အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်နေသော “ရွေးကောက်ပွဲ” ဆိုသည့်အပေါ် ကျွန်ုပ်၏ ရပ်တည်ချက်သဘောထားကို လေးစားစွာ (ထပ်လောင်း) တင်ပြအပ်ပါသည်။

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ ဆန့်ကျင်ကြ”

“ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်”

“No Votes Under Guns – Reject the Junta’s Sham”

“Say No, Just Trap
Myanmar’s Sham Election Crap”

ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

══════════════

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာ၏ ထွက်ပေါက်၊ အဖြေ (လုံးဝ) မဟုတ်။

၂။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာ ဖြစ်သည်။

၃။ စစ်အုပ်စု၏ “ရွေးကောက်ပွဲ” ဆိုသည်မှာ ဒင်းတို့အာဏာ သက်ဆိုးရှည်ရေး၊ ဒင်းတို့ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ ဒင်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်သည်။


၄။ ပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်အပြင် စစ်အုပ်စုက နိုင်ငံရေးမှာ ရာသက်ပန် ကြီးစိုးခြယ်လှယ်ဖို့ ခွင့်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်အတွင်ရွေးကောက်ပွဲကျင်းပရန် ကြံစည်ခြင်းကို (လုံးဝ) လက်မခံ။

၅။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာည် (Federal Democracy Charter) တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသော “ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထား” တို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီချက်နှင့် ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်သည်ဟု လေးနက်စွာ ယုံကြည်သည်။

၆။ သို့ဖြစ်သောကြောင့် ယခု အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အဓမ္မ လုပ်ကြံပြင်ဆင်နေသော “ရွေးကောက်ပွဲ” ကို “အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ခြောက်၊ လုပ်ပွဲ” ဟု သတ်မှတ်၊ ခံယူသည်။

၇။ ထို့အပြင် လက်ရှိ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေကြသော ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် အခက်အခဲ၊ အကြပ်အတည်းများစွာ၊ ထည့်ဝင်ပေးဆပ်ရသည့် အရင်းအနှီးများစွာရှိနေသလို တဖက်ကလည်း နှစ်ပေါင်း (၈၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့နိုင်ငံရေးပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည့် အဆုံးသတ်တိုက်ပွဲ၊ အခွင့်အလမ်းဟု အပြည့်အဝ ယုံကြည်သည်။

၈။ သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ “တရားမဝင်၊ အတုအယောင် ‌ရွေးကောက်ပွဲ” (ဝါ) “လုပ်ပွဲ” ကို ပြည်သူလူထုတရပ်လုံးနှင့်အတူ ပြည်သူ့အားဖြင့် အကြွင်းမဲ့ ဆန့်ကျင်၊ တိုက်ဖျက်သွားပါမည့်အကြောင်း ထပ်လောင်း အတည်ပြု ထုတ်ဖော် တင်ပြအပ်ပါသည်။

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ ဆန့်ကျင်ကြ”

“ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်”

“No Votes Under Guns – Reject the Junta’s Sham”

“Say No, Just Trap
Myanmar’s Sham Election Crap”

အရေးတော်ပုံ အောင်ရမည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *