ရှင်းရှင်း ပြောရရင် ဒီစခန်းတွေဟာ ကွန်းခိုရာအမိုးအကာတွေ မဟုတ်တော့ဘူး။လူတွေကို ပိတ်လှောင်ထားပါတယ်၊ အလုပ်ထွက်လုပ်ခွင့်ခွင့် မရပါဘူး။ ထိုင်းဘာသာကို စခန်းတွေထဲမှာတောင် မသင်ကြားရတဲ့အတွက် ဆက်သွယ်ရေး ပိုခက်ခဲလာပါတယ်။ ဒါပေမယ့် အများစုမှာ ကျွမ်းကျင်ပြီး ပါဝင်ကူညီဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ ရင်တုန်းကတော့ ထိုင်းက ပိုကောင်းပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်နဲ့နီပေါနိုင်ငံတို့က ဒုက္ခသည်တွေကို လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။ နေရပ်ပြန်ပို့ရန် မဖြစ်နိုင်ကြောင်း သက်သေပြနိုင်တဲ့အခါ ထိုင်းနိုင်ငံမှ ၎င်းတို့အား တရားဝင် ID များဖြင့် နေထိုင်ခွင့်၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်တို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီဒုက္ခသည်တွေကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ပြန်လည်သတ်မှတ်ခြင်းဟာအမှားတစ်ခုဖြစ်ပါလိမ့်မယ်၊ဒီအခြေအနေဟာ သူတို့ကိုလက်လုပ်လက်စားလုပ်အား၊ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေနဲ့အလုပ်ပြောင်းဖို့အခွင့်အလမ်းမရှိသလောက်ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတံဆိပ်ဟာတရားမျှတမှုမရှိသလို အကျိုးဖြစ်ထွန်းမှုလည်း မရှိပါဘူး။ နောက်ဆုံးမှာဒုက္ခသည်တွေဟာ အလုပ်အကိုင်ရှာဖွေဖို့ရွှေ့ပြောင်းနေထိုင်ခြင်း မရှိကြဘဲ ပြည်တွင်းစစ်ဘေးက ထွက်ပြေးခဲ့ကြရသူတွေပဲဖြစ်ကြပါတယ်။ သူတို့ရဲ့ အခြေအနေက ကွဲပြားပြီး မတူညီတဲ့ ဖြေရှင်းချက်နဲ့ ထိုက်တန်ပါတယ်။
ဇူလိုင်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အချိန်ကုန်သွားပါပြီ။ နှစ်ပတ်မပြည့်မီမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၈၀,၀၀၀ ကျော်ဟာစားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် အကာအကွယ်မပါဘဲ ကျန်ရစ်ခဲ့တော့မှာဖြစ်ပါတယ်။ အမေရိကန်အကူအညီကို အပြီးအပိုင်ဖြတ်တောက်လိုက်တာကြောင့် ထိုင်းနိုင်ငံဟာ မျက်နှာမလွှဲနိုင်တော့ပါဘူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ထိန်းမနိုင်သိမ်းမရမဖြစ်မီ အစိုးရအနေနဲ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှစစ်ဘေးနဲ့ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးလာကြရတဲ့ကရင်တိုင်းရင်းသားအများစုဖြစ်တဲ့ အဆိုပါဒုက္ခသည်များဟာနှစ် ၄၀ ကျော် ခါးသီးစွာ နေထိုင်လာခဲ့ကြပါတယ်၊ စခန်းများမှာ မွေးဖွားလာသူ အများအပြားဟာ ပြန်လည်နေရာချထားရေး မျှော်လင့်ချက်တွေဟာဝေးကွာကုန်ကြပြီးအခြားနေရာတွေဆီကိုလည်းသွားစရာ မရှိတော့ပါဘူး။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၀ ရက်မှာ ရက် ၉၀ ပြန်လည်သုံးသပ်မှုပြုလုပ်ဖို့နိုင်ငံရပ်ခြားအကူအညီအားလုံးကို ဆိုင်းငံ့ထားကြဖို့ အမိန့်နဲ့ စတင်ခဲ့ပြီး နောက်ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန်ကထောက်ပံ့ထားNGO အဖွဲ့အစည်းတွေကိုချက်ချင်းရပ်ခိုင်းခဲ့ပါတယ်။
အခုတော့ ဖြတ်တောက်မှုတွေက အမြဲတမ်းဖြစ်လာပါတယ်။ အမေရိကန်အကူအညီနဲ့တောင် အစားအသောက်နဲ့ ဆေးဝါးက မလုံလောက်ပါဘူး။ အဲဒါတွေမရှိရင် လူတွေဟာ ငတ်မွတ်မှု၊ ဖျားနာမှု၊ စိတ်ပျက်အားငယ်မှုတွေကို ဘယ်လောက်ကြာကြာခံနိုင်မလဲ။ ဒီအခြေအနေဆိုးကြီးဟာ ကပ်ဘေးအဖြစ်မပြောင်းလဲခင် ထိုင်းအစိုးရအနေနဲ့ ဆောင်ရွက်ပေးရပါမယ်။ အမျိုးသားလုံခြုံရေးကောင်စီမှာ ဒီအပတ်ကြာသပတေးနေ့မှာ တွေ့ဆုံတဲ့အခါ ယာယီသက်သာရာရသွားမှာဖြစ်ပါတယ်။ သိက္ခာရှိရှိနဲ့လက်တွေ့ကျတဲ့ဖြေရှင်းချက်မှာ ၎င်းတို့ကို အလုပ်လုပ်ခွင့်ပြုရန်ဖြစ်ပါတယ်။အလုပ်က ဝင်ငွေနဲ့မိမိတို့ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တာကြောင့် အစိုးရရဲ့ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျှော့ချနိုင်ပါလိမ့်မယ်။ တရားမျှတမှုရှိစေဖို့အစိုးရက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် လျင်မြန်စွာလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာအကူအညီကနည်းပါးနေပါတယ်။ အခြားအလှူရှင်များက အနည်းငယ်မျှသာ ပံ့ပိုးပေးပါတယ်။ သင့်လျော်တဲ့အစားအစာ သို့မဟုတ် ဝင်ငွေမရှိရင် မိသားစုများဟာ အလုပ်ရှာဖို့အတွက်စခန်းတွေဆီကနေ ရုန်းထွက်ကြမှာဖြစ်တာကြောင့်ငတ်မွတ်ခေါင်းပါးခြင်း သို့မဟုတ် ဥပဒေကို ချိုးဖောက်ခြင်း တွေကြုံတွေ့ရနိုင်ပါတယ်။
ရှင်းရှင်း ပြောရရင် ဒီစခန်းတွေဟာ ကွန်းခိုရာအမိုးအကာတွေ မဟုတ်တော့ဘူး။လူတွေကို ပိတ်လှောင်ထားပါတယ်၊ အလုပ်ထွက်လုပ်ခွင့်ခွင့် မရပါဘူး။ ထိုင်းဘာသာကို စခန်းတွေထဲမှာတောင် မသင်ကြားရတဲ့အတွက် ဆက်သွယ်ရေး ပိုခက်ခဲလာပါတယ်။ ဒါပေမယ့် အများစုမှာ ကျွမ်းကျင်ပြီး ပါဝင်ကူညီဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ ရင်တုန်းကတော့ ထိုင်းက ပိုကောင်းပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်နဲ့နီပေါနိုင်ငံတို့က ဒုက္ခသည်တွေကို လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။ နေရပ်ပြန်ပို့ရန် မဖြစ်နိုင်ကြောင်း သက်သေပြနိုင်တဲ့အခါ ထိုင်းနိုင်ငံမှ ၎င်းတို့အား တရားဝင် ID များဖြင့် နေထိုင်ခွင့်၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်တို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီဒုက္ခသည်တွေကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ပြန်လည်သတ်မှတ်ခြင်းဟာအမှားတစ်ခုဖြစ်ပါလိမ့်မယ်၊ဒီအခြေအနေဟာ သူတို့ကိုလက်လုပ်လက်စားလုပ်အား၊ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေနဲ့အလုပ်ပြောင်းဖို့အခွင့်အလမ်းမရှိသလောက်ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတံဆိပ်ဟာတရားမျှတမှုမရှိသလို အကျိုးဖြစ်ထွန်းမှုလည်း မရှိပါဘူး။ နောက်ဆုံးမှာဒုက္ခသည်တွေဟာ အလုပ်အကိုင်ရှာဖွေဖို့ရွှေ့ပြောင်းနေထိုင်ခြင်း မရှိကြဘဲ ပြည်တွင်းစစ်ဘေးက ထွက်ပြေးခဲ့ကြရသူတွေပဲဖြစ်ကြပါတယ်။ သူတို့ရဲ့ အခြေအနေက ကွဲပြားပြီး မတူညီတဲ့ ဖြေရှင်းချက်နဲ့ ထိုက်တန်ပါတယ်။
အဆိုပြုထားတဲ့ အဖြေတစ်ခုကတော့၎င်းတို့အား “မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ” အဖြစ် ခွဲခြားသတ်မှတ်ရန်ဖြစ်ပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အရ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ဖယ်မထားတဲ့အလုပ်တွေမှာ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်များကို ခွင့်ပြုပေးဖို့ဖြစ်ပါတယ်။ဒီနည်းလမ်းကလုံခြုံရေးအေဂျင်စီတွေကို လုပ်ငန်းစဉ်ကို ကောင်းစွာစောင့်ကြည့်ပြီး စီမံခန့်ခွဲနိုင်စေပါတယ်။ ဒီဒုက္ခသည်တွေထဲမှ အများစုမှာ ကရင်လူမျိုးများဖြစ်ပြီး ထိုင်း-ကရင်အသိုင်းအဝိုင်းများနှင့် ယဉ်ကျေးမှု ဖလှယ်နေကြပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ပေါင်းစည်းရေးဟာ ခက်ခဲမှာ မဟုတ်ပါဘူး။ ဒါ့အပြင်ဒီဒုက္ခသည်တွေအနက်က ၃၀,၀၀၀ ခန့်သာ အလုပ်လုပ်နိုင်တဲ့ အရွယ်ဖြစ်ပါတယ်။ လုပ်သားဈေးကွက်ဟာအပိုလူအင်အားကို ထုတ်ယူရာမှာ ပြဿနာမရှိပါဘူး။ ဝင်ရောက်စွက်ဖက်မှုမရှိဘဲနဲ့ တရားမဝင်အလုပ်၊ လူကုန်ကူးမှုနဲ့ ရာဇ၀တ်မှုများ တိုးပွားလာနိုင်တဲ့အန္တရာယ်တွေရှိနေတာက ရှင်းလင်းပါတယ်။ အစိုးရက ဆောင်ရွက်ပေးရင် ဒီပြဿနာတွေကို တားဆီးနိုင်ပါတယ်။ ပါးစပ်ပေါက် ၈၀၀၀၀၀ ကို ထာဝရကျွေးဖို့ ဘယ်သူကမှ မတောင်းဆိုပါဘူး။ လူတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ အခွင့်အရေးကို လိုချင်ကြပါတယ်။ အချိန်မနှောင်းမီ သူတို့ကို အခွင့်အရေးတွေပေးလိုက်ပါ။
အဲမောင်း
Bangkok Post သတင်းစာ အယ်ဒီတာ့အာဘော်မှာဖော်ပြတဲ့ Refugees in policy limbo ကိုဘာသာပြန်ဆိုပါတယ်။