စက်တင်ဘာ ၂၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ ခိုဖန်ဂန်ကျွန်းမှာ တရားမဝင် ခရီးသွားဧည့်လမ်းညှန်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျာမန်နိုင်ငံသားနဲ့တရားမ၀င် ဧည့်လမ်းညွှန်အဖြစ် ငှားရမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းခရီးသွားလုပ်ငန်းရဲနပ်ဖွဲ့ကတရားဥပဒေအရ အရေးယူလိုက်တယ်လို့ Khaosod သတင်းက စက်တင်ဘာ ၂၃ ရက်မှာဖော်ပြပါတယ်။ ခိုဖန်ဂန် ခရီးသွားရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ရဲတလိုင်စင်မဲ့လျှပ်စစ်မော်တော်ဆိုင်ကယ်တွေအသုံးပြုပြီးဘဧည့်လမ်းညွှန်တွေအဖြစ် တရားမဝင်လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့တိုင်ကြားစာတွေကို ဒုရဲမှူးကြီးဝင်းနစ်ဘချစ်က စုံစမ်းဖော်ထုတ်ခဲ့ရာမှာအနှောင့်အယှက်တွေနဲ့လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ဆိုပါတယ်။စက်တင်ဘာလ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေက နိုင်ငံခြား ခရီးသွား ၂ ဦးကို လမ်းပြပေးနေစဉ် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား မစ္စတာ ပြည့်အား ဖမ်းဆီးခဲ့ပါတယ်။လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပြီး အလုပ်ပါမစ်မရှိဘဲ လုပ်ကိုင်မှုနဲ့တရားစွဲခံရပါတယ်။ ဖမ်းဆီးခံရစဉ်အတွင်း အသက် ၃၃ နှစ်အရွယ် ဂျာမန်နိုင်ငံသား မစ္စတာရိုမန်က အခင်းဖြစ်ပွားရာကိုရောက်ရှိလာပြီး သူ့ကိုယ်သူ ပြည့်ရဲ့အလုပ်ရှင်အဖြစ် ပြောခဲ့ပါတယ်။
၎င်းဟာ မြန်မာအမျိုးသားကို ဧည့်လမ်းညွှန်အဖြစ် ငှားရမ်းကာ နေ့စဥ်လုပ်ခတွေအပြင် အကြံဥာဏ်တွေပေးပြီး“Dirt E-Bike Co.,Ltd” လို့ခေါ်သော ခရီးသွားကုမ္ပဏီတစ်ခုမှာလုပ်ကိုင်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ကုမ္ပဏီဟာ အွန်လိုင်းမှာကြော်ငြာပြီး တစ်နာရီကို ဘတ်ငွေ ၂၀၀၀ ကောက်ခံတယ်လို့ဆိုပါတယ်။ စာရွက်စာတမ်းစစ်ဆေးမှုတွေအရကုမ္ပဏီရဲ့ရုံးချုပ်ဟာ Koh Samui မှာရှိတယ်လို့တွေ့ရှိပေမယ့်လည်း ခိုဖန်ဂန်ကျွန်းမှာ လုပ်ငန်းဆောင်ရွက်မှုအတွက် ဌာနခွဲခွင့်ပြုချက်မရရှိသေးဘူးလို့ဆိုပါတယ်။ ရိုမန်ဟာ မိမိကိုခွင့်ပြုထားတဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး အလုပ်လုပ်ခြင်းနဲ့ သင့်လျော်တဲ့ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားကို အလုပ်ခန့်ခြင်းအတွက် နောက်ထပ် စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရဲတပ်ဖွဲ့က Dirt E-Bike Co., Ltd. ဒါရိုက်တာတွေကို “ဘဏ်ခွဲလိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်း” နဲ့အကြောင်းကြားခဲ့ပါတယ်။ အဆိုပါ တရားခံ နှစ်ဦးကို ကော့ဖန်ဂန် ရဲစခန်းကိုလွှဲပြောင်း ပေးထားနယ်လို့သိရပါတယ်။
ထိုင်းဘတ်ငွေ သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ လျှပ်စစ်ဆိုင်ကယ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ Pol ဧည့်လမ်းညွှန်အလုပ်ကို ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ထားရှိပြီး ဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ကြဖ်ု့ထိုင်းနဲ့ ပြည်ပ ခရီးသွားလုပ်ငန်းရှင်တွေအားလုံးကို တိုက်တွန်းထားပြီး ဖောက်ဖျက်ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ဥပဒေအရ အရေးယူမယ်လို့ သတိပေးထားတယ်လို့ ဒုရဲမှူးကြီးဝင်းနစ်က ပြောကြားပါတယ်။ အခုဖမ်းဆီးမှုဟာ ထိုင်းနိုင်ငံရဲ့ Professional Tour Guide Association of Thailand က ၀န်ကြီးချုပ် Anutin Charnvirakulဆီကို စက်တင်ဘာ ၁၀ ရက်ကပေးပို့တဲ့ အသနားခံစာမှာနိုင်ငံခြားသားတွေ၀င်ရောက်လာခြင်းနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေမှုအပါအဝင် အရေးပေါ်ကိစ္စရပ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။လမ်းညွှန် အလုပ်အကိုင် အဖွဲ့ချုပ်ကလည်း သက်ဆိုင်ရာ ဥပဒေတွေကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းပေးဖို့တောင်းဆိုခဲ့ပါတယ်။