မတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံတွင် တရားမဝင် ငွေလိမ်လည်သည့်ဂိုဏ်းများမှကယ်တင်ခံရပြီးနောက်သောင်တင်နေသော လူပေါင်း ၂,၄၀၀ ကျော်တွင် ကိုယ်ဝန်ဆောင် ၁၁ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံတွင် ဆေးကုသရန် အရေးပေါ် လိုအပ်နေကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက မတ် ၂၁ ရက်တွင် ပြောသည်။ အဆိုပါ အမျိုးသမီး ၁၁ ဦးသည် ခက်ခဲကြမ်းတမ်းသော နေရေးထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာ မလုံလောက်မှုတို့ဖြင့် စခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရ ကြောင်း လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်မှ ညှိနှိုင်းရေးမှူး ဂျေးခရစ်တီယာက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်ဟု The Straits Times သတင်းက မတ်လ ၂၁ ရက်တွင်ဖော်ပြသည်။
“ကိုယ်ဝန်သုံးလကနေ လေးလအထိ အမျိုးသမီး ၁၂ ယောက်ရှိတယ်” ဟု ဂျီးကပြောသည် “သူတို့ထဲက တစ်ယောက်က လွန်ခဲ့တဲ့ နှစ်ရက်က ကိုယ်ဝန်ပျက်ကျခဲ့တယ်”ဟုသူကဆက်ပြောသည်။ ထိုင်းနိုင်ငံသည် ရာဇ၀တ်ဂိုဏ်းများမှ လူကုန်ကူးသည့်သူများကို မကြာခဏအသုံးပြုကာ နှစ်စဉ်နှစ်တိုင်း လိမ်လည်မှုများမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ထုတ်ပေးသည့် အရှေ့တောင်အာရှ လိမ်လည်မှုကွန်ရက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံရှိလိမ်မှုကွန်ရက်များကို ဖြိုဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ငွေလိမ်ဂိုဏ်းများကို စစ်ဆင်ရေးများမှ လူမျိုး ၂၀ ခန့်ရှိသည့် လူ ၇,၃၇၂ ဦးကို နေရပ်ပြန်ပို့ရန် ရက်သတ္တပတ်များစွာ ညှိနှိုင်းဆောင်ရွက်နေပြီး အများစုမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမတ်လ ၂၀ ရက်ကပြောကြားရာတွင် ၂,၄၀၀ ကျော်သည် ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်ရန် စောင့်ဆိုင်းနေသည့်ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ လူကုန်ကူးခံရသူများကူညီစောင့်ရှောက်ရေး ကွန်ရက်သည် မြန်မာနိုင်ငံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်မှ ဦးစီးသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ထားရှိရာ စခန်းသို့ မတ်လ ၁၅ ရက်က သွားရောက် လေ့လာခဲ့သည်။
DKBA သည် အခြားသူများအတွက် လုံလောက်သော စောင့်ရှောက်မှုများ ပေးနေသော်လည်း အရင်းအမြစ်များ နည်းပါးပြီး ဆေးကုသမှု လိုအပ်နေသူများအတွက် အကူအညီ လိုအပ်နေကြောင်း အဆိုပါ အဖွဲ့မှ ပြောကြားခဲ့သည်။ ထိုင်းနယ်စပ်ဘက်ခြမ်းရှိ တာ့ခ်ခရိုင်သို့ လိုအပ်နေသောသူများကို လွှဲပြောင်းပေးရန် ထိုင်းအာဏာပိုင်များကို DKBA အဖွဲ့မှ တောင်းဆိုထားသည်။ ထိုင်းလူ့အခွင့်အရေးကော်မရှင်က မတ် ၁၉ ရက်တွင် သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းဆိုချက်ကိုစာတစ်စောင်ဖြင့် ထပ်ဆင့်ပေးပို့ခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ လိမ်လည်မှုကွန်ရက်ကို ဆန့်ကျင်သည့် စစ်ဆင်ရေးများကို ဦးဆောင်နေသည့် ထိုင်းထိပ်တန်းရဲချုပ်က ယခုသီတင်းပတ်အတွင်း ခန့်မှန်းခြေ လူပေါင်း ၁၀၀၀၀၀ ခန့်သည် ထိုင်း-မြန်မာနယ်စပ်ရှိ လိမ်လည်မှုစင်တာများတွင် လုပ်ဆောင်နေကြဆဲဖြစ်ပြီး ရာနှင့်ချီသော လိမ်လည်သည့်အလုပ်ရုံများဆီ သို့ ဆန္ဒအလျောက် ရောက်ရှိသွားခဲ့ကြောင်း ပဏာမ စုံစမ်းစစ်ဆေးချက်များအရသိရသည်ဟုဆိုသည်။