မတ်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လွန်ခဲ့သည့်၇ရက်က အပြင်တွင်တွေ့မြင်ခဲ့ရသော်လည်း ငါးရက်ခန့်အကြာသေဆုံးနေသည့် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းအား Udon Thani မြို့ရှိ အခန်းတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူနှင့်အတူတကွ တည်းခိုခန်းကို မျှဝေသုံးစွဲသည့်အခြားသူနှစ်ဦး၏ သံသယရှိဖွယ် ပတ်သက်မှုကို ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု Thaiger သတင်းကမတ်လ ၁၄ ရက်တွင်ဖော်ပြသည်။ မတ် ၁၂ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် Mueang မြို့မ ရဲစခန်းမှ ဒုရဲမှူး Supakorn Thumjeen,သည်
ရထားလမ်းအနီးရှိ အခန်းတစ်ခန်းတွင်လူတစ်ဦး သေဆုံးကြောင်း သတင်းရရှိခဲ့ပါသည်။
Udon Thani ဗဟိုဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် Udon Thani မြှင့်တင်ရေးဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများ လိုက်ပါလာကာ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ကြသည်။ ပထမထပ်ရှိ နံပါတ် ၁၄၃ အခန်းအား အတွင်းဘက်မှ သံကြိုးနှင့် သော့ခတ်ထားသော်လည်း အနောက်ဘက်ရှိသွပ် ခြံစည်းရိုးမှ လူအဝင်အထွက်လုပ်ခဲ့သည့် လက္ခဏာများ တွေ့ရှိခဲ့ရပြီး ခြံစည်းရိုးဘေးတွင် အနက်ရောင်ကြိုးသိုင်းဖိနပ်တစ်စုံနှင့် ပလတ်စတစ်ကုလားထိုင်တစ်လုံးကို တွေ့ရှိခဲ့ပြီး အနံ့ဆိုးများရရှိခဲ့ကာ နေအိမ်၌ အသက် ၅၀ အရွယ် ရှိသူ မြန်မာတစ်ဦး၏ရုပ်အလောင်းကို ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း က ရှာဖွေတွေ့ရှိခဲ့ပြီး ရဲများကိုအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ဝင်ရောက်ရှာဖွေရာတွင် ရဲတပ်ဖွဲ့ဝင်များက ကုတင်ပေါ်တွင် လဲလျောင်းနေသည့် အသက် ၅၃ နှစ်အရွယ် မြန်မာလူမျိုး လှမင်း၏ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။မျက်နှာကျက်ပန်ကာသည် ဆက်လက်လည်ပတ်နေပြီး ယင်းသည်ရုန်းခဲ့သော သို့မဟုတ် ခိုးယူ လက္ခဏာများ မတွေ့ရှိရပါ ။ လှမင်း၏ပတ်စပို့၊ အဝတ်အစားများနှင့် အဖိုးတန်ပစ္စည်းများ လည်းမပျက်မစီးရှိနေပြီး စားပွဲပေါ်တွင် စိတ်ကြွဆေးပြားလေးခုကို တွေ့ရှိခဲ့သည်။လွန်ခဲ့သည့် ၄ရက် သို့မဟုတ် ၅ရက်ခန့်ကသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသတင်းကဆိုသည်။
အခန်းပိုင်ရှင်ကပြောကြားရာတွင် လွန်ခဲ့သည့်တစ်လနီးပါးခန့်ကMueang Udon Thani မြို့မှ လိင်ပြောင်းလဲထားသည့်အမျိုးသမီးတစ်ဦးဖြစ်သူ အသက်၃၀ခန့်ရှိ Nanthiyaမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း ဆိုသည်။ သူမသည် လှမင်း၊ အခြားသော လိင်ပြောင်းအမျိုးသမီးတစ်ဦးတို့နှင့်အတူနေခဲ့သည်ဟုသိရသည်။လွန်ခဲ့သည့် သုံးလေးရက် ခန့်က Nanthiya သည် အရောင်းအ၀ယ်တစ်ခုပြုလုပ်ရန်အတွက် ပိုင်ရှင်၏ ID ကို တောင်းဆိုခဲ့သော်လည်း ပြန်ရမည်ဟု မျှော်လင့်မထားသောကြောင့် ၎င်း၏အမည်ကိုသာ ပေးခဲ့သည်။ ထိုအချိန်မှစ၍ နေအိမ်တွင် လှမင်းကိုသာ မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။
အလောင်းကိုရှာမတွေ့မီ ၇ရက်ခန့်အလိုတွင်အိမ်ရှင်က လှမင်း နှင့် စကားစမြည်ပြောခဲ့ပြီး ဝက်သားကင်အသေးစားဝယ်ယူမှုအား မေးမြန်းခဲ့ရာတွင်ပြုံးပြသော်လည်း အကြောင်းမပြန်ခဲ့ဟုဆိုသည်။ အနံ့အသက်ဆိုးများထွက်လာသောကြောင့် မသင်္ကာစရာဖြစ်ခဲ့ပြီး အမှိုက်ကြောင့်ဖြစ်မည်ဟု ကနဦးကယူဆခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုအရ အနံ့အသက်သည် လှမင်း၏အခန်းမှထွက်ပေါ်နေသည်ကိုတွေ့ရှိခဲ့ပြီးနောက် အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် အလောင်းအား Udon Thani ဗဟိုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးရသည့်အကြောင်းရင်းကို တိတိကျကျသိရှိနိုင်ရန် ရင်ခွဲစစ်ဆေးလျက်ရှိသည်။ ယခင်က လှမင်းနှင့် အတူနေခဲ့သည့် လူနှစ်ဦးကို ရှာဖွေမေးမြန်းရန် ကြိုးပမ်းဆောင်ရွက်နေပြီး အနီးနားရှိ CCTV မှတ်တမ်းများကို သက်သေအဖြစ် ပြန်လည်စစ်ဆေးလျက်ရှိသည်။