မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ပြစ်ဒဏ်ကျခံနေရချိန်တွင်ဆေးရုံတက်ခဲ့သည့် အကြောင်းရင်းကိုကြားနာစစ်ဆေးခဲ့အပြီးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ဆေးရုံတက်နေချိန်တွင်ပြင်းထန်စွာနာမကျန်းမဖြစ်ခဲ့ကြောင်း ဆုံးဖြတ်နိဂုံးချုပ်ပြီးနောက်တွင် ဆရာဝန်နှစ်ဦးကို ရာထူးဆိုင်းငံ့ထားရန် တတိယဆရာဝန်အားသတိပေးစာထုတ်ပြန်ရန်ထိုင်းဆေးကောင်စီက ဆုံးဖြတ်လိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံဆေးကောင်စီဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Prasit Watanapa က မေလ ၈ရက်နေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆုံးဖြတ်ချက်အားအများစုမဲဖြင့် အတည်ပြုခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို မဆောင်ရွက်မီ ပြည်သူ့ကျန်းမာရေးဝန်ကြီး၏ အတည်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်သူ့ကျန်းမာရေး၀န်ကြီးသည်သက်ဆင်၏သမီး၊ ၀န်ကြီးချုပ် Paetongtarn Shinawatra ဦးဆောင်သော Pheu Thai ပါတီမှ Somsak Thepsutin ဖြစ်သည်။ စစ်ဆေးမေးမြန်းခံရသည့် ဆရာဝန်သုံးဦးသည် ပြုပြင်ရေးဆေးရုံနှင့် ရဲအချုပ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဒေါက်တာPrasit က ပြောသည်။ သတိပေးချက်လက်ခံရရှိမည့်ဆရာဝန်သည် လွှဲပြောင်းပေးပို့မှုသတိပေးချက်နှင့်ပတ်သက်၍ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုစံနှုန်းများနှင့် မကိုက်ညီဘဲနှင့် လုပ်ဆောင်ခဲ့ပြီး အခြားဆရာဝန်နှစ်ဦးသည် ဆေးဘက်ဆိုင်ရာအချက်အလက်များ မှားယွင်းသော စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့သည်။ သုံးဦးစလုံးသည် အရိုးအထူးကုများဖြစ်သည်။