အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ဩဂုတ်လ ၁၈၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
“ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နဲ့ ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေ)တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာပိုမို အားကောင်းလာခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက် ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း- ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့မှာအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။
အဆိုပါ အားကောင်းတဲ့လေဖိအားနည်း ရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း ပိုမို အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ် (Depression)အဖြစ်ကိုရောက်ရှိနိုင်ပြီး၊ ၁၉-၈-၂၀၂၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းရပါတယ်”လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။