မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ ရုရှားသွားခဲ့

ဇူလိုင်လ ၁၊ ၂၀၂၅။ သောင်ရင်းငတင်းလွှာ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် မြန်မာစစ်တပ်နဲ့ဆက်ဆံရေးနီးစပ်သည့်ရုရှားနိုင်ငံသို့လွန်ခဲ့သော တစ်ပတ်က သွားရောက်ခဲ့သည်ဟု BBC သတင်းက ဇွန်လ ၃၀ရက်တွင်ဖော်ပြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သော ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုသို့ရောက်နေသည်ဟုသူ့၏လူမှုကွန်ရက် အင်စတာဂရမ်တွင်နင်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံနှင့် Red Square ရှေ့မှဓာတ်ပုံများကိုလည်း တင်ထားသည်ကိုတွေ့ရသည်။ ဤခရီးစဉ်၌ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sergey Vershinin နှင့်တွေ့ဆုံခဲ့သည်ကို သူ၏လူမှုကွန်ရက်က ဓာတ်ပုံတွင်တွေ့ရသည်။ ယခု ရုရှားသို့ သူသည် မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အနေနှင့်သွားရောက်သည်ဆိုသည်ကို သူ၏အင်တာဂရမ်က ပုံတွင် ဖော်ပြထားသော်လည်းခရီးစဉ်ထဲက ဆွေးနွေးချက်ကိုတော့ မသိရပါ။

သြစတြေးလျသတင်းဌာနတစ်ခုဖြစ်သော Sydney Morning Herald ကိုတော့ အထူးကိုယ်စားလှယ်သည် သူ့တာဝန်အရ မြန်မာ့ နိုင်ငံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခအတွက် ကုလလုံခြုံရေးကောင်စီ အဓိက အဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သောရုရှားကို သွားခဲ့သည်ဟုပြောကြောင်းသတင်းကဆိုပါသည်။ အထူးသံသည် တိတ်တဆိတ် ဒီပလိုမေစီကို ကျင့်သုံးသည်ဟုမြန်မာ့အရေးနှင့်ပတ်သက်ပြီးမြန်မာ့အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ဆီ အလုပ်သဘော ခရီးထွက်သည်ကို လူသိရှင်ကြား ထုတ်ပြောလေ့ မရှိဟုသတင်းကဆိုသည်။ အထူးကိုယ်စားလှယ်၏ ယခုတစ်ခေါက် ရုရှားခရီးစဉ်နှင့် ပတ်သက်ပြီး၍လည်း အထူးကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်တာ မရှိသေးဟုသိရသည်။သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူဂျူလီဘစ်ရှော့သည်မြန်မာတွင်စီးပွားရေးလုပ်ကိုင်နေသောတရုတ်အစိုးရပိုင်ကုမ္ပဏီနှင့်ဆက်စပ်သည့်သြစတြေးလျ ETM သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ၌အကြံပေးခန့်အပ်ခံရသောကြောင့် အကျိုးစီးပွားပဋိပက္ခနှင့်ပတ်သက်၍မေးခွန်းထုတ်ခံနေရသည်လည်းဖြစ်သည်။
By admin

Leave a Reply

Your email address will not be published. Required fields are marked *