ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် Sky Villa ကွန်ဒိုပြိုကျပြီး ၅ လနီးပါးအကြာမှာ အပျက်အစီးတွေထဲကနေ အလောင်းတစ်လောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရတယ်လို့ The Star သတင်းမှာ သြဂုတ် ၁၅ရက်နေ့ကဖော်ပြပါတယ်။ အေးရှားဝေါလ် ကုမ္ပဏီနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ပြိုကျနေတဲ်အဆောက်အအုံကို ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းလုပ်ကိုင်နေစဥ် အလောင်းကိုကို သြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှာရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို Block A တတိယထပ် အခန်း E3 မှာ တွေ့ရှိခဲ့ပြီး အလောင်းကိုမန္တလေးတိုင်းဒေသကြီး လူမှုကူညီရေးအသင်းကနံနက် ၁၀ နာရီ ၅၀ မိနစ်မှာ ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။
ကွန်ဒိုကနေအလောင်း ၁၅၀ ကျော်ကို ဆယ်ယူရရှိထားပြီး အသက်ရှင်ကျန်ရစ်သူ ၅၂ ဦးသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ မန္တလေးမြို့မှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် Sky Villa ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ဟိုတယ်တွေ၊ လူနေအဆောက်အအုံတွေနဲ့အခြားအဆောက်အအုံတွေပြိုကျခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြပါတယ်။ ကွန်ဒိုမှာ လူ ၄၀၀ နီးပါး နေထိုင်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူသေအလောင်း အများအပြားကို တွေ့ရှိခဲ့ပါတယ်။ လူ့အကြွင်းအကျန်တွေအပြင် အဖိုးတန်ရွှေနဲ့ လက်ဝတ်ရတနာတွေကိုလည်း အပျက်အစီးတွေကြားကပြန်လည်ရရှိခဲ့ပါတယ်။