စက်တင်ဘာ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာတွေက ၎င်းတို့ရဲ့ ဝန်ထမ်းတွေ ကို နေ့စဥ်ပစ်မှတ်တွေဆီက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၆၄,၀၀၀) အထိ ရရှိဖို့ဖိအားပေးခြင်းနဲ့၎င်းတို့ရဲ့ ဝန်ထမ်းတွေ တွန်းအားပေးနေတယ်လို့ မလေးရှားနိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့ (MHO) က ပြောကြားခဲ့တယ်လို့ The Straits Times သတင်းက စက်တင်ဘာ ၂၂ ရက်ကဖော်ပြပါတယ်။ MHO ပြည်သူ့ဆက်ဆံရေးအရာရှိချုပ် Daniel Khoo က အရင်တုန်းက ပစ်မှတ်ဟာ အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ဒီလိုနံပါတ်မျိုးတွေရဖို့အတွက်ဆိုရင် နေ့စဉ်ဒါဇင်နဲ့ချီတဲ့လူတွေကို လိမ်လည်လှည့်ဖြားဖို့ လိုပါလိမ့်မယ်။ကျွန်တော့်မှာ မလေးရှားနိုင်ငံသားတွေက သူတို့ကို အပြစ်ပေးခံရတာ ဒါမှမဟုတ် လျှပ်စစ်ကျင်စက်နဲ့ အတို့ခံရတာ ဒါမှမဟုတ် သူတို့ရဲ့ပစ်မှတ်တွေမပြည့်မီတဲ့အတွက် ရိုက်နှက်ခံရတယ်လို့ မကြာခဏပြောလေ့ရှိပါတယ်”လို့လည်းသူကဆိုပါတယ်။
ဒီအလွဲသုံးစားမှုတွေက ဒုက္ခသည်တွေကို မလွတ်မြောက်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေဆီ ဆက်သွယ်အကူအညီတောင်းဖို့ ကြိုးပမ်းတာလို့ မြင်ပါတယ် လို့ ၎င်းက ဆက်လက်ပြောပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံတစ်ခုတည်းကလိမ်လည်မှုစင်တာတွေမှာအလုပ်လုပ်နေတဲ့မလေးရှားနိုင်ငံသားတွေပါဝင်တဲ့ အမှုပေါင်း ၃၀ ခန့်ရှိတာ်လို့၎င်းက ဆက်လက်ပြောကြားပါတယ်။ လူကုန်အကူးခံရသူအနည်းဆုံး သုံးဦးက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ၎င်းတို့အားလုံးဟာအသက် ၂၀ ကနေ ၄၀ အတွင်းဖြစ်ကြပါတယ်။ အဲဒီထဲက တစ်ယောက်က မြန်မာနိုင်ငံကို ရောက်နေတာ နှစ်နှစ်လောက်ရှိပါပြီ။ လိမ်လည်မှုစင်တာတွေမှာ ပိတ်မိနေတဲ့ဆွေမျိုးသားချင်းတွေနဲ့မလေးရှားနိုင်ငံသားတွေဟာ၎င်းရဲ့ အရေးပေါ် ဖုန်း 014-994-6697 ကို ဆက်သွယ်နိုင်တယ်လို့သတင်းကဆိုပါတယ်။