ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ များပြားလာကာ လူသားချင်း စာနာထောက်ထားမှုအရင်းအမြစ်များ ရှားပါးလာသည်နှင့်အမျှ အတင်းအဓမ္မ ရွှေ့ပြောင်းနေထိုင်ခိုင်းခံရသူများနှင့် နိုင်ငံမဲ့နေသူများအတွက်အကာအကွယ်နှင့် လူသားချင်းစာနာမှု လိုအပ်ချက်များကို လျစ်လျူမရှုသင့်ပါဟု ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာဂိာမန်သံရုံးက ဇွန်လ ၂၀ရက် ကမ္ဘာ့ ဒုက္ခသည်များနေ့တွင်ထုတ်ပြန်သည်။
အရှေ့တောင်အာရှတွင် ဂျာမနီသည် ဒုက္ခသည်ရိုဟင်ဂျာလူမျိုးများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိသည်။
နိုင်ငံတကာတွင်လည်း ဂျာမနီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ၏ လုပ်ဆောင်မှုများကို အပြောဖြင့်သာမက လုပ်ဆောင်ချက်များဖြင့်လည်း ပံ့ပိုးပေးနေပါသည်။
ဂျာမနီသည် UNHCR ၏ ဒုတိယအကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှူရှင်ဖြစ်ပြီး ကမ္ဘာ့ပေါ်တွင် စတုတ္ထအကြီးဆုံး ဒုက္ခသည်လက်ခံသည့်နိုင်ငံဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။