ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံတွင် စစ်တပ်ကလုပ်မည့် အတုယောင် အထွေထွေရွေးကောက်ပွဲနီးကပ်လာချိန်မှာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အာဇာနည်နေ့နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခဲ့သည်။
လူအများကရွေးကောက်ပွဲမှ၎င်း၏ အာဏာကို တရားဝင် ရယူမည်ဟု မျှော်လင့်ထားသော်လည်းဆန့်ကျင်သူများက အတုအယောင်အဖြစ် ရှုတ်ချခဲ့ကြသည်ဟု Yahoo သတင်းကဇူလိုင်၁၉ရက်တွင်ဖော်ပြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် အများစု လုပ်ကြံခံရသည့် နှစ်ပတ်လည်နေ့တွင် ရန်ကုန်မြို့၌ လွမ်းသူ့ပန်းခွေချ အခမ်းအနား ပြုလုပ်ခဲ့သည်။