”ချေ”ကိုအစိုးရအဖွဲ့ဝန်ကြီးတနေရာပေးခဲ့ပါတယ်…”ချေ”ဟာပျောက်ကြားတော်လှန်ရေးသမားတဦးသက်သက်တင်မဟုတ်ဘဲ…”မာ့ခ်ဝါဒ”သဘောတရားကြေညက်သူလဲဖြစ်တာကြောင့်(၁၉ ၆၂)ခုနှစ်ကျုးဘားဒုံးပျံအရေးအခင်းမှာလဲ”ဟားဗားနား”နဲ့”နယူးယောက်ကုလသမဂ္ဂ”ကိုခေါက်တုန့်ခေါက်ပြန်သွားခဲ့တဲ့နိုင်ငံရေးစေ့စပ်ညှိနှိုင်းရေးမူးလဲဖြစ်ခဲ့ပါတယ်..။

ကျုးဘားဒုံပျံအရေးခင်းပြီးတဲ့နောက်မှာအစိုးရအဖွဲ့ဝင်ဝန်ကြီးနေရာကနုတ်ထွက်ပြီးကျုးဘားကတိတ်တဆိတ်ထွက်ခွါခဲ့ပြီးအာဖရိမှာတော်လှန်ရေးလုပ်ဖို့သွားခဲ့ပါသေးတယ်…နောက်မှလက်တက်အမေရိကားကိုပြန်လာပြီး”ဘိုလီဗီယား”မှာအခြေချပြီးတော်လှန်ရေးလုပ်ဖို့ပြင်ဆင်ခဲ့တာပါ..။

ဘိုလီဗီယားတောင်တန်းတွေပေါ်မှာပျောက်ကြားစစ်ဆင်နွဲရင်းတိုက်ပွဲတခုမှာပေါင်ကိုသေနတ်မှန်ပြီးအဖမ်းခံခဲ့ရပါတယ်..။

ရန်သူကလက်နက်ချကြောင်းလက်မှတ်ရေးထိုးပေးဖို့တောင်းဆိုခဲ့တာကိုငြင်းဆိုခဲ့လို့(၉/၁၀/၁၉ ၆၇),နေ့မှာ”လာဟီဂွါရာ”(La Higuera)မြို့ပြင်ကစစ်အခြေစိုက်စခန်းတခုရဲ့အချုပ်ခန်းထဲမှာ”ချေ”ကိုပစ်သတ်ခဲ့ကြတာပါ…။

ဒါကတော့အားလုံးသိခဲ့ကြပြီးဖြစ်တဲ့မာ့ခ်ဝါဒီနိုင်ငံတကာတော်လှန်ရေးသမားကြီး”ရဲခေါင်ပျောက်ကြားချေဂွေဗားရား”ဘဝဇတ်ကြောင်းပါ..။

(၃)

“ရဲဘော်ချေ”ဟာ နိုင်ငံတကာတော်လှန်ရေးသမား,ပျောက်ကြားစစ်ရေးပါရဂူ,နိုင်ငံရေးသဘောတရားဆရာ,စေ့စပ်ညှိနှိုင်းရေးပညာရှင်တဦးသာမကသူကိုယ်တိုင်ရေးခဲ့တဲ့”ပျောက်ကြားစစ်”(Guerrilla Warfare),နဲ့(The Motorcycle Diaries),စာအုပ်တွေဟာစောင်ရေအများဆုံးနဲ့အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေခဲ့ရတာကြောင့်”ကမ္ဘာကျော်စာရေးဆရာတဦး”လဲဖြစ်ပါတယ်..။

နောက်..”ရဲဘော်ချေ”အကြောင်းရေးထားတဲ့သူ့ရဲ့အထုပ္ပတ္တိစာအုပ်တွေလဲအမြောက်အများရှိပြီးကမ္ဘာနိုင်ငံပေါင်းတရာကျော်မှာဘာသာပေါင်းစုံနဲ့ပြန်ဆိုထုတ်ဝေခဲ့ရတဲ့စာအုပ်တွေလဲဖြစ်ပါတယ်..။

ကျနော်အမေရိကားရောက်ပြီး”ချေ”ဘဝအကြောင်းရိုက်ကူးထားတဲ့တီဗွီဇတ်လမ်းတွဲနဲ့ရုပ်ရှင်ဇတ်ကားတင်သုံးခုလောက်ကြည့်ခဲ့ရဖူးပါတယ်..။

တခြားအော်ပရာတေးသရုပ်ဖေါ်တွေဒရမ်မာပြဇတ်တွေလဲအမြောက်အများရှိပါသေးတယ်..။
“ချေ”ဟာတော်လှန်ရေးသမားဘဝမှာတောင်ဥပတိရုပ်ကောင်းတဲ့”ဆေးပြင်းလိပ်မင်းသားတဦး”ဖြစ်ခဲ့တာကြောင့်သူကိုကြိုက်ခဲ့တဲ့မိန်းခလေးတွေအမြောက်အများရှိခဲ့ဖူးပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တဦးလဲဖြစ်ခဲ့ပါတယ်..။

ဒီ့အပြင်..အမေရိကားမှာအနောက်ပိုင်းနဲ့တောင်ပိုင်းပြည်နယ်တွေမှာ..တောင်အမေရိကားတိုက်ကလာရောက်အခြေချတဲ့သူတွေများပါတယ်..သူတို့တွေနဲ့စကားစပ်မိပြီး”ချေဂွေဗားရား”အကြောင်းမေးဖြစ်ပြောဖြစ်တဲ့အခါတိုင်းသူတို့အားလုံးရင်ထဲမှာ”ချေ”ကိုဘယ်လောက်လေးစားချစ်ခင်တန်ဘိုးထားခဲ့ကြသလဲဆိုတာသိခွင့်ရခဲ့ပါတယ်..”ချေ”နဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေဖြစ်တဲ့”ချေ”ပုံအမျိုးမျိုးပါတဲ့”မီးခြစ်,ဦးထုပ်,တီရှပ်,ပိုက်ဆံအိတ်,လက်ဆွဲအိတ်,ဆွဲကြိုး”စတဲ့အရာတွေကိုတန်ဘိုးထားအမြတ်တနိုးဝတ်ဆင်ကြတယ်…အနီရင့်ရင့်အရောင်နောက်ခံနဲ့ပျောက်ကြားအုပ်ထုပ်ဆောင်းထားတဲ့”ချေ”ပုံတွေကိုအိမ်တွေ,စားသောက်ဆိုင်တွေ,ခန်းမတွေမှာချိတ်ဆွဲထားကြပါတယ်..။

ဒါတွေဟာဘာကြောင့်လဲပြန်ခြုံပြောရရင်တော့…
“ချေဂွေဗားရား”ဆိုတာ…
ထာဝရတော်လှန်ရေးသမား…
ရန်သူကိုအညံမခံအရှုံးမပေးလက်နက်မချခဲ့သူ…
မိမိယုံကြည်ချက်ကိုသေသည်အထိခိုင်မြဲစွာဆုပ်ကိုင်သွားခဲ့သူ…
အဖိနှိပ်အခြယ်လှယ်ခံတွေအတွက်သူ့ဘဝကိုပေးဆပ်တိုက်ပွဲဝင်ခဲ့သူ…
နိုင်ငံတကာရှိအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေအတွက်စံပြတော်လှန်ရေးသမားသူရဲကောင်းတဦးဖြစ်ခဲ့လို့ပါဘဲ..။

ကမ္ဘာပေါ်မှာအဖိနှိပ်ခံဘဝလွတ်မြောက်ရေးတိုက်ပွဲတွေရှိနေသမျှ…
အာရှ,အာဖရိက,လက်တက်အမေရိကားမှာအဖိနှိပ်ခြယ်လှယ်ဗိုလ်ကျစိုးမိုးမူ့တွေခံစားနေရသမျှ…
“ရဲဘော်ချေ”လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ဘိုလီဗီယားတောင်တန်းတွေပေါ်ကတဆင့်..
“ရဲဘော်ချေ”ရဲ့ဝိညာဉ်ဟာ…
အာရှ,အာဖရိက,လက်တင်အမေရိကား…
ဗော်လဂါ,ယန်စီ,ဧရာဝတီနဲ့မစ္စစ္စပီမြစ်တွေပေါ်မှာ
ထာဝရရှင်သန်ဝဲပျံနေမဲ့….
“သံမဏိလိပ်ပြာ”
(သို့မဟုတ်)
လက်တင်အမေရိကားပြည်သူတွေရင်ထဲမှာထာဝရရွန်းတင့်တောက်ပနေမဲ့….
“လက်တင်အမေရိကားကောင်းကင်ထက်ကကြယ်နီ”..။

ဇာနည်။
(၉-၁၀-၂၀၁၇)

By admin

Leave a Reply

Your email address will not be published. Required fields are marked *