ဩဂုတ်လ ၂၉ ၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatraဟာ သူနဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဌ ဟွန်ဆန်တို့ကြား အသံဖိုင်ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်လို့အပြစ်ရှိတယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံတရားရုံးကစီရင်ချက်ချခဲ့တယ်လို့ Khaosod သတင်းက သြဂုတ် ၂၉ရက်နေ့မှာဖော်ပြပါတယ်။ တရားရုံးက Paetongtarn နဲ့ ဟွန်ဆန်တို့ပြောကြားချက်ဖြစ်တဲ့ ဒုတိယ တပ်မတော် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Boonsin Padklang က “ပြည်တွင်း [ထိုင်း] နိုင်ငံရေး အားနည်းမှုကို ပြသခဲ့တယ်ဆိုတဲ့ paetongtarn ရဲ့ပြောကြားချက်ကိုကိုးကားခဲ့ပါတယ်” ။
ဝန်ကြီးချုပ်ဟာဟွန်ဆန်ကို အဆုံးစွန်လိုက်လျောပေးခဲ့ပြီး သူ့ရဲ့ကျော်ကြားမှုကို ဆယ်ယူရန် ကြိုးပမ်းရာမှာ ထိုင်းအမျိုးသားလုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဟွန်ဆန်ကို အကျိုးရှိစေတယ်လို့လည်း တရားရုံးက ပြောကြားခဲ့ပါတယ်။