တရားမဝင် ဘားမှာ မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိ

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေဘားကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ မွေးနေ့ပါတီအတွက် စုဝေးကြတဲ့ မြန်မာနိုင်ငံသား လေးဆယ့်တစ်ယောက်မှာ မူးယစ်ဆေးဝါး သုံးစွဲကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက သြဂုတ် ၁၆ရက်မှာဖော်ပြပါတယ်။ Wang Thonglang ရဲတပ်ဖွဲ့က သြဂုတ် ၁၅ရက် ညမှာ Srivara လမ်းရှိ Town in Town ဟိုတယ်ဘေးရှိ လမ်းကြားမှာရှိတဲ့အမည်မဲ့ဘားကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကျင်းပတဲ့နေရာဟာ တစ်ထပ်စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံဖြစ်ပြီး ကာရာအိုကေခန်းသုံးခန်းပါပါတယ်။


စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား ခြောက်ဆယ်ကျော် ပါဝင်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၁ ဦးဟာမူးယစ်ဆေးဝါးတွေသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လိူ့ရဲတပ်ဖွဲ့က ပြောပါတယ်။ မေးမြန်းစဉ်မှာ အဆိုပါအဖွဲ့ဟာ သီးသန့်မွေးနေ့ပါတီအတွက် စုဝေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှာဖွေမှုမှာ vape အရည်ကြည်တောင့်တွေနဲ့အခြားတရားမဝင်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘားဆိုင်ဟာ လိုင်စင်မရှိဘဲ လည်ပတ်နေပြီး ပိုင်ရှင်ဖြစ်သူကတော့ထိုင်းလူမျိုး ပါဖန်ကွန်း အသက် ၄၈ နှစ်လို့သာ သိရှိရတယ်လို့ရဲတွေက ပြောပါတယ်။ သံသယရှိသူအားလုံးကို Wang Thonglang ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *