မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဟောင်ကောင်လုံခြုံရေးအတွင်းဝန် Chris Tang Ping-keung က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ SAR အနေဖြင့် မြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်ဂိုဏ်းခြံဝင်းများမှ ကယ်တင်ခံရရန်စောင့်ဆိုင်းဆဲ ဟောင်ကောင်နေထိုင်သူ သုံးဦးအတွက်အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်းမတ်လ ၁၅နေ့တွင် ကတိပြုခဲ့သည်ဟု The Standardသတင်းကဖော်ပြသည်။ ၁၅ ရက်နေ့မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ လုံခြုံရေးအကြီးအကဲက လုံခြုံရေးဗျူရိုအောက်ရှိ သီးသန့်အလုပ်အဖွဲ့တစ်ဖွဲ့က ကျန်အမှုကို တက်ကြွစွာလိုက်လံလုပ်ဆောင်မည်ဖြစ်ပြီး ဟောင်ကောင်နေထိုင်သူ သုံးဦးကို တတ်နိုင်သမျှ အမြန်ဆုံးပြန်ခေါ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစပြီး SAR အစိုးရသည်မြန်မာ သို့ လူကုန်ကူးခံရသော ဟောင်ကောင်သားများနှင့် ဆက်စပ်သည့် စုစုပေါင်း အစီရင်ခံစာ ၂၈ ခုကို လက်ခံရရှိခဲ့ပါသည်။ ယခုအချိန်အထိ ၎င်းတို့ထဲမှ ၂၅ ဦးသည် မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း လုံခြုံရေးဗျူရိုက ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ငါးလမှ ခုနစ်လကြာ ထိန်းသိမ်းခံထားရသော အသက် ၂၉ နှစ်မှ ၄၄ နှစ်ကြားရှိ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်သည့် ဟောင်ကောင်နေထိုင်သူ ခြောက်ဦးသည် ထိုင်းအစိုးရ၊ ဟောင်ကောင်အာဏာပိုင်များနှင့် တရုတ်သံရုံးတို့ ပူးပေါင်း ကယ်ဆယ်မှုအပြီး ပြီးခဲ့သည့် သီတင်းပတ်က ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။