ဩဂုတ်လ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မဲဆောက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း
လျှပ်စစ်စက်ဘီးတွေလမ်းပေါ်စီးနမုင်မယ့် အချိန်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး မဲဆောက်မြို့နယ်အတွင်းလျှပ်စစ်စက်ဘီးတွေ မကြာခဏ မတော်တဆဖြစ်မှုများနဲ့အန္တရာယ်တွေအကြောင်း တိုင်ကြားခံရမှုတွေကြောင့် မဲဆောက်မြို့နယ်အတွင်း လျှပ်စစ်စက်ဘီး တွေသွားလာနိုင်တဲ့အချိန်ကန့်သတ်ချက်မတွေကို ဇူလိုင် ၇ရက်နေ့ ကသက်ဆိုင်ရာ အစိုးရဌာနတွေနဲ့လူမှုအဖွဲ့အစည်း ၂၀က ဥက္ကဋ္ဌတွေပူးပေါင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် စည်ပင်သာယာရေးဥပဒေနဲ့ယင်းရဲ့ပြင်ဆင်ချက်တွေအရ ပုဒ်မ ၅၈၊2535ခုနှစ် အဝေးပြေးလမ်းမကြီးအက်ဥပဒေနဲ့ ယင်းပြင်ဆင်ချက်၊ ပုဒ်မ ၁၅ နှင့် ၄၂တို့အရ မဲဆောက်မြို့နယ်အတွင်း လျှပ်စစ်မော်တော်ဆိုင်ကယ်တွေမောင်းနှင်ရမယ့် အချိန်ကာလကို အောက်ပါအတိုင်း ကန့်သတ်ထားပါတယ်။
၁. အမြန်လမ်းပေါ်မှာလျှပ်စစ်စက်ဘီးတွေအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ အချိန်ကတော့ မနက် ၇:၀၀ကနေမနက်၉:၀၀ ထိ။ ညနေ ၃:၀၀ မှညနေ ၅:၀၀ ထိ အောက်ဖော်ပြပါအချိန်တွေအတွင်း လမ်းမကြီးတွေပေါ်မှာလျှပ်စစ်စက်ဘီးတွေပြေးဆွဲခြင်းကို တားမြစ်ထားပါတယ်။ Somdet Phra Chao Taksin Maharat အဝိုင်းကနေ အမြန်လမ်းမကြီး အမှတ် ၁၂(အာရှလမ်း) – မဲဆောက်ရုံးခွဲ၊ အမြန်လမ်းမကြီး အမှတ် ၁၅(မဲဆောက်-မဲလမာ့ မီးပွိုင့်ကနေ မဲဆောက် စည်ပင်သာယာရေးရုံးရှေ့- We Condo
မဲဆောက်-မဲဆောက်၊ အမှတ် ( ၁၀၉၀ ) (မဲဆောက်-အုန်းဖန်)လမ်းမကြီးမဟာတက်ဆင်အဝိုင်းကနေBeum Yuka ဆိုင်၊ ကူဝိတ်ဗလီမီးနီလမ်းဆုံကမေပတ္တနနခွန်-မဲဆောက်လမ်း၊မဲဆောက်ရုံးခွဲ၊ ထိ ဒါ့ကြောင့် ဒီသတင်းကို သြဂုတ် ၁၉ ရက်- ၂၀၂၅မှာကြေညာတယ်လို့ဆိုပါတယ်။