ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ဒုတိယအသုတ် မြန်မာသို့ထွက်ခွာ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ (EMT)မှ အဖွဲ့ဝင် လေးဦးသည် မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရသူများအား ဆေးဝါးကုသမှုနှင့် ကုသရေးများ ဆောင်ရွက်ပေးရန်အတွက် ဧပြီ ၁၈ ရက်နေ့ကဘန်ကောက်မြို့မြန်မာသို့ ထွက်ခွာခဲ့တယ်လို့ Khaosod သတင်းကဖော်ပြသည်။ ငလျင်ဒဏ်ခံရသူအများစုမှာ လက်ရှိတွင် ဆေးရုံတက်ကုသခွင့် မရရှိသေးသဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အယောက် ၃၀ ဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ထိုင်းအသင်းသည် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာလာရော က်မှာဖြစ်ပြီး ပြန်လာမည့် ပထမဆုံးသော ထိုင်းအဖွဲ့ကိုလည်း အစားထိုးမည်ဖြစ်သည်။

ယင်းအဖွဲ့သည်မြန်မာနိုင်ငံတွင် ဒဏ်ရာရသူ ၇၄၀ ဦးကို ပထမဆုံး ကုသပေးခဲ့သည်။ထိုင်းမှဆေးဘက်ဆိုင်ရာ အကူအညီများကို မေလ ၉ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဟုလည်းသတင်းကဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *