ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းလူမျိုးအများစုသည် ခေါ်ဆိုရေးစင်တာဂိုဏ်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား၊လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြပြီး တရားမ၀င်လုပ်ဆောင်မှုများသည် ထိုင်းအစိုးရအရာရှိများထံမှ အကူအညီများရရှိမည်ဟု ယုံကြည်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု(NIDA)၏ စစ်တမ်းတစ်ခုက ဆိုသည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖေဖော်ဝါရီ ၁၇ ရက်ကဖော်ပြသည်။ Nida စစ်တမ်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း ပညာရေးနှင့် အလုပ်အကိုင် အဆင့်အသီးသီးမှ အသက် ၁၈ နှစ်နှင့်အထက် လူ ၁၃၁၀ ဦးတို့ကို ပြုလုပ်ခဲ့သည်။
ထိုင်းအစိုးရ၏ လိမ်လည်ဂိုဏ်းများကို စစ်ဆင်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၇၀.၅၄ % က မြန်မာနိုင်ငံရှိငွေလိမ်လည်သူများဟု ယူဆရသည့် နေရာများအား လျှပ်စစ်၊လောင်စာဆီနှင့်အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ရန် အစိုးရ၏ လုပ်ဆောင်ချက်ကို လုံး၀ သဘောတူကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၂၁.၀၇% က အနည်းငယ်သဘောတူကြသလို ၅.၃၄% အနည်းငယ်ကန့်ကွက်ကြပြီး ၃.၀၅% ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။ ထိုင်းအစိုးရ၏အစီအမံများသည် မည်ကဲ့သို့ထိရောက်မှုရှိကြောင်းနှင့်ပတ်သက်၍ ထိရောက်မှုရှိမရှိအပေါ် ၆၀.၉၂% က အတိုင်းအတာတစ်ခုအထိ၊ ၁၇.၇၁% က အများကြီး၊ ၁၅.၉၅% အလွန်နည်းပြီး ၅.၄၂% က လုံးဝသက်ရောက်မှုမရှိဟုထင်မြင်ယူဆကြသည်။
မြန်မာနိုင်ငံမှငွေလိမ်ဂိုဏ်းအမှုမျာတွင် ထိုင်းအရာရှိများ၏ ပူးပေါင်းကြံစည်မှု ရှိသည်ဟူသည့်ကောလာဟလများနှင့် ပတ်သက်၍ ၆၉.၈၅% က သေချာပေါက် ရှိကြောင်း ၊ ၂၆.၈၇% က မသေချာကြောင်း နှင့် ၃.၂၈% ကသာ ထိုင်း အရာရှိများ က လိမ်လည်သူများကို ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း ပြောဆိုကြသည်။
ငွေလိမ်ဂိုဏ်းများတွင်အလုပ်လုပ်နေသူများအနက် လိမ်လည်လှည့်ဖျားခိုင်းစေခံရသူနှင့် မိမိဆန္ဒအလျှောက်သွားရောက်လုပ်ကိုင်သူ မည်သည့်အဖွဲ့ကပို၍များပြားသနည်းဟုမေးမြန်းရာတွင်ဖြေဆိုသူ၏ ၄၉.၇၇ % က အဖွဲ့နှစ်ဖွဲ့သည်ရေအတွက်တူညီနိုင်ခြေရှိသည်ဟုဖြေဆိုကြပြီး၂၅.၈၀% ကယင်းတို့သည်မိမိဆန္ဒအလျှောက်မြန်မာဘက်သို့သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်သူဟုဖြေဆိုကြသည်။