ဩဂုတ်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မြေရှားသတ္ထုရိုင်းသိုက်တွေကို ရယူရန်နဲ့တရုတ်နိုင်ငံရဲ့ လက်ဝါးကြီးအုပ်မှု၊မှခိုအားထားမှုကို လျှော့ချဖို့ထရမ့်အစိုးရကကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်းဒေသခံတွေက သတ္တုတူးဖော်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုနဲ့ပြည်တွင်းစစ်ကို ပိုမိုဖြစ်ပွားစေမယ့်အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ ကချင်တက်ကြွလှုပ်ရှားသူတွေက တင်းကျပ်တဲ့စံနှုန်းတွေကို လိုက်နာဖို့နဲ့ အခြားသူတွေရဲ့အမှားကို ထပ်ခါတလဲလဲ ရှောင်ရှားဖို့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဝါရှင်တန်ကို တောင်းဆိုထားပါတယ်။ မြေရှားသတ္တတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်ကို Trump အစိုးရက အာရုံစိုက်နေပါတယ်။ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေနဲ့စစ်လက်နက်ကိရိယာတွေထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့မြေရှား ဓာတ်သတ္တုသိုက်တွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးလိုတယ်လို့ရရှိတဲ့အချက်အလက်တွေအရ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကနေ မြေရှားသတ္ထုအများစုကို ဝယ်ယူနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းမွန်နေစဉ်မှာ မြန်မာ စစ်အာဏာရှင်ကိုလည်း ထောက်ပံ့ကူညီမှုတွေလည်း ရှိနေပါတယ်။ စစ်အစိုးရရဲ့အမည်ဖြစ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို မကျေမနပ် တဲ့ မြန်မာ နိုင်ငံသား အများအပြားအတွက် အမေရိကန် အကျိုးစီးပွားဟာ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းကို ကိုယ်စားပြုပုံပေါ်ပါတယ်။
မြန်မာနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း အကြီးအကဲဟောင်း Adam Castillo က ကချင်ပြည်နယ်ကသတ္တုတွေကို တရုတ်နိုင်ငံရဲ့ “ရွှေငန်း” လို့ခေါ်ပြီး KIA နဲ့ ပူးပေါင်းလုပ်ဆောင်ရဖို့အမေရိကန်ကို တိုက်တွန်းခဲ့ပြီး အာရှ-ပစိဖိတ်နိုင်ငံပေါင်းစုံ ဖိုရမ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့Quad ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အိန္ဒိယလိုဒေသတွင်း မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အကြံပြုခဲ့ပါတယ်။ အိန္ဒိယကုမ္ပဏီ IREL က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ကချင်ပြည်နယ်ကိုသတ္တုတူးဖော်ရေး သဘောတူညီချက်တွေ ရှာဖွေဖို့သွားရောက်ခဲ့ပါတယ်။ ထရမ့်အစိုးရရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅၇၉ သန်းကို လျှော့ချဖို့ဖြစ်ပြီး ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်လာတဲ့ မြန်မာကုန်ပစ္စည်းတွေအပေါ် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံဖို့ မကြာသေးမီ သီတင်းပတ်တွေအတွင်း သမ္မတက ခြိမ်းခြောက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ SAC ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကစာတစ်စောင် လက်ခံရရှိပြီးနောက် စစ်အစိုးရ မဟာမိတ်အချို့ကို တရုတ်လက်နက်တွေမြန်မာနိုင်ငံကိုတင်သွင်းခွင့် ပြုထားတဲ့ အပေါ် ပိတ်ဆို့အရေးယူဖို့သတ်မှတ်တာကို ရုတ်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ လူအများအပြားက ကချင်ပြည်နယ်ရဲ့ စည်းစိမ်ဥစ္စာများကို လုယူတဲ့အတွက်တာဝန်ရှိတဲ့ တရုတ် သို့မဟုတ် SAC ထက် အမေရိကန်ပြည်ထောင်စုကို ပိုမိုယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ယူဆကြပါတယ်။ ဒါပေမယ့်လည်း လေ့လာသူအချို့က ဒေသတွင်း အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
ဥပမာအားဖြင့် ဆွီဒင်စာရေးဆရာ Bertil Lintner က အမေရိကန်ပြည်ထောင်စုက “တရုတ်နယ်စပ်ရှိ ဒီမိုင်းတွင်းတွေကနေ မြေရှားသတ္ထုတွေကို အိန္ဒိယကို ပို့ဆောင်ရင်၊ လမ်းတစ်ခုတည်းသာရှိပါတာ်” လို့ ပြောကြားပြ်းဒီ အစီအစဉ်ဟာ လုံးဝရူးသွပ်တာ်လို့ဖော်ပြခဲ့ပါတယ်။
“ပြီးတော့ တရုတ်တွေက သေချာပေါက် ဝင်ပြီး တားမှာပဲ”လို့လည်းသူကဆိုပါတယ်။ SAC က တရုတ်ကုမ္ပဏီတွေနဲ့ မကြာခဏ ဆက်စပ်နေတဲ့သတ္တုတူးဖော်ရေးကို ထိန်းညှိဖို့ ပျက်ကွက်တာကြောင့် ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ အာဆင်းနစ်လို အဆိပ်သင့်ဓာတုပစ္စည်းတွေက ဒေသခံမြစ်တွေနဲ့မြေဆီလွှာကို ညစ်ညမ်းစေပါတယ်။ ၂၀၂၄ မှာGlobal Witness က ကချင်ပြည်နယ်နဲ့မိုးမောက်မြို့နယ်ရှိ အချို့နေရာတွေမှာ သတ္တုတူးဖော်တဲ့နေရာ ၄၀ ရာခိုင်နှုန်း တိုးလာတယ်လို့အစီရင်ခံထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံတန်ဖိုးရှိမယ်လို့ ခန့်မှန်းရတဲ့ဒီကုန်သွယ်မှုဟာ အများစုကတရားမဝင်ဘဲ တိရစ္ဆာန်တွေကို သေဆုံးစေတာ၊ ရေကို ညစ်ညမ်းစေကာ ရောဂါအမျိုးမျိုးကို ဖြစ်စေတဲ့ ညစ်ညမ်းမှုတွေနဲ့ ဒေသခံလူထုကို ထိခိုက်စေပါတယ်။ “မြေကရှားသတ္ထုတူးဖော်ခြင်းက ချက်ချင်း ၀င်ငွေရနိုင်ပေမယ့် အမှားလုပ်မိရင် ကျွန်တော်တို့မြေကို ပျက်စီးစေတယ်” လို့အသက် ၂၄ နှစ်အရွယ် ကချင်အရေး တက်ကြွလှုပ်ရှားသူ ဆိုင်းဂျာက AsiaNews ကိုပြောဆိုပါတယ်။ “ကချင်ပြည်နယ်ဟာ နှစ်ပေါင်းများစွာ စစ်ပွဲဒဏ်ကို ခံစားခဲ့ရပြီး တရုတ်စီးပွားရေး လုပ်ငန်းတွေကို ညစ်ညမ်းတဲ့ မြစ်တွေနဲ့ လယ်ကွင်းတွေ ချန်ထားခဲ့နိုင်အောင် SAC က ခွင့်ပြုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေကို SAC က ကာကွယ်ပေးတဲ့ အကူအညီတွေ လိုအပ်ပါတယ်” လို့သူက ဆက်ပြောပါတယ်။ စစ်အစိုးရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒေသတွေမှာ စက်ယန္တရားကြီးတွေကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုတိုက်မယ့် စစ်ပွဲအတွက် ငွေကြေးထောက်ပံ့နိုင်ဖို့ ဒေသတွင်းဂေဟစနစ်ကို ဖျက်ဆီးပစ်ကြပါတယ်။ အဆိပ်အတောက်တွေစီးဆင်းမှုက ထိုင်းနိုင်ငံအတွင်းကို စီးဝင်တဲ့ မဲခေါင်မြစ်လက်တက်ဖြစ်တဲ့ Kok မြစ်ကို ညစ်ညမ်းစေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဘေးကင်းရေး ကန့်သတ်ချက်ထက် လေးဆကျော် မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ပြင်းထန်လာတာနဲ့အမျှ KIA က စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအတွက် ဘဏ္ဍာငွေ ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် သတ္တုတွင်းလုပ်ငန်းကို ချဲ့ထွင်စေခဲ့ပါတယ်။ “SAC ရဲ့ကောင်းချီးများနဲ့တရုတ်နိုင်ငံကကျွန်တော်တို့ရဲ့မြေရှားသတ္ထုတွေကို စျေးနှုန်းချိုသာစွာနဲ့ဝယ်ယူပြီး US လို နိုင်ငံခြားဝယ်လက်တွေနဲ့ ဆက်နွှယ်နေတဲ့သူတွေကို ဆွဲဆောင်ပါတယ်” လို့ကခိင် ပြည်နယ် မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးဖြစ်သူ Mung Dan က ပြောပါတယ်။ “စစ်အစိုးရကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံဟာ ရှင်သန်ဖို့အတွက် အရင်းအမြစ်တွေကို အသုံးချပြီး အုပ်စုတိုင်းကို အတင်းအကျပ် ခိုင်းစေခဲ့ပါတယ်။ SAC နဲ့ ကချင် သူပုန်ခေါင်းဆောင်တွေက သဘာဝပတ်ဝန်းကျင် ပျက်စီးတာကို သိပေမယ့် စစ်ပွဲကုန်ကျစရိတ်တွေ အရမ်းများတာကြောင့် အကျိုးဆက်တွေကို ဂရုမစိုက်သလို မြေရှားသတ္ထုကရတဲ့ငွေကြေးကလည်း လျစ်လျူရှု့ဖို့ ဆွဲဆောင်လွန်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။ SAC ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဂရုမစိုက်ဘဲ ကချင်ရဲ့ မြေရှားသတ္ခုတွေကို ဝယ်ယူနိုင်ရင် အမေရိကန်က စစ်ပွဲကို ပံ့ပိုးပေးမှာကို လူအများက စိုးရိမ်နေကြပါတာ်။ “အမေရိကန်အနေနဲ့ SAC ရဲ့ အဖျက်လမ်းကြောင်းကို မလိုက်ရဘူး” လို့ဆိုင်းဂျာက ဆိုပါတယ်။ “သူတို့က ကချင်တွေကို ကူညီချင်တယ်ဆိုရင် တာဝန်သိသတ္တုတူးဖော်ရေးကို ပံ့ပိုးပေးသင့်တယ်၊ အနိမ့်ဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာပြီး ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို သိမ်းယူရုံတင်မဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို တွန်းအားပေးသင့်တယ်”လို့သူကဆက်ပြောပါတယ်။
အဲမောင်း
Asia News စာမျက်နှာမှာဖော်ပြတဲ့ Gregory ရေးသားတဲ့ US eyeing Kachin’s rare earths: hope or new exploitation?ကိုပြန်ဆိုပါတယ်။