ဖေဖော်ဝါရီ ၁၄၊၂၀၂၅ / သောင်ရင်းသတင်းလွှာ
ပြန်လည်ပြင်ဆင်ထားသော Free Movement Regime (FMR) သဘောတူညီချက်အရ မြန်မာနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ၄၃ ခုအနက် ၂၂ ခုသည် စတင်လည်ပတ်နေပြီဟု အန္ဒိယအစိုးရအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်ကပြောကြားခဲ့သည်ဟု The Hindustan သတင်းကဖော်ပြသည်။
အိန္ဒိယ-မြန်မာနယ်စပ်မှ ၁၀ ကီလိုမီတာအတွင်း နေထိုင်ကြသည့် လူများသွားလာမှုကို ထိန်းညှိရန်အတွက် မဏိပူရပြည်နယ်ရှိ နယ်စပ်ဂိတ် ၁၀ ခုထက်မနည်းသည် စတင်လည်ပတ်နေပြီဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်တို့ရှိ ဂိတ်ငါးခုနှင့် Arunachal Pradeshအရုနာချယ်ပရာဒက်ချ်ပြည်နယ်ရှိ ဂိတ် ၂ ခုတို့လည်းစတင်လည်ပတ်နေကြပြီဖြစ်သည်။
နယ်စပ်နေထိုင်သူများ၏ သွားလာလှုပ်ရှားမှုကိုစည်းကမ်းကန့်သတ် ထိန်းညှိရန်အတွက် လမ်းညွှန်ချက်အသစ်များကို ယခင်နှစ်ဒီဇင်ဘာ ၆ ရက်တွင် ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာနကအပြီးသတ်ရေးဆွဲခဲ့ပြီး QR ကုဒ်ဖြင့် ဖြတ်သန်းခွင့်ပြုခဲ့သည်။
FMR ကို ဖျက်သိမ်းကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က ဒီဇင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ယင်းကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး အကျိုးသက်ရောက်စေရန် ပြည်ပရေးရာဝန်ကြီးဌာန (MEA) မှ တရားဝင်အမိန့်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း The Hindustan သတင်းကဆိုသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAO) နှင့် စစ်အစိုးရတို့ကြား ပြင်းထန်သော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည်။
ပြန်လည်ပြင်ဆင်ထားသော လမ်းညွှန်ချက်များအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ဂိတ်၄၃ ခုကို ပိတ်သိမ်းခဲ့ပြီး အာသံရိုင်ဖယ်တပ်များကို နယ်စပ်ဖြတ်ကျော်သွားလာမှုများကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တွင်မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် ချင်းမျိုးနွယ်စုဝင် ဒုက္ခသည် ၄၀၀၀၀ ကျော်သည် မီဇိုရမ်နှင့် မဏိပူရပြည်နယ်များသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည်။
FMR ကို အိန္ဒိယအရှေ့မြောက်နယ်စပ်၏ တစ်ဖက်တစ်ချက်စီရှိ လူမျိုးရေးနှင့် မိသားစုဆက်ဆံရေးကြောင့် 1968 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အစပိုင်းတွင် လွတ်လပ်စွာ သွားလာနိုင်သော နယ်မြေကန့်သတ်ချက်မှာ ၄၀ ကီလိုမီတာဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ၁၆ ကီလိုမီတာသို့ လျှော့ချခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နောက်ထပ်စည်းမျဉ်းများကို ပြဋ္ဌာန်းခဲ့သည်။ ယခုအခါ ၁၀ ကီလိုမီတာသို့ လျှော့ချလိုက်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
FMR ကို ခြံစည်းရိုးကာရံထားခြင်းမရှိသောအိန္ဒိအရှေ့မြောက်နယ်စပ် တစ်ဖက်တစ်ချက်စီရှိ လူမျိုးရေးနှင့် မိသားစုဆက်ဆံရေးကြောင့် ၁၉၆၈ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါသည်။
အစပိုင်းတွင် လွတ်လပ်စွာ သွားလာနိုင်သော နယ်မြေကန့်သတ်ချက်မှာ ၄၀ ကီလိုမီတာဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ၁၆ ကီလိုမီတာသို့ လျှော့ချခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နောက်ထပ်စည်းမျဉ်းများကို ပြဋ္ဌာန်းခဲ့သည်။ယခုအခါ ၁၀ ကီလိုမီတာအထိ လျှော့ချလိုက်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
ထူးခြားသော အစီအစဉ်အရ နယ်စပ်နေထိုင်သူများအား ဗီဇာ သို့မဟုတ် နိုင်ငံကူးလက်မှတ်မပါဘဲ ဆွေမျိုးများနှင့် မိသားစုများသို့ သွားရောက်လည်ပတ်နိုင်စေသည်ဟု အရာရှိက ထည့်သွင်းပြောကြားခဲ့သည်။ “FMR သည် နယ်စပ်ကလူတွေရဲ့ အကဲဆတ်မှုကို သိရှိမှတ်သားထားဖို့သတ်မှတ်ထားတာဖြစ်ပါတယ်” သူကဆိုသည်။
လူများကို နယ်စပ်ဖြတ်သန်းခွင့်ဖြင့် ခွင့်ပြုထားပြီး ၎င်းတို့၏ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်လျက်ရှိသည်။ အသေးစိတ်အချက်အလက်များနှင့် ဇီဝဗေဒဆိုင်ရာအချက်အလက်များကို ဗဟိုကထိန်းချုပ်းချုပ်ထားသော ပေါ်တယ်တွင် အပ်လုဒ်(upload)လုပ်ပြီး ထိုသူသည် နံမည်ပျက် စာရင်းတွင် ရှိ၊ မရှိ စစ်ဆေး ဟု တာဝန်ရှိသူက ပြောသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့သည်နယ်စပ်ဖြတ်သန်းခွင့်ပြုချက် ထုတ်ပေးရန်နှင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသူများကို လုံခြုံရေး စစ်ဆေးခြင်း ပထမအဆင့်လုပ်ဆောင်ရန် အတွက် အေဂျင်စီအဖြစ် သတ်မှတ်ခြင်းခံရသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရူနာချယ်ပရာဒက်ရှ်၊ နာဂလန်း၊ မီဇိုရမ်နှင့် မဏိပူရပြည်နယ် ရဲတပ်ဖွဲ့တို့မှ မြန်မာနိုင်ငံသားမျာ နေထိုင်ရာနေရာ၌ လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။နယ်စပ်ဖြတ်သန်းခွင့်သည် ခုနစ်ရက်အထိ သက်တမ်းရှိမည်ဖြစ်သည်။ ၁၆၄၃ ကီလိုမီတာ ရှည်လျားသည့် နှစ်နိုင်ငံနယ်စပ်တလျောက်တွင် နယ်စပ်ဂိတ်အသစ် ၂၁ ခုကိုဒုတိယအဆင့်တွင်ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။