ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၄၀၀၀၀ ကို အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးမယ်

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းအစိုးရက မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်ကို အောက်တိုဘာလ ၁ ရက်နေ့က စပြီးယာယီအလုပ်ခွင်ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ The Nation သတင်းက စက်တင်ဘာ ၁၃ ရက်မှာဖော်ပြပါတယ်။ အစိုးရအဖွဲ့ကညအတည်ပြုထားတဲ့ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံ အလယ်ပိုင်းနဲ့အရှေ့ပိုင်းပြည်နယ်တွေက ယာယီအဆောက်အဦးတွေမှာနေထိုင်သူတွေကို တစ်နှစ် အလုပ်လုပ်ကိုင်ခွင့် ပေးခြင်းနဲ့အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ရည်ရွယ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် Chamnanwit Terat က ၎င်းဝန်ကြီးဌာနဟာ အလုပ်သမား ၄၀၀၀၀ ခန့်အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ဆောင်ရွက်ဖို့အလုပ်သမားဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်တွေဟာ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနဆီကိုဦးစွာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ ၎င်းတို့ဟာ အဆောက်အဦးတွေမှာနေထိုင်ခွင့်ကို ဆက်လက်ခွင့်ပြုခါးပေမယ့်လည်း ပြင်ပမှာအလုပ်လုပ်ဖို့ခွင့်ပြုချက်အတွက် ၎င်းတို့ရဲ့ခရိုင်မှူးထံ လျှောက်ထားရမှာဖြစ်ပါတယ်။ အတည်ပြုပြီးတာနဲ့ ခရိုင်အလုပ်အကိုင်ရုံးက လက်သမားနဲ့ပန်းရံတို့လိုအလုပ်ရှင်တွေနဲ့ ကိုက်ညီပြီး စာချုပ်မရေးဆွဲမီ ကျွမ်းကျင်မှုဆိုင်ရာ လျှောက်ထားသူတွေကို စစ်ဆေးမှာဖြစ်ပါတယ်။

အလုပ်သမားတွေဟာအလုပ်ပါမစ်မထုတ်ပေးမီ ကျန်းမာရေးစစ်ဆေးမှုနဲ့အာမခံချက်ရှိဖို့လည်း လိုအပ်ပါတယ်။ ပါမစ်ဟာ တစ်နှစ်အထိ သက်တမ်းရှိမှာဖြစ်ပြီး တစ်နှစ်ပြည့်ပြီးရင် အလုပ်သမားတွေဟာ မူလနေရာကိုပြန်သွားရမှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး သက်သာစေထို့ ကျန်းမာရေးစစ်ဆေးခ အများစုအတွက် အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းရန် လိုအပ်ပေမယ့်လည်း မှတ်ပုံတင်ခ အများစုကို လျှော့ပေါ့ပေးမယ်လို့ Chamnanwit က အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနပူရီနဲ့ ရတ်ချဘူရီ ပြည်နယ်တွေရှိ ခိုလှုံရေးစခန်း ကိုးခု ပါဝင်မှာဖြစ်ပါတယ်။ အထူးသဖြင့် Rayong နဲ့ Chanthaburi ရဲ့ စက်မှုနှင့် စိုက်ပျိုးရေး အချက်အချာနေရာတွေမှာသိသာထင်ရှားတဲ့လုပ်သားရှားပါးမှုရှိတဲ့ ဒေသတွေကိုအလုပ်သမားတွေစေလွှတ်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့အလုပ်တွေဆီကို ခေါ်ယူခွင့်မပြုပါဘူး။ အဆိုပါ ဆောင်ရွက်မှုဟာ အလုပ်သမားရှားပါးမှုကို ဖြေလျှော့ပေးရုံသာမက ဒုက္ခသည်ဦးရေကို စီမံခန့်ခွဲရာမှာလည်း ပိုမိုစနစ်ကျတဲ့ နည်းလမ်းတစ်ခု ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ကြောင်းတရားမဝင် အလုပ်အကိုင် အန္တရာယ်ကို လျှော့ချပြ်းအလုပ်သမားတွေနဲ့စီးပွားရေး လုပ်ငန်းတွေကိုပါ အကျိုးဖြစ်ထွန်းစေမယ်လို့မျှော်လင့်တယ်လို့သတင်းကဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *