ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုမှာ မရှိမဖြစ် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ကဆို

ဧပြီ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်Touhid Hossain က မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ဒေသတွေကို သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိဖို့ လိုအပ်သလို ဒါဟာသူ့ရဲ့အကျိုးစီးပွားအတွက် မလိုအပ်ဟုဆိုကြောင်း bd news 24 သတင်းကဧပြီ ၂၈ရက်ကဖော်ပြသည်။
ဧပြီ ၂၇ ရက်နေ့က နိုင်ငံခြားရေဝန်ကြီးဌာန၌သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင်“ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတာ ကျနော်တို့ တရားဝင် အသိအမှတ်ပြုပါတယ်၊ငြင်းလို့ မရပါဘူး။ မြန်မာနယ်စပ်တလျှောက်လုံးက အခု စစ်အစိုးရမဟုတ်တဲ့ အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဗဟိုအစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး။”ဟုသူကဆိုသည်။”ဒါကြောင့်ကျနော်တို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်၊ ကျနော်တို့ဟာ ဆက်သွယ်ရေးပုံစံအချို့ကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့တစ်ခုနဲ့တရားဝင်ဆက်သွယ်နိုင်ခြင်း မရှိသော်လည်း လုံးလုံးလျားလျား အဆက်ပြတ်နေလို့မဖြစ်နိုင်ပါဘူးလိုအပ်တဲ့ ထိတွေ့ဆက်ဆံမှု အဆင့်ကို ထိန်းထားမယ်။”ဟုသူကဆက်ပြောသည်။
မြန်မာစစ်အစိုးရနှင့် သူပုန်အဖွဲ့များကြား ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေပြီးနောက် ရက္ခိုင့်တပ်မတော်သည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင့် ကပ်လျက်ရှိသော ရခိုင်ပြည်နယ်ကို စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှလွဲ၍အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။
ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းတို့၏ဇာတိရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုမှာ လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း မအောင်မြင်ခဲ့ပေ။ယခင်နှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုလမ်းကြောင်းဖွင့်ထားကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။ ထို့အပြင် Muhammad Yunus ဦးဆောင်သော ကြားဖြတ်အစိုးရသည် စစ်ဘေးသင့်ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလမ်းကြောင်းတစ်ခု ထူထောင်ရန် ကုလသမဂ္ဂ၏ အဆိုပြုချက်ကို သဘောတူညီခဲ့သည်။
ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား ပဋိပက္ခအတွင်းသို့ ဆွဲသွင်းစေနိုင်သည့် အန္တရာယ်ရှိမရှိ မေးမြန်းရာ အကြံပေးပုဂ္ဂိုလ်က “မြန်မာပြည်တွင်းရေးမှာ ရှုတ်ထွေးနေတာက တခြားကိစ္စပါ။ ဒါပေမယ့် မြန်မာနိုင်ငံကလူတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အများအပြား ခိုလှုံနေကြသူတွေဟာနေရပ်ပြန်ချင်တာကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်”ဟုသူကပြောသည်။ “သူတို့တွေရဲ့ နေရပ်ပြန်ပို့ရေးကို ပံ့ပိုးပေးဖို့ လိုအပ်တာမှန်သမျှ ကျနော်တို့လုပ်ရမယ်၊ ကျနော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားက တောင်းဆိုနေလို့ဖြစ်ပါတယ်”ဟုလည်းသူကဆက်ပြောသည်။
ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းနှင့် ပတ်သက်၍ Tauhid က “ကျနော်ပြောနိုင်တာက ဒါဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းဖြစ်တာကြောင့် အဲဒါကို မူအားဖြင့် သဘောတူပါတယ်” ဟု ပြောသည်။ “ဒါပေမယ့်၊ ကျနော်တို့က သတ်မှတ်ထားတဲ့ အခြေအနေတွေကို အသေးစိတ် လေ့လာပြီးအဲဒီအခြေအနေတွေနဲ့ ကိုက်ညီရင် ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ သေချာပေါက် ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟုလည်းပြောကြားသည်။ ဘန်ဒါဘန်နယ်စပ် ၁၀ ကီလိုမီတာအကွာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ကျင်းပနေသည့် ရက္ခိုင့်တပ်မတော်၏ သတင်းများနှင့်  ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက “ဒီကိစ္စကို အကျယ်တဝင့် ဆွေးနွေးပြီးပါပြီ။ ကျွန်တော်သိသလောက်တော့ ပြည်ထဲရေး ဝန်ကြီးဌာနက ကိုင်တွယ်နေပါတယ်။ သူတို့ရဲ့ တာဝန်တွေကိုကျော်မလုပ်ချင်ဘူး၊ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်နေပါတယ်”ဟုသူကဆိုသည်။

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *