မဲဆောက်မြို့နယ်ရှိ အင်္ဂတေကလေးကစားစရာ ထုတ်လုပ်တဲ့စက်ရုံကို ထိုင်းအာဏာပိုင်တွေဝင်ရောက်စစ်ဆေးပြီးနောက်မြန်မာအလုပ်သမား ၈ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ အင်္ဂတေကလေးကစားစရာ ထုတ်လုပ်တဲ့စက်ရုံကို ထိုင်းအာဏာပိုင်တွေကဝင်ရောက်‌စစ်ဆေးရာမှာမြန်မာအလုပ်သမား ၈ ဦးဖမ်းဆီးခံရတယ်လို့မဲဆောက်မြို့လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။


ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲအချိန်က မဲဆောက်မြို့နယ်၊ ဖရထပ်ဖာဒဲင်ကျေးရွာရှိ အင်္ဂတေကလေးကစားစရာ ထုတ်လုပ်တဲ့စက်ရုံသို့ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးတဲ့အခါ အဆိ စက်ရုံ၌မှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ် သမား ၈ ဦးဟာအလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံသူ မြန်မာလုပ်သားတွေကို မဲဆောက်ရဲစခန်းက်ုပို့ဆောင်ထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်းသတင်းကဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *