မြန်မာ့ရွှေတူးဖော်မှုအရှိန်အဟုန်က နိုင်ငံတကာမြစ်တွေကို ဘယ်လိုခြိမ်းခြောက်နေလဲ

မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလင်းကျေးလက်ဒေသတွင် အသက် ၃၅ နှစ်အရွယ် လယ်သမား စိုင်းဦးသည် အဆိပ်သင့်နေသောရေကြောင့်ရေရှည်တည်တံ့ခဲ့သော၎င်း၏မိသားစု၊ လယ်ကွင်းများပျက်စီးခဲ့ရပြီးတိရစ္ဆာန်များ နှင့် ၎င်း၏နွားများ သေဆုံးခဲ့ကြရကာ ကူကယ်ရာမဲ့ ဖြစ်သွားခဲ့သည်။ “သူတို့ရေသောက်ပြီး နောက်ခြေလှမ်းအနည်းငယ်လှမ်းပြီး လဲကျသွားတယ်” ဟု ၎င်းက ပြန်ပြောပြသည်။ အဆိုပါကန်မှရေများသည် နမ့်ခမ်းမြို့နယ် လွိုင်ခမ်းမှ စီးဆင်းသည့်“ရွှေမြစ်”၊ “ရွှေတောင်တန်း” မှ ရေများဖြစ်​သလိုရွာသူရွာသားများအတွက် လွယ်ခမ်းသည် မြင့်မြတ်သည်ဟုယုံကြည်ကြသည်။ “ရွှေကို ဘယ်တုန်းကမှ မရှာဘူး” ဟု စိုင်းဦး က ပြောသည်။ “တောင်သည် ဝိညာဉ်ရေးဖြစ်သည်၊ ကျွန်ုပ်တို့၏ဘိုးဘေးများသည် ထိုနေရာတွင် နေထိုင်ကြသည်။”ထိုယုံကြည်မှုကို ပြင်ပဒေသမှလူများကအလေးမထားကြပါ။

လွယ်ခမ်းကို တရုတ်လုပ်ငန်းလေးခုအပါအဝင် သတ္တုတူးဖော်ရေးကုမ္ပဏီများကစိတ်ဝင်စားမှု တိုးလာခဲ့သည်။ မြင့်မြတ်သောတောင်သည် စည်းကြပ်မှုမရှိဘဲ ပြင်းထန်စွာသတ္ထုများ ထုတ်ယူရာ အချက်အချာနေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ “သူတို့က ခေတ်မီနည်းပညာမရှိဘဲ အရင်ရောက်လာတဲ့အတွက် တောင်တစ်ခုလုံးကို ပေါက်ကွဲသွားတယ်” ဟု စိုင်းဦးကပြောသည်။ သူတို့သည် တောင်၏တောင်စောင်းများကို ထွင်းထုဖြတ်တောက်ဖယ်ရှားကာ ချန်ထားခဲ့သည်။ မကြာသေးမီကသာ သတ္တုကြောရှာဖွေရေးကိရိယာများကိုသုံးပြီးတူးဖော်ရန် အသုံးပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယနေ့တွင် ဂြိုလ်တုဓာတ်ပုံများအရ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် သတ္တုတူးဖော်သည့်နေရာ ၂၀ ကျော်ရှိပြီး အကြမ်းဖျင်းအားဖြင့် ၁၇၈၀ ဟက်တာခန့်ရှိကြောင်းသိရသည်။

ဂရုတစိုက်ကြီးကြပ်မှုအနည်းငယ်ဖြင့် သာလုပ်ဆောင်ခဲ့သဖြင့်မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် နမ့်ခမ်းမြစ်ရေသည် မည်းမှောင်ပြီး အနံ့အသက်ဆိုးများ ထွက်ပေါ်လာကာ လယ်ကွင်းများနှင့် နေအိမ်များသည်ပုံမှန်ရေလျှံလေ့ရှိကြောင်း သက်သေအထောက်အထားများအရသိရသည်။ မဲခေါင်မျက်လုံးနှင့် Dialogue Earth မှရရှိသော ဂြိုလ်တုဓာတ်ပုံများနှင့် သက်သေစာရင်းများအရထိန်းကျောင်းမှုဆိုင်ရာ အခြေခံအဆောက်အအုံများ အားနည်းနေခြင်းကို ပြသနေသည်။ တွေ့ရှိချက်များသည် မြန်မာနိုင်ငံ တောင်ယာများတွင် စည်းကမ်းတင်းကြပ်မှုမရှိသော သတ္တုတူးဖော်ခြင်းသည် နိုင်ငံ့နယ်နိမိတ်ကိုကျော်လွန်၍ ဝေးကွာသော ရေအရင်းအမြစ်များကို ညစ်ညမ်းစေနိုင်ကြောင်း သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းတွင် စည်းကမ်းမဲ့ ရွှေတူးဖော်မှုများသည် မြောက်ဘက်ရှိ ယူနက်စကိုအမွေအနှစ်စာရင်းဝင်ဇီဝနယ်မြေ အင်းတော်ကြီးကန်မှတောင်ဘက် တနင်္သာရီ သဘာဝဘေးမဲ့တောအထိ နိုင်ငံတဝှမ်းတွင် မကြာခဏဆိုသလို ပဋိပက္ခများ ကြောင့်အိုးအိမ်များစွန်ခွာခဲ့ကြရသည့် မြေယာများကို မကြာခဏ ကျူးကျော်လာခဲ့ကြသည်။ ဆိုင်ယာနိုက်(ပြဒါး)ဒြပ်ပေါင်းများကို ရွှေသတ္တုတူးဖော်ရေးတွင် တွင်ကျယ်စွာ အသုံးပြုကြပြီး သတ္တုတွင်းမှ ဓာတ်ပြုခြင်းနည်းဖြင့်အခြားသတ္ထုများကိုဖယ်ရှားကာရွှေထုတ်ယူခြင်းဟု လူသိများသည်။ ရွှေထုတ်ယူရာတွင် သီအိုဆာလဖိတ်( thiosulfate) ကဲ့သို့သော ဘေးကင်းသော အခြားရွေးချယ်မှုများရှိသော်လည်း၊ ပြဒါးသည် ကုန်ကျစရိတ်သက်သာသည့်အတွက် လူကြိုက်များဆဲဖြစ်သည်။ အထူးသဖြင့် စည်းမျဥ်းစည်းကမ်းမဲ့ပြီး တရားမဝင်သော လုပ်ငန်းများတွင်ပို၍အသုံးပြုနေကြသည်။

ဂြိုလ်တုဓာတ်ပုံများတွင် စတုဂံပုံများအဖြစ် မကြာခဏမြင်ရသော ရွှေထုတ်ယူရာမှကြွင်းကျန်သောပြဒါးများကိုကန်များတွင် စွန့်ပစ်ကာစုဆောင်းထားသည်။ စွန့်ပစ်ဆိုင်ယာနိုက်အား ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ရန်အတွက်သတ္တုတွင်း၏ သုံးပုံတစ်ပုံခန့်ပမာဏရှိသောကြီးမားပြီး နက်ရှိုင်းသော ကန်များတွင် ထားရှိသင့်သည်။ Mekong Eye နှင့် Dialogue Earth မှရရှိသော ဂြိုလ်တုဓာတ်ပုံများသည် လွိုင်ခမ်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ဝှမ်းရှိ ရွှေတွင်းများတွင် အခြေခံအဆောက်အအုံများ ချို့တဲ့နေကြောင်း ပြသနေသည်။ ပုံများတွင် အနီးနားရှိ ချောင်းများအတွင်းသို့ ညစ်ညမ်းသောရေများ စီးဆင်းနေသည်ကို တိုက်ရိုက်ပြသခြင်း မရှိပါ။ သို့သော် မြင်သာသော သန်းစင်ရေးအဆောက်အအုံများ မရှိခြင်းကြောင့် ရေဆိုးများသည် မဲခေါင်မြစ်လက်တက်များဆီသို့စီးဆင်းသည့် ရေစီးကြောင်းများဆီသို့ ရောက်ရှိလာနိုင်ပြီး နယ်နိမိတ်ဖြတ်ကျော် ညစ်ညမ်းမှု ဖြစ်နိုင်ချေကို သတိပေးချက် မြှင့်တက်စေပါသည်။ အမည်မဖော်လိုသူ ထိုင်းသတ္တုတွင်းနှင့် အင်ဂျင်နီယာပညာရှင် နှစ်ဦးက အဆိုပါပုံများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

အထူးသဖြင့် ပြောင်းလဲလာသော ရှုခင်းနှင့် သံသယရှိခံထားရသော စွန့်ပစ်ရေကန်များ၏ အံဝင်ခွင်ကျပုံစံသည် ရွှေထုတ်လုပ်မှုလုပ်ငန်းများနှင့် ကိုက်ညီကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။ ရွှေတွင်းတည်ရှိမှုနှင့် လျော်ကန်သော စွန့်ပစ်ပစ္စည်းမြုပ်နှံသောကန်များ မရှိခြင်းတို့ကို ရွာသားများ၏ မှတ်တမ်းများက အတည်ပြုခဲ့သည်။
“ဒါက အရမ်းအန္တရာယ်များတယ်” ဟု ကျွမ်းကျင်သူတစ်ဦးက ရှင်းပြသည်။ “ယိုဖိတ်မှုဟာ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ရုံသာမကဘဲ လုပ်ငန်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်”ဟုသူကဆက်ပြောသည်။ လေ့လာမှုတစ်ခုအရ လွယ်ခမ်းမိုင်းတွင်းအနီး မိုင်းလန်းမှ မြေနမူနာများတွင် တစ်သန်းလျှင် ၀.၁၂မှ ၁.၈၉အထိသာ (ppm) မှ ရွှေပမာဏကိုသာ တွေ့ရှိခဲ့သည်။ ဤအာရုံစူးစိုက်မှုအဆင့်သည် များပြားလှသောကျောက်များကို ရွှေအမြောက်အမြားထုတ်ယူရန် စီမံဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုင်ယာနိုက်ဖြင့် ပေါင်းစပ်ထားသော စွန့်ပစ်အမှိုက်အမြောက်အမြားကို ကျန်ရစ်စေခဲ့သညိဟုဆိုသည်။

ပြင်းအားနည်းသည့်တိုင်၊ ဆိုက်ယာနိုက်သည် ဆဲလ်များ၏အသက်ရှူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လျင်မြန်စွာအသက်ဆုံးရှုံးနိုင်ချေရှိသော သက်ရောက်မှုများအထိ ဖြစ်စေနိုင်သည်။ဆိုင်ယာနိုက်သည် အချို့သောပတ်ဝန်းကျင်များတွင် ပြိုကွဲနိုင်သော်လည်း၊ ၎င်းသည် ကုသမှုမခံယူပါကရက်သတ္တပတ်များမှ လများအထိ အန္တရာယ်ရှိနေနိုင်ပြီး ဂေဟစနစ်နှင့် လူသားကျန်းမာရေး နှစ်ခုစလုံးအတွက် ရေရှည်အန္တရာယ်ရှိသည်။ “ဒီမိုင်းတွေမှာ အကာအကွယ်တွေ ကင်းမဲ့မှုက စိုးရိမ်စရာဖြစ်ပြီး ကျွန်တော်တို့ဘက်မှာတော့ ဘယ်သူမှ မရှိဘူး” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဆယ်စုနှစ်တစ်ခုနီးပါး ရွှေတူးဖော်မှု၏ အကျိုးသက်ရောက်မှုများကို ခြေရာခံခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သောရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အများစုကို အင်းအားကြီးမားသောမြန်မာစစ်အစိုးရ၏မဟာမိတ်ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပြည်သူ့စစ် များက အုပ်ချုပ်သည်။ သို့သော်လည်း မိုင်းလင်းနှင့် လွိုင်ခမ်းတို့သည် လားဟူပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် နယ်မြေတွင် ရှိသည်။ ဤနေရာများသည် ပြင်ပလူများဝင်ရောက်ခွင့်ပိတ်ထားသည်။ ဓာတ်ခွဲခန်းစမ်းသပ်မှုမှတစ်ဆင့် ညစ်ညမ်းမှုကို အတည်ပြုရန် ခက်ခဲသော်လည်း၊ ဒေသတွင်းမှလူမှုကွန်ယက်အကောင့်များနှင့် ဂြိုလ်တုမှရရှိသောဒေတာများတွင် စိတ်အနှောင့်အယှက်ဖြစ်စေသော ပုံရိပ်များကိုတွေ့ရှိရသည်။ “မဲခေါင်မြစ်ထဲကို စီးဆင်းနေတဲ့ စမ်းချောင်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့ စီးဆင်းနေတဲ့ ရေလမ်းကြောင်းတွေကို တွေ့နိုင်ပါတယ်” ဟု အတိုင်ပင်ခံ ပညာရှင်တစ်ဦးက ပြောသည်။ SHRF မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အစီရင်ခံစာတွင် ရှမ်းပြည်နယ်တစ်ဝှမ်းရှိ သိသာထင်ရှားသော သတ္တုတူးဖော်ရေး လုပ်ငန်းများကို အတည်ပြုမှတိတမ်းတင်ခဲ့သည်။

သတ္တုတူးဖော်ခြင်းကြောင့် သစ်တောများ ဆုံးရှုံးခြင်းနှင့် မြေဆီလွှာ ပြတ်တောက်မှုများသည် ရေတိုက်စားမှု ပိုမိုဆိုးရွားလာကာ အနည်များ ထူထပ်လာပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေသည်ဟု ၎င်းက ဆိုသည်။ မယ်ဆိုင်ခရိုင်တွင် ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်မှုသည်သတ္တုတူးဖော်ခြင်း အပါအဝင် လယ်မြေများ ပျက်စီးခြင်းသို့ ဆက်စပ်နေသည့် အစောပိုင်း ထိုင်းအစိုးရ လေ့လာမှုတစ်ခုမှ အဆိုပါအချက်များအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိပ်အတောက်များစီးဆင်းမှုက နယ်စပ်မှာ ရပ်မနေပါ။ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေး လုပ်ငန်းများသည် နိုင်ငံတကာ မြစ်နှစ်စင်းဖြစ်သည့် စိုင်းနှင့် မဲခေါင်မြစ်တို့ တစ်လျှောက်တွင် တည်ရှိသည်။

အထူးသဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့နှင့်ချိတ်ဆက်နေသောစိုင်းမြစ်ကို ထိခိုက်သည်။ မဲခေါင်မြစ်အောက်ပိုင်းမြစ်ဝှမ်းဒေသတွင် နေထိုင်သူ ၆၅ သန်းနီးပါး၏ ၈၀ ရာခိုင်နှုန်းခန့်သည်(ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာ) တွင် တိုးပွားလာသော ညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
မဲခေါင်မြစ်လက်တက်များအနက်တွင် မိုင်းလင်းဒေသတစ်ခုထဲတွင်ပင်အနည်းဆုံး ရွှေတွင်း ၁၀ တွင်းရှိကြောင်း ဂြိုလ်တုဓာတ်ပုံများတွင်တွေ့ရသည်။ အနောက်တောင်ဘက်ငါးကီလိုမီတာကျော် စိုင်းမြစ်ကမ်းနံဘေးတွင် တူးဖော်ရေးလုပ်နေသည့် မိုင်းတုံမြို့နယ် မိုင်းကန်ကျေးရွာတွင် မိုင်းအများဆုံး တွေ့ရှိရသည်။ စွန့်ပစ်ရေကန်ဟု သံသယဖြစ်ဖွယ်အရာတစ်ခုမှာရေစပ်မှ ၁၀ မီတာအကွာတွင် တည်ရှိသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်သို့ သမိုင်းဝင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံ၏ ဘူမိသတင်းအချက်အလက်အရ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်သို့ သမိုင်းဝင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံ၏ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီသည် ရေကြီးပြီးနောက် ဂြိုလ်တုဓာတ်ပုံများကို ပြန်လည်သုံးသပ်ခဲ့ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သတ္တုတူးဖော်ခြင်းက သစ်တောပြုန်းတီးမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ မြေယာအသုံးပြုမှု ပြောင်းလဲမှုများနှင့်အတူ ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။

“ဒီနယ်မြေတွေက ထိန်းချုပ်လို့မရတာကြောင့် ဝင်ရောက်စွက်ဖက်လို့ မရဘူးလို့ မြန်မာဖက်က အရာရှိတွေက ပြောပါတယ်” ဟု မယ်ဆိုင်မြို့နယ် မြို့တော်ဝန် Chaiyon Srisamut က အဆိုပါနယ်မြေတွင်တိုင်းရင်းသား မြန်မာလက်နက်ကိုင် အဖွဲ့များ ရှိနေခြင်းကို ရည်ညွှန်းပြီး ပြောသည်။ သို့သော်လည်း အဆိုပါအဖွဲ့အများအပြားသည် စစ်တပ်၏ တိတ်တိတ်ဆိတ်ဆိတ် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေပြီး လုပ်ဆောင်နိုင်စွမ်းဆန္ဒနှင့် ပတ်သက်၍ မေးခွန်းထုတ်ကြသည်။ တရားဝင်ဘေးကင်းရေး ကန့်သတ်ချက်အောက်၌ ရှိနေသော်လည်း သတ္တုတွင်းနှင့်ဆိုင်သော ဓာတုပစ္စည်းများ သဲလွန်စများကို ဖော်ထုတ်ပြသသည့် နောက်ပိုင်းတွင် ဒေသအာဏာပိုင်များ၏ ရေစမ်းသပ်မှုများကို ကိုးကား၍ မြို့တော်ဝန်ကပြောကကြားခဲ့သည်။

“ဆိုက်ယာနိုက်အဆင့်က ကန့်သတ်ချက်ထက် ကျော်လွန်နေပါတယ်” ဟု ၎င်းက ဆိုသည်။ “ဒါဆို တစ်ယောက်ယောက်က တကယ်အရေးယူဖို့ တွန်းအားပေးခံရတာ ဖြစ်နိုင်တယ်”ဟုသူကဆက်ပြောသည်။ ကမ္ဘာ့သတ္တုတွင်းလုပ်ငန်းသည်၂၀၀၀ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ဆိုက်ယာနိုက်စီမံခန့်ခွဲမှုကျင့်ထုံးကို ဆန္ဒအလျောက်လိုက်နာခဲ့သော်လည်း မြန်မာနိုင်ငံတွင် သတ္တုတွင်းများကိုကြီးကြီးမားမား ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းမှုမတိုင်မီကပင် အစီရင်ခံစာများအရ သဘာဝပတ်ဝန်းကျင် ကြီးကြပ်မှု သည်“ပြိုပျက်လဲကျ” ခဲ့သည်။ စတော့ဟုမ်းပတ်ဝန်းကျင် အင်စတီကျုမှ အကြီးတန်း သုတေသနလုပ်ဖော်ကိုင်ဖက် Thanapon Piman က အရေးယူဆောင်ရွက်မှုမပြုမီ ဓာတုဗေဒပစ္စည်းပါဝင်မှုများသည် အကျပ်အတည်းအဆင့်သို့ရောက်သည်အထိစောင့်ဆိုင်းခြင်းမပြုရန် သတိပေးခဲ့သည်။

“ရေကြီးလာတဲ့အခါမြစ်ရေတွေအပြင် ကမ်းနားတစ်လျှောက်မှာ မိုင်းတွင်းတွေရှိကန်တွေထဲကစိမ့်ထွက်နေတဲ့ ရေတွေပါမြင့်တက်လာတယ်” ဟု ၎င်းက ရှင်းပြသည်။ “ဒီရေစီးကြောင်းက ဘယ်လိုအဆိပ်အတောက်တွေကို မြစ်အောက်ကို သယ်ဆောင်သွားနိုင်မလဲဆိုတာ သင်စိတ်ကူးကြည့်နိုင်ပါတယ်”ဟုသူကဆက်ပြောသည်။
Santipitaks က ပိုမိုရှုပ်ထွေးသောပျော်ဝင်​ရည် ရေဒိုင်းနမစ်များကို တုံ့ပြန်ရန်အတွက် မြစ်စောင့်ကြပ်ကြည့်ရှုခြင်းကို အားကောင်းစေလိုသည်ဟုပြောကြားသည်။
သို့သော် မဲခေါင်မြစ်ဝှမ်းရှိ ရွှေတူးဖော်မှုမှ ဆိုင်ယာနိုက် ညစ်ညမ်းမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် MRC မှပြောရေးဆိုခွင့်ရှိသူက “မင်းရဲ့ တွေ့ရှိချက်အသေးစိတ်နဲ့ ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် မဲခေါင်မြစ်ဝှမ်းရှိ ရွှေတူးဖော်မှုမှ ဆိုင်ယာနိုက် ညစ်ညမ်းမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် MRC မှပြောရေးဆိုခွင့်ရှိသူက “မင်းရဲ့ တွေ့ရှိချက်အသေးစိတ်နဲ့ ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။ SHRF က ယခုလိုတုံ့ပြန်မှုအပေါ် မအံ့သြမိကြောင်း ပြောကြားခဲ့သည်။ “MRC က တက်ရောက်တဲ့ အလုပ်ရုံတွေမှာ ဒါကို ကျနော်တို့ တင်ပြထားပါတယ်” ဟု လုံခြုံရေး စိုးရိမ်မှုများကြောင့် အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အဲဒီတုန်းက သူတို့တုံ့ပြန်မှုမရှိခဲ့ဘူး၊ အခုလည်းမတုံ့ပြန်ကြဘူး”ဟုလည်းသူကပြောသည်။UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ညီရန်းအား တွေ့ဆုံကာ UWSA ၏ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် စည်းမျဥ်းကို အကောင်အထည်ဖော်ခြင်း ရှိ၊မရှိ၊မေးမြန်းရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းအကြောင်းပြန်ကြားခြင်းမရှိပါ။

မိုင်းတွင်းအနီးတွင် နေထိုင်သူအများအပြားကို မှာအကြောက်တရားကြောင့်ငြိမ်သက်နေကြပါသည်။မိုင်းလင်းတွင်သတ္ထု မိုင်းတွင်းများကို ဆန့်ကျင်သောဆန္ဒပြပွဲများတချိန်ကဖြစ်ပွားခဲ့ကြသည်မှာ ဖြစ်ရိုးဖြစ်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဆန္ဒပြသူတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးချိန်၌ အခြေအနေပြောင်းလဲသွားခဲ့သည်။ ထိုစဉ်ကတည်းက ပွင့်ပွင့်လင်းလင်း ခုခံဆန့်ကျင်မှု ပျောက်ကွယ်သွားခဲ့သည်။ မိုင်းကန်ဒေသတွင် အသက် ၅၅ နှစ်အရွယ် စိုင်းဆမ်နှင့် ၎င်းကဲ့သို့သော အခြားသူများမှာ UWSA ကနယ်မြေကို ၂၀၀၁ခုနှစ်ကသိမ်းပိုက်ပြီးနောက်အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ကြရသည်။ “ကျနော်တို့ကိုအတင်းအကြပ်ပြောင်းရွှေ့ခိုင်းစဥ်မှာ ရွာလူကြီးက ညှိနှိုင်းဖို့ကြိုးစားခဲ့ပါတယ်”ဟုသူကပြောသည်။သူသည်ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရပါသည်” ဟု ၎င်းက ပြောသည်။ ယခု ထိုင်းနယ်စပ် တလျှောက် စစ်ဘေးရှောင် စခန်းများတွင် နေထိုင် ကြသည့် မိသားစုဝင်များ သည် ယခင်ကပိုင်ဆိုင်ခဲ့ကြသော လယ်ယာမြေများဆုံးရှုံးသွားကြသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရ၊ ကုမ္ပဏီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၄၀ ၏ ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့ (EITI) သည် အစုအဖွဲ့ပေါင်းစုံ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ဒေတာပွင့်လင်းမြင်သာမှုကဲ့သို့သော အခြေခံအုပ်ချုပ်မှုအလေ့အထများကို လိုက်နာရန်ပျက်ကွက်မှုကို ကိုးကား၍ မြန်မာနိုင်ငံအား အမည်ပျက်စာရင်းသွင်းခဲ့သည်။ အားနည်းသော စည်းမျဥ်းစည်းကမ်းများနှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လစ်ဟာနေသည့်အချိန်၌ တရုတ်သတ္တုတွင်းလုပ်ငန်းများသည် အထူးသဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်မျဉ်းတစ်လျှောက်တည်ရှိပြီး ရွှေပေါများသော စစ်ပွဲဇုန်များတွင် လွှမ်းမိုးကြီးစိုးလာမှုကို တွေ့ရှိခဲ့သည်။မက်ထရစ်တန်ချိန် ၃၈၀ နီးပါးပမာဏရှိသော ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးရွှေထုတ်လုပ်သူ တရုတ်နိုင်ငံသည် ၎င်း၏ပြည်တွင်းထောက်ပံ့မှုကို လုံခြုံစေရန်နှင့် ၎င်း၏ ​စီးပွားရေးခါးပတ်လမ်း(BRI) မှတဆင့် ပထဝီဝင်နိုင်ငံရေးသြဇာလွှမ်းမိုးရန် အတွက်ပြည်ပရွှေတူးဖော်မှုအား မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်သည်။

၂၀၂၄ ခုနှစ်တွင် BRI လက်အောက်ရှိ သတ္တုနှင့် သတ္တုတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုများသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၂၁.၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း Griffith Asia Institute မှ သိရသည်။ အားနည်းသော အုပ်ချုပ်မှုစနစ်ရှိသော အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည် BRI ၏ပိုမိုကြီးမားသော လမ်းကြောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ တရုတ်ကုမ္ပဏီများသည် ပြည်တွင်း၌ တင်းတင်းကျပ်ကျပ် စည်းမျဥ်းစည်းကမ်းများ ရင်ဆိုင်နေရသော်လည်း နိုင်ငံရပ်ခြားတွင် ၎င်းတို့၏ လုပ်ငန်းများကို အင်ဒိုနီးရှားနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ တွင်တရားဝင် စိစစ်မှုများကိုပြုလုပ်ခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် မြန်မာနိုင်ငံမှာ 2021 ခုနှစ် အာဏာသိမ်းပြီးကတည်းက တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများကို ဥပဒေအရ အရေးယူတာမျိုး မရှိသေးပါ။ UWSA သည် ရွှေပေါများသော နယ်မြေအများအပြားကို ထိန်းချုပ်ထားသည်။

UWSA ထိန်းချုပ်မှုအောက်ရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေပါက တရုတ်နိုင်ငံကမြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများထပ်မံရှုတ်ထွေးစေမည့် အန္တရာယ်များရှိနေပါသည်။ ရလဒ်ကို မြန်မာစစ်တပ်နှင့် သူပုန်အဖွဲ့များက နှိုးဆော်ရန် စိတ်အားထက်သန်မှု မရှိကြပါ။မြန်မာနိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ ဆိတ်ဆိတ်နေပြီး ပြန်လည်ဖြေရှင်းရန် နည်းလမ်းအနည်းငယ်ဖြင့် စိုင်းဦးကဲ့သို့သော ရွာသူရွာသားများသည် ၎င်းတို့၏ မြင့်မြတ်သော တောင်တန်းများနှင့် မြစ်ချောင်းများအားမလေးမစားပြုမူခံနေရပြီးဤအတောအတွင်း၊ မြစ်အောက်ပိုင်းရှိ သန်းပေါင်းများစွာသောသူတို့သည် ၎င်းတို့ဆီသို့ နှေးကွေးစွာစီးဆင်းနေသောအကျပ်အတည်းကို သတိမပြုမိကြသေးပါ။

အဲမောင်း
Eco-Business. com စာမျက်နှာတွင်ဖော်ပြသည့်How Myanmar’s gold rush threatens international riversကိုပြန်ဆိုပါသည်။

ဤဆောင်းပါးကို Mekong Eye နှင့် Dialogue Earth မှတဆင့် Earth Journalism Network မှ ပံ့ပိုးကူညီခဲ့ပါသည်။မိုင်းတွင်းတိုင်းတာမှုအားလုံးသည် ဂြိုလ်တုပုံရိပ်များအပေါ် အခြေခံထားသည်။ လူတစ်ဦးချင်းစီ၏ ဘေးကင်းမှုနှင့်ကာကွယ်​ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်ရှိ အချို့နေရာများနှင့် အမည်များကို ပြောင်းလဲထားသည်။ ဤဆောင်းပါးကို Creative Commons လိုင်စင်ဖြင့် Dialogue Earth တွင် မူရင်းထုတ်ဝေခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *