မဲဆောက်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသူသေနတ်သမားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တာ့ခ်ခရိုင် မဲဆောက်မြို့၌ မေလအ ၆ ရက်နေ့ မနက် ၈ နာရီ ၁၈ မိနစ်က အင်္ကျီမပါသည့်သေနတ်သမားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါကြောင်းက Khaosod သတင်းကဖော်ပြသည်။


စိတ်အနှောက်အယှက်ဖြစ်နေပုံရသောယင်း အမျိုးသားသည် ပစ်ကပ်ထရပ်ကားကိုမောင်းနှင်လာပြီး မဲရမတ်မြို့တွင် နံနက် ၁ နာရီ ၃၀ ခန့်က ရိုင်ဖယ်သေနတ်ဖြင့် ကားပေါ်မှဆင်းလာကာ ရိုင်ဖယ်သေနတ်​ဖြင့်တွေ့ရာမြင်ရာကိုကြုံရာကျပန်း ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရူးသွပ်နေပုံပေါ်သည့်ယင်း အမျိုးသားအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *