ဇူလိုင်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့သည်ဇူလိုင် ၈ ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင် ဟိုတာ်တွင်တွေ့ဆုံခဲ့ကြပြီး မီတာခအခွန် ကောက်ခံမှုနှင့်ကန့်သတ်ကုန်အကြောင်း နှစ်ဘက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး သိန္နီမြို့ပြန်ပေးရေးကိစ္စအား တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုသွားတာ မရှိဟုကိုးကန့်တပ် – MNDAA နှင့်နီးစပ်သော သတင်းအရင်းအမြစ်က “ဝ” လူငယ့်အသံကို ပြောသည်ဟု Wa News Land က ဇူလိုင်လ ၉ရက်နေ့ကဖော်ပြသည်။ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းအချိန် ၁၀ နာရီတွင် စတင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ “ဆင်နှစ်ကောင် ဟိုတယ်မှာ လုပ်သွားတာ မှန်တယ်။ မနက် ၁၀ နာရီအချိန်က၊ အဓိက လားရှိုးမြို့မီတာခကို ဘယ်သူက ကောက်ခံသွားမလဲ။ နောက်ပြီး ကုန်ကားတွေရဲ့ ကန့်သတ်ကုန်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ တခြားကိစ္စ မြို့နဲ့ဆိုင်တဲ့ ကိစ္စလေတွေလည်း ဆွေးနွေးကြတယ်။ သိန္နီ ကိစ္စတော့ မပါဘူး”ဟုသတင်းရင်းမြစ်ကပြောသည်။ မီတာခ အခွန်များကို နှစ်ဘက်စလုံးက မည်သည့်ပုံစံဖြင့်ကောက်ခံမည်၊ ကန့်သတ်ကုန်များနှင့်ပတ်သက်ပြီး မည်သည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြသည်ဆိုသည့်မေးခွန်းကိုတော့ ၎င်းအနေနဲ့ ဖြေဆိုခြင်း မရှိခဲ့ပါ။ MNDAA ၏ လားရှိုးမြို့တွင်း ကန့်သတ်ထားသော ကုန်နှင့်ပတ်သက်၍ နောက်ထပ်သတင်းအရင်းအမြစ်တစ်ဦးက “ကျွန်တော်မြင်တွေ့ ရသလောက်ဆိုရင် စစ်တပ်ရဲ့ လားရှိုးအဝင်အထွက် သယ်ယူလာတဲ့ ကုန်တွေနဲ့ ပတ်သက်မယ် ထင်တယ်။ လက်နက်တို့ ဘာတို့ဆိုတာ MNDAA က စောင့်ကြည့်နေတာ။ လူစာရင်း၊ အဝင်အထွက်က အစပေါ့နော်။ အရပ်ဝတ်နဲ့ ဝင်ရောက်လာရင်တော့ မပြောတတ်ဘူး။ တခြားကားသမားတွေတော့ ကုန်တွေ ကန့်သတ်ထားတာ မတွေ့ရဘူး”ဟုဆိုသည်။
“ဝ” လူငယ့်အသံမှ စုံစမ်းရရှိထားသည်ဘနှစ်ဘက်တွေ့ဆုံဆွေးနွေးမှု အကြောင်းအရာသည် ကိုးကန့်တပ် – MNDAA ဘက်မှ နီးစပ်သူများဆီကသာဖြစ်ပြီး သီးခြားအတည်ပြုနိုင်ရန်အတွက် ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော စစ်ကောင်စီတပ်ဘက်က တာဝန်ရှိသူမျာယကို ကြိုးစားဆက်သွယ် ခဲ့သော်လည်းလက်ခံဖြေကြားခြင်းမရှိခဲ့ဟုသတင်းကဆိုသည်။ ၎င်းတို့၏တွေ့ဆုံဆွေးနွေးပွဲအပြီး သိန္နီမြို့ပြန်ပေးရန်စစ်ကောင်စီတပ်က တောင်းဆိုချက်ကို MNDAA ဘက်က သဘောမတူပဲ နှစ်ဖက်စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်နေသည့်အကြောင်း မီဒီယာများက ဖော်ပြကြသော်လည်း ဆွေးနွေးမှု ရလဒ်တစ်စုံတစ်ရာကို နှစ်ဖက်လုံးက ထုတ်ပြန်ထားခြင်းမရှိပါ။သိန္နီမြို့ကို စစ်ကောင်စီလက်ထဲ လာမည့် စက်တင်ဘာလတွင်အပြီးပြန်လွဲပေးမည်ဆိုသောသတင်းမှာ ဇွန်လအတွင်းက ပြန့်နှံ့နေခဲ့ခြင်း ဖြစ်သည်။ လားရှိုးမြို့ပေါ်၌ရှိကြသည်ဘဒေသခံ ပြည်သူမျကတော့ လားရှိုးမြို့တိုက်ပွဲ ပြန်ဖြစ်လာမည့်အပေါ် စိုးရိမ်နေကြကြောင်း သိရှိရသည်။ ကိုးကန့်တပ်မတော် – MNDAA ကလားရှိုးမြို့ကို ဧပြီလ (၂၂ ) ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီလက်ထဲ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိလားရှိုးမြို့အဝင် AD တံတားနှင်ဘအထွက်မယ်ဟန်ဘက်တွင် MNDAA တပ်က ဂိတ်ချစခန်းထိုင်ပြီး မြို့တွင်းထဲတွင်တော့ စစ်ကောင်စီတပ်နှင့်ဌာနဆိုင်ရာများဖြစ်သောရဲ၊ လဝကနှင့်ယာဥ်ထိန်းရဲများကို တွေ့ရှိရသည်ဟုဆိုသည်။